အပိုင်း-2

472 8 0
                                    

ဆူးနစ်လေသော

Unicode::

Part- 2

သူများတွေအတွက်တော့ Happy New Yearအော်ရင်း ပျော်ရွှင်နေကြချိန် မပျော်ရွှင်နိုင်သူမှာ မုန်းဆက်တည် ဆိုသော ကျွန်တော်ရယ်ပါ ထိုခြံဝက ထွက်လာကတည်းက ချုပ်တည်းထားသောမျက်ရည်များက ပြိုးပြိုးပါက်ပေါက် တင်းခံထားသော ခြေထောက်နှစ်ချောင်းမှာလဲ ယိုင်နဲ့နဲ့  ဘယ်လောက်မုန်းပါတယ်ပြောပြော ထို လူသားဆီမှ ကြင်နာမှုမဟုတ်‌ေတာင် ကိုယ်ချင်းစာတရ‌ားလေးကိုတော့ မျှော်လင့်တတ်တဲ့ ကိုယ့်ကိုသာအပြစ်တင်ရမလို ..

ရင်ထဲက တစ်ဆစ်ဆစ်ဒုက္ခပေး‌ေနတဲ့ နာကျင်မှုတွေ မဖြစ်နိုင်တော့တဲ့မျှော်လင်ချက်တွေကိုရိုက်ချိုးရင်း ကိုယ့်ကိုကိုယ် ဒဏ်ရာပေးခြင်းအမှုကိုစတင်ကာ   အပြစ်မရှိရှာသော ကားလေးကို  လီဗာအကုန်တင်ပြီး လမ်းရှင်းသော လမ်းမထက်တွင် ရမယ်ရှာလိုက်ပါတော့တယ်

ပတ်ဝန်းကျင်တွင်တော့ အုန်းဆိုသောအသံတစ်ခုသာ  ကြီးစိုးလျှက်........

______________&___________

မိမိတို့ မိသားစုသုံးယောက် လူစုံချိန်မှာ အလွန်ရှားပါးသောကြောင့် နှစ်သစ်ကူးတွင် မိသားစုသုံးယောက်စုံရင်း ထမင်းလက်စုံစားရန်သားတော်မောင်ကို လာကြိုခိုင်းခဲ့ရလေသည်
စကားလေးတစ်ပြောပြောဖြင့် သားအမိနှစ်ယောက် အပြုံးပန်းတွေဝေရင်း လမ်းခုလတ်‌အရောက်တွင် မြင်လိုက်ရသောမြင်ကွင်းမှာ အငွေ့တထောင်းထောင်းထနေသော ကားနီလေးတစ်စီးက ဘာအပြစ်မှမရှိရှာသော သစ်ပင်တစ်ပင်နှင့် ရန်ဖြစ်ထားသယောင်....

ဆရာဝန်တစ်ယောက်ဖြစ်သော ဒေါ်သစ္စာမေတစ်ယောက်ကတော့ လျစ်လျူမရှူနိုင်စွာ ကားပေါ်ကဆင်းရင်း

"ဒီခေတ်လူငယ်တွေများနော် နှစ်သစ်ကူးဆိုတာနဲ့  ပျော်မယ် ပါးမယ် သောက်မယ် စားမယ်နဲ့ လာမဲ့ဘေးကိုမမြင်ကြဘူး ခတ်ပါတယ်ကွယ်"

"ဟုတ်ပါပီ အမေရယ် အခုတော့ ကားထဲက လူကို တစ်ချက်သွားကြည့်ကြရအောင်ပါ"

ဟုသာ ငြိမ်းမင်းသူရ တစ်ယောက်  အမေဖြစ်သူကိုပြောရင်း ကားကို လမ်းဘေးတစ်နေရာတွင်သာ ထိုးရပ်လိုက်လေသည်။
ခေါင်းမှသွေးတစ်စက်စက်ကျနေသော အနှီကောင်လေးကိုကြည့်ကာ
"အော် ဒီကလေး ခေါင်းပေါက်သွားတာပဲ သား‌ေရ ကားအပြင်ထုတ်ပါကွယ့်"
ဆိုသောမာတာမိခင်စကား
သံကြောင့် ထိုကောင်လေးကို ဆွဲထုတ်ရင်း 

ဆူးနစ်လေသောDonde viven las historias. Descúbrelo ahora