ဆူးနစ်လေသော
Unicode:;
Part-25ဒီနေ့ အဖေခရီးသွားသည်လေ
ထို့ကြောင့် ခါတိုင်နိုင်စားနေကြ မိထွေးကတော့ ပျော်နေဦးမှာပေါ့ အဖေရှိလျှင်လည်း အကူအညီတော့မရပါ မုန်းကို ကာပြောပေးဖို့နေနေသာသာ ပိုရိုက်ရန်မပြောသွားသည်မှာ ကံကောင်းဟုပင် ပြောရလောက်နိုင်သော အဖေမျိုးဖြစ်သည်။ သို့ပေမယ့်လဲ သူ့ ရှိနေလျှင် အနည်းဆုံးတော့ မနက်စာစားရသေးသည်။ စောစောထ၍ သန့်ရှင်းရေး လုပ်စရာမလိုချေ။ အဖေ ခရီးသွားသောနေ့များတွင်တော့ မုန်းနဲ့ မနက်စာဆိုတာ မအပ်ဆပ်သော အရာပင်ဖြစ်သည်။ အခုလဲ"ဟဲ့ မုန်းဆက်တည် နင်ကျောင်းသွားချင်သေးရင် ထပြီး အလုပ်လုပ် မအေးတို့ကို ဝိုင်းကူ
အလကားနေ အလကားစားမနေနဲ့ "အခုလဲ မနက်နေရောင်တောင်မမြင်ရသေးတဲ့ အချိန်ကတည်းက အခန်းတံခါးကို လာခေါက်ပြီလေ
ကျွန်တော့်မှာ ပြန်ပြောနိုင်စွမ်းမရှိပါချေ ။ချက်ချင်းမျက်နှာ သစ်သွားတိုက်ပြီး အောက်ကို ချက်ချင်းဆင်းကာ အိမ်အလုပ်များဝိုင်းကူရသည်လေ အရင်ဆုံး အိမ်ကို ဖုန်တစ်စက်မှမကျန်အောင် လိုက်သုတ်ရပါသည်။ ဖုန် တစ်စက်လေးတွေ့သည်နှင့် သစ်သားပေတံက ကျွန်တော့်ကို အရံသင့်စောင့်ကြိုနေသောကြောင့်ဖြစ်သည်။ ပြီးရင်တော့ ခြံထဲက သစ်ရွက်ခြောက်တွေကို တံမြတ်စည်းလိုက်လှည်းရသည်။ ထိုအရာက မနက်တစ်ကြိမ် ညတစ်ကြိမ် သစ်ရွက် ရှိရှိမရှိရှိ လုပ်ခိုင်းေသာအမှုဖြစ်သည်။ ပုံမှန် အိမ်အကူသံုးေယာက်ေလာက်လုပ်တဲ့ဟာကို 2နာရီအတွင်းအပြီးလုပ်ရခြင်းဖြစ်သည်။ အိမ်ကအလုပ်သမားများကလဲ မုန်းကို သနားလို့ ကူချင်သော်လည်း မုန်းကို ကူနေတာ မြင်လျှင် ချက်ချင်း အထုပ်ဆွဲ၍ အိမ်ပေါ်ကဆင်းရသောကြောင့် ဘယ်သူမှ မကူရဲကြပေ။
ထိုအရာများပြီးသည်နှင့် မနက်8နာရီရှိပါပြီ ။ ကလေးတစ်ယောက်ရဲ့ အင်အားနဲ့ ထိုအရာများကို ထောင့်စေ့အောင် လုပ်ရသည်မှာမလွယ်လှပါ။
ကျွန်တော်က ချွေးတွေစိုနေသော်လည်း ဒေါ်သန္နာမြင့်မိုးနှင့် သူမ၏သား အာဏာမြင့်မြတ်ကတော့ အခုမှ နိုး၍ အောက်ကို ဆင်းလာကြပါပြီ ။ သူတို့ စားပွဲမှာထိုင်သည်နှင့် မအေးတို့ ပြင်ဆင်ထားသော ကော်ဖီနှင့်မုန့်ကို ပြင်ဆင်ပေးကသည်သာ
ထိုသားအမိကတော့ စားပွဲမှာ အေးဆေးစားနေသော်လည်း ကျွန်တော်ကတော့ ထိုင်ခုံတွင်တောင် ထိုင်ခွင့်မရှိပါ။သူတို့ကျောင်းသွားဖို့ အိမ်ကထွက်ပြီးမှသာ ကျွန်ဝောာ်က ထွက်ဖို့ပြင်ရသည်သာ
YOU ARE READING
ဆူးနစ်လေသော
Romanceဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......