အပိုင်း-54

200 9 0
                                    

ဆူးနစ်လေ‌သော
Unicode':;
အပိုင်း-54

"အရာအားလုံးရဲ့ အဆုံးမှာ ငါ အဆင်ပြေနေလေ‌မလား"

တစ်ခွန်း ညီးညူပြီး မျက်နှာကို ဖြတ်သန်းသွားသော လေပြည်ညှင်းများကို ခံစားနေလိုက်သည်။ မလာနိုင်တော့သော ဆုံးရှုံးသွားခဲ့သော လူတစ်ယောက်ကို မျှော်နေမိရင်း အရာအားလုံးကို အဆုံးသတ်ခြင်းစိတ်က တစ်ဖွားဖွား။ လေထုကို ထိုးခွင်းပြီး ထွက်ပေါ်လာသော ဖုန်းသံကို လျစ်လျူရှူလိုက်သော်လဲ နောက်တစ်‌ေခါက်ထွက်ပေါ်လာသော ဖုန်းသံကြောင့်

" အော် အသဲကွဲတာတောင် အေးဆေးမနေရပါလား ကံကြမ္မာရယ် "

ရင်းနှီးသော  ဖုန်းနံပါတ်ကြောင့် ကိုင်သင့်မကိုင်သင့် ဆုံးဖြတ်လိုက်ပြီး ချပြစ်လိုက်ရန် ရည်ရွယ်လိုက်သော်လည်း အကြောင်းပြချက်မရှိ  ရင်လေးနေသောကြောင့် ကိုင်လိုက်တော့

"ဟယ်လို "

"ဟုတ်ကဲ့ရှင့် **ဆေးရုံကပါ လူနာရဲ့ ဖုန်းရဲ့ contactထဲတွေ့လို့ပါရှင့် "

လူနာ ဘယ်ကလူနာလဲ

" ဘယ်..ဘယ်လူနာလဲ မသိဘူးနော် "

" အခုဖုန်းပိုင်ရှင်ပါရှင့် ကားအက်စီးဒန့်ဖြစ်လို့ အရေးပေါ်ခန်းထဲ ရောက်နေလို့ပါ အဲ့တာလေး အကြောင်းကြားပေးတာ "

ကြားလိုက်ရသော စကားက ကမ္ဘာတစ်ခုလုံး ပြိုကျသွားသလိုပင်။

"ဟုတ် ဟုတ်ကဲ့ ကျွန်တော် အခုချက်ချင်းလာခဲ့မယ်"။

တုန်နေသော အသံနှင့် ခန္ဓာယ်ကို ထိန်းချုပ်ပြီး ချက်ချင်းဆင်းလာပြီး အောက်မှာ အသင့်ကြုံနေသော ငထွန်းကို ကားသော့ပေးပြီး  လိုက်ပို့ရန်သာ ပြောနိုင်တော့သည်။  လူက သောက်ထားသည်က တစ်ကြောင်း သတင်းကြောင့်တုန်လှုပ်နေသည်က တစ်ကြောင်း ကြောင့် ကားမောင်းရန် အဆင်မပြေသောကြောင့်သာ အကူအညီတောင်းရခြင်းဖြစ်သည်။

ဆေးရုံရောက်သည်နှင့် receptionကို ချက်ချင်းသွားလိုက်ပြီး

"လူကြီး မဟုတ် ငြိမ်းမင်းသူရ ဘယ်မှာလဲ မသိဘူး"

"ဘယ်သူ အော် ခုနက အက်စီးဒန့်လား
အခု operation roomထဲမှာ "

စကားဆုံးအောင်မစောင့်တော့ဘဲ  လက်ညိုးညွှန်ရာကိုသာ သွားလိုက်တော့သည်။
စစောင့်တုန်းကတော့ တစ်ယောက်ထဲ ဆိုပေမယ့် ခုနနေတော့ ကိုထက်ယံနဲ့ အမာန်ရောက်လာလေသည်။ အမာန်ကတော့ ကျွန်တော့်နားမှာပဲ အားပေးနေပေမယ့် ကိုထက်ယံတော့ လူကြီး၏မိဘတွေကို အသိပေးနေသည်ထင်ပါသည်။ ခုနအကြာတွင် လူကြီးမိဘတွေက စေ့စပ်ပွဲက အဝတ်အစားများနှင့်သာ ရောက်လာကြသည်။ သူတို့ရဲ့ သတို့သမီးလောင်းလေးတော့ မပါလာခဲ့ချေ။ သူတို့ရောက်ရောက်ချင်း ကျွန်တော့်ကိုကြည့်နေသည်ကို သိသော်လည်း ပြန်လည် ကြည့်ပြီး လောကွတ်လုပ်နေဖို့ စိတ်ကပါမနေ။ အခုအချိန် စိတ်ရော ဦးနှောက်ရော တစ်ခုလုံးသည် လူကြီးဆီမှာသာဖြစ်သည်။ လူကြီးဘေးကင်းမှဖြစ်မည် မဟုတ်လျှင် ကျွန်တော် လဲသွားလောက်မည်။ အမာန်ကတော့  ဆေးသတ္တာတောင်းလာပြီးကျွန်တော့်လက်ကို ဆေးစီးပေးနေခဲ့သည်။ အမာန် ဆေးသတ္တာ ပြန်သွားပေးသည့်အချိန်တွင် ဦးငယ်က ဘေးနားလာထိုင်ပြီး

ဆူးနစ်လေသောOnde histórias criam vida. Descubra agora