အပိုင်း-39

139 8 0
                                    

ဆူးနစ်လေသော
Unicode:;
Part-39

မျက်ရည်ထိန်းမရနိုင်စွာ  ဖြစ်နေတဲ့ငယ့်ကို ဘယ်လိုဖြေသိမ့်ရမှန်းမသိခဲ့ပါ။ ငယ်ရဲ့ပြောစရာမျပြီးဆုံးသွားသည့်နောက် တိတ်ဆိတ်နေသော စားပွဲဝိုင်းလေးကို ကယ်နိုင်သူမှာ နတ္ထ။ ကျွန်တော်လဲ ကျွန်တော့်အတွေးတွေနဲ့ ရစ်ဝဲနေသလို စားပွဲဝိုင်းက ကျန်လူသံုးယောက်စလုံးကလည်း ကိုယ့်အတွေးကိုယ်စီနဲ့   ငြိမ်သက်နေကြသည်လေ။ ထိုသည်မှ ကောင်းထက်ကပင်
"မင်းတို့ငါ့ကို နည်းနည်းလောက် အသိပေးခဲ့ဖို့ ကောင်းပါတယ်ကွာ ကိုယ့်သူငယ်ချင်းသေဆုံးခြင်းရဲ့ နောက်ကွယ်က အကြောင်းပြချက်ကို သုံးနှစ်နေမှ သိရတဲ့ ငါက ဟာသကြီးလား"ဟု ပြောကာ မျက်ရည်တွေကျဆင်းနေသော  ကောင်းထက်မာန်တစ်ယောက်ကိုလဲ ထက်ယံက နှစ်သိမ့်ပေးနေလေရာ ကျွန်တော်ကလည်း ကျွန်တော့်ငယ်ကို ဘယ်လိုများ နှစ်သိမ့်ပေးရပါ့မလဲ ။

"မင်းမိဘတွေနဲ့တောင် ပူလောင်နေတဲ့ မင်းကို ငါက ဘာလို့များ ပြောပြရက်ပါ့မလဲ ငါလဲ မင်းကိုပြောပြပြီး ရင်ဖွင့်ပြီး တိုက်ပင်ချင်တာပေါ့ ငါတစ်ယောက်ထဲ အားလုံး ထမ်းထားခဲ့ရတာ ဘယ်လောက်ပင်ပန်းမယ်ထင်လဲ  

ဒီကြားထဲ နှစ်‌ယောက်ထဲရှိပါတော့တယ်ဆို မင်းကထွက်သွားတော့ ငါဘယ်လိုများနေခဲ့ရလဲ မင်းသိလား" နောက်ဆုံးတော့ ပေါက်ကွဲထွက်လာတော့ ငယ့်ရဲ့ စကားသံများ အခြေအနေက ပြောင်းပြန်ဖြစ်သွားသော စကားဝိုင်းပင်။ ကောင်းထက်ဘက်ကို နားလည်နိုင်သလို ငယ့်ဘက်က ပင်ပန်းရခြင်းကိုလည်း  နားလည်နိုင်ပါသည်။

ကျွန်တော့်ငယ် တကယ်ကို ပင်ပန်းခဲ့ရပါပြီ။  သုံးနှစ်ကြာမှ ပြန်ဆုံသော သူငယ်ချင်းနှစ်ယောက်ရဲ့ စကားဝိုင်းလေးက ထိုနေရာတွင်သာ အဆုံးသတ်ခဲ့သလို နှစ်ယောက်ကြားက ကြိုးအထုံးလေးလည်း ပြေနိုင်ကောင်းပါရဲ့ ။

__________________________

"ငယ် ကိုယ်မသိတာ ဘာရှိသေးလဲဟင်"

ကျောင်းပိတ်ရက်ဖြစ်သိအ‌ေလျှာက် ငယ့်တိုက်ခန်းကိုလာပြီးကုန်ဆုံးရာ အခုငယ်က စားပွဲမှာစာရင်းဇယားတွေ လုပ်နေပြီး ကျွန်တော်ကတော့ ခုံပေါ်မှာ ထိုင်ကာ မေးနေခြင်းဖြစ်သည်

ဆူးနစ်လေသောHikayelerin yaşadığı yer. Şimdi keşfedin