ဆူးနစ်လေသော
Unicode:;
Part-19
ငယ် ငိုတာ တိတ်သွားတော့ ကောင်းကင်က အမှောင်အတိ
နာရီတစ်ချက်ကြည့်တော့ 9နာရီတောင် ထိုးနေပါပြီ"ငယ် မိုးလည်းမှောင်နေပြီ ကိုယ့်အဖြေကော "
"ဒီလောက် ဘဝအကြောင်းတောင် သိပြီပြီးကို ဘာအဖြေလဲ "မျက်တောင်မှာ ခိုတွဲနေဆဲ မျက်ရည်ဥတွေ နီရဲနေတဲ့ နှာခေါင်းလေးကတော့ အသဲယားစရာပင် ထို့ကြောင့် စချင်စိတ်က ထိန်းမရ
"ငယ်ကလဲ အာ့တာဘာဆိုင်လို့လဲ ငယ်ပြောချင်လို့မဟုတ်ဘူးလားလို့ ကိုယ်သိချင်တာက ငယ် ကိုယ့်ကို...."ပြောလဲပြော လက်ညိုးကလဲ ငယ့်ရဲ့ ခါးအောက်သို့
"ခိ ခိ ခိ တော်ပြီ ယားတယ်
လူက အကောင်းပြောနေတာကို လာစမနေနဲ့ "
""အဲ့ဒီတော့ ကျွန်တော်အဓိက ပြောချင်တာက ကျွန်တော့်အမေက သာမာန်မိန်းမတွေနဲ့မတူဘူး ကျွန်တော့်မှာ family caseရှုပ်ထွေးတယ်ပြော
အာ့လိုဆိုရင်ရော ခင်ဗျား ကျွန်တော့်ကို ချစ်ရဲသေးလား"
ကိုယ့်အချစ်ကိုများ မယုံသင်္ကာငယ်ရယ်
"ဒီမှာ ငယ် ကိုယ်ချစ်တာက ငယ့်ကို ငယ့်အမေကိုလဲ မဟုတ်သလို ငယ့်မိသားစုကိုလဲမဟုတ်ဘူး
ပြီးတော့ ကိုယ်ကလဲ ဒီတစ်ခေါက်တော့ တွဲပြီးသားလက်ကို ဘယ်တော့မှ ဘာအကြောင်းကြောင်းနဲ့မှ ပြန်ဖြုတ်မှာမဟုတ်ဘူး ဟုတ်ပြီလား"
ကျွန်တော်ပြောတာကို နားထောင်ပြီးပြုံးဖြီးနေသော ငယ့်ကို ကြည့်ခြင်းဖြင့် ကျွန်တော့်အဖြေ ကို ဘယ် လိုတောင်သဘောကျမှန်းသိသာစေပါသည်။
"အဲ့တော့ ဘယ်မှာလဲ ကိုယ့်အဖြေ ..."
လက်ဝါးလေးဖြန့်ပြီး ပြောလိုက်တော့ ငယ်ကချက်ချင်းပင်ခေါင်းငြိမ့်တော့မည့်ဆဲဆဲ
"နေပါဦး အခု ဘယ်အချိန်လဲ "
အော် ငယ်က အချိန်တွေ မှတ်ပြီးတောင် အဖြေပေးမလို့ကို လို့တွေးပြီး"၉ခွဲလေ ငယ်ရဲ့ ဘာလို့လဲ "
"ကျွန်တော် ဒီနေ့ကို first dayမလုပ်ချင်ဘူး စိတ်ညစ်စရာတွေ မျက်ရည်တွေနဲ့ အဲ့ဒီတော့ မနက်ဖြန်မှ အဖြေပေးမယ်လေ "
YOU ARE READING
ဆူးနစ်လေသော
Romanceဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......