အပိုင်း-40

151 9 0
                                    

ဆူးနစ်လေသော
Unicode:;
Part-40

အာဏာတစ်ယောက် ရုံးက အပြန်  လုံခြုံရေးဦးလေးဆီက ပါဆယ်တွေကို ယူနေခြင်းဖြစ်သည်။ အလုပ်သွားဖို့ နီးရန်အတွက်နဲ့ အိမ်မှာ မနေတော့ဘဲ တိုက်ခန်းကို ပြောင်းလာသည်မှာ နှစ်လလောက်ပင်ရှိတော့မည်။  ကိုယ့်လိုချင်သ‌ေလာက်မေတ္တာမပေးနိုင်တော့သည်ကို လက်ခံလိုက်ပြီး လွှတ်ချနိုင်ခဲ့ခြင်းပေါ့ ။ အခုလဲ အေးချမ်းပါတယ်‌လေ ဘယ်သူမှမရှိတဲ့ အခန်းလေးထဲမှာ သူ့ရဲ့ အငွေ့အသက်‌ေ‌တွနဲ့ ကျွန်တော်ပေါ့။ အခုလဲ ပါဆယ်တစ်ထုပ် အမြဲ အနီရောင်ပတ်ထားတဲ့ တစ်ထုပ် သူမရှိတဲ့ နောက်ပိုင်း အဲ့ဒီရက်ဆို ရောက်လာတတ်တဲ့ အထုပ်နီလေး ။ ဘယ်သူပို့လဲ ဆိုတာတော့ သိနေပေမယ့်လည်း ဘာမှတော့ မလုပ်ချင်ပါ။ အမှန်ဆို ကျေးဇူးတင်တယ်ပြောရမလား အမြဲအမှတ်ရစေလို့ပေါ့။ တိုက်ခန်းထဲကို ဝင်ပြီး အမြဲသော့ခတ်ထားတဲ့ ဘယ်ဘက်ထောင့်က အခန်းငယ်လေး ။ သူ့အတွက် လုပ်ထားပေးပေမယ့်လဲ အမြဲ ဝင်ရမှာ ကြောက်ရွံနေတတ်တဲ့ အခန်းပေါ့။ ကိုယ်ကိုယ်တိုင် ဖန်တီးထားပါလျှက် ဝင်ရမှာကတော့ ယခုထိတိုင် ခက်ခဲဆဲပင်။ ဒီနေ့တော့ ဒီအခန်းလေးထဲကို ပြန်ခြေချမည့်နေ့ပေါ့ ...

အခန်းတံခါးရဲ့ လက်ကိုင်ဘုကို ကိုင်ဖို့ပင် မဝံ့မရဲ။ ဖြည်းညှင်းစွာ အခန်းတံခါးကို ဖွင့်လိုက်တော့ မှောင်မဲနေသော အခန်းကကြိုဆိုလျက်။ တံခါးဘေးက ခလုတ်ကို နိုပ်လိုက်တော့ ထွက်ပေါ်လာတဲ့ အဝါရောင် မှိန်ပြပြ‌အရောင်လေး။ ဝင်ဝင်ချင်းမြင်လိုက်ရတဲ့ အမဲရောင်ပိတ်စဖုံးထားသော ဓါတ်ပုံဘောင်တစ်ခု။ ပိတ်စအမဲကို တစ်ဖြည်းဖြည်းချင်းဆွဲချလိုက်တော့ ပိတ်စလေးက ကြမ်းပြင်‌ေပါ်အပုံသားလေး။

အာဏာရဲ့ မျက်လုံးတို့ကိုတော့ ထိုဓါတ်ပုံထဲက လူသားလေးကစိုးမိုးလို့ပေါ့။ တစ်ဖြည်းဖြည်း နှုတ်ခမ်းအစွန်းနှစ်ဖက်က ကော့ညွှတ်လာပြီး

"မတွေ့တာကြာပြီနော် မိုးလေး"

အသက်မဲ့သော ဓါတ်ပုံထဲမှ ဖြူစင်စွာပြုံးရယ်နေသော ကောင်လေးကတော့ ပြန်ဖြေနိုင်စွမ်းမရှိခဲ့။

"ဒီနှစ်လဲ မင်းသူငယ်ချင်းက ကိုယ့်အတွက် လက်ဆောင်ပို့လိုက်တယ်  ခါတိုင်းလိုပဲ မင်းဆွဲခဲ့တဲ့ ကိုယ့်ရဲ့ပုံတူ ပြီးတော့ killerဆိုတဲ့ စာတန်းလေးနဲ့ စာရွက်လေးကော "ဟု ဆိုကာ အသက်မဲ့နေသော ဓါတ်ပုံဘက်သို့ ပါဆယ်ထုပ်လေးကို ထောင်ပြလိုက်ပြီး

ဆူးနစ်လေသောDonde viven las historias. Descúbrelo ahora