ဆူးနစ်လေသော
Unicode:;
Part-15တစ်မနက်ခင်းလုံး မိုးဦးတို့ မိသားစုကိစ္စဖြင့် အလုပ်ရှုပ်နေသောကြောင့် ဟိုလူကြီးနဲ့ ချိန်းထားသည်ကိုမေ့သွားမိရာ ချက်ချင်းပင် ဖုန်းကိုပြန်ကြည့်တော့ ဖုန်းရဲ့ call listတွင်တော့ နီနီရဲရဲပင် အားနာစွာ ဖုန်းပြန်ခေါ်တော့ တစ်ဖက်က စိုးရိမ်သည့်အသံကြောင့် ပိုလို့ပင် စိတ်မကောင်းမိ
"Sorryပါဗျာ ကျွန်တော် ကိစ္စလေးရှိလို့ ခင်ဗျားနဲ့ ချိန်းထားတာကို မေ့သွားတာ အခုရော ခင်ဗျားရှိနေသေးလား ကျွန်တော်လာခဲ့မယ်လေ ...."
တစ်ဖက်တွင်တော့
"ကိုယ် ခုထိရှိနေသေးတယ် ငယ် ..
ငယ်လာမဲ့အချိန်ကို ကိုယ်စောင့်နေတာ ...."ပြန်လည်ဖြေကြားလာသော တစ်ဖက်က လူကြီးစကားကြောင့် သူစောင့်နေရမည့်အချိန်ကိုေတွးမိကာ ဝမ်းနည်းမိသွားသော်လည်း ကိုယ်လာမည့်အချိန်ထိစောင့်ပေးမယ့် လူတစ်ယောက်ရှိကြောင်း သိရတော့လဲ စိတ်ထဲတွင်တော့ ကြည်နူးမိပြန်သည်
"Okလေ ကျွန်တော် အခုချက်ချင်းပဲလာခဲ့မယ် ခင်ဗျား ပုစိလေးပဲ ခုနစောင့် "
ဝမ်းနည်းနေသည်များကို အရှိန်သတ်ကာ ကျွန်တော့်ကို စောင့်မျှော်ပေးနေသော လူတစ်ယောက်ဆီသို့.......
ကော်ဖီဆိုင်လေးထဲရောက်လာတော့ လူတစ်ယောက်ကလဲ ထိုလူကြီးရှေ့တွင်ထိုင်နေရာ သူတို့ရှေ့ရောက်ရောက်ချင်းပင်
"ငယ် ...လာပြီလား
လာ ကိုယ်မိတ်ဆက်ပေးမယ် "ပျော်ပျော်ရွှင်ပြောနေသော်လည်း လူကြီးရဲ့ မျက်လုံးများက သိသိသာသာနွမ်းလျစွာ
နီးစပ်ရာ လူကြီးဘေးဝင်ထိုင်လိုက်တော့ ဆက်၍ပင်မိတ်ဆက်ပေးတော့
"ဒါ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်း ထက်ယံတဲ့ ကိုယ်တို့က stateကျောင်းကတည်းက ပေါင်းလာတာလေ အခုထိပဲဆိုပါတော့ "သူကတော့ ပြောနေပေမယ့် မုန်းစိတ်ထဲတွင်တော့ ထိုနာမည်ကိုကြားဖူးနေေသာေကြာင့် စဉ်းစားကြည့်တော့မှ ဟိုရန်သူတော်ကြီးနဲ့ မိမိချစ်ရသူကို သိကျွမ်းခဲ့ရခြင်း၏ အကြောင်းအရင်းဖြစ်နေတော့ စိတ်ထဲတွင်တော့ အခဲမကြေနိုင်စွာ သို့သော်လည်း မိမိကို လက်ညိုးတစ်ထိုးထိုးနဲ့
BINABASA MO ANG
ဆူးနစ်လေသော
Romanceဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......