အပိုင်း-24

133 8 0
                                    

ဆူးနစ်လေသော
Unicode:;
Part-24

ခေါင်းမ‌ေမာ့လာသော်ငြားငယ့်ရဲ့ တိုးလျသော အသံလေးက ‌ကျွန်တော်တို့လေးယောက်ကြားထွက်လာလေတော့ ဘယ်သူမှ ဘာမှမပြောနိုင်ဘဲ နားထောင်ရတော့သည်သာ

""ငယ်ပြောတယ်လေ ငယ်အမေဆုံးတော့ အဘွားတို့နဲ့ တစ်နှစ်နေပြီး အဖေရှိတဲ့ဆီပြန်ပြောင်းရတယ်လေ။ အိမ်ပြောင်းရတာနဲ့အတူတူ ကျောင်းလဲပြောင်းခဲ့ရတယ် ။ အဲ့ဒီမှာဘဲ သူတို့နဲ့တွေ့ခဲ့တာ ""

"မင်းအကြောင်း ဘယ်သူနားထောင်ချင်လို့လဲ "ဟု ရှေ့မှထိုင်နေတဲ့ ကောင်းထက်က ဘုဆက်ဆက်ထပြောတော့  ခဏရပ်ပြီး ပြန်ပြောရာ

"အဲ့ဒီမှာ....................."

(အတိတ်နေ့များဆီသို့)

အခန်းထဲဝင်ဝင်ချင်း‌ မကြားချင်မှအဆုံးပြောနေကြသော တီးတိုးသံများ

"အဲ့ဒီကောင်အမေက မကောင်းတာ လုပ်စားတဲ့ ဟာမလေ "
"ပြီးတော့ Aကိုက်သေတာတဲ့ "
"ငါ့အမေကပြောတယ် သူနဲ့မပေါင်းနဲ့တဲ့ ရောဂါတွေကူးမယ်တဲ့"
"ဒါပေမယ့် သူ့အဖေက ရေအတော်ရှိတာဆို"
"အဲ့တာများ ငါတို့လည်းမရှိတာကြလို့"
"ဟုတ်ပ ဟုတ်ပ ဘာလေးမှန်းကိုမသိဘူး ရုပ်ကိုက "
"ဟုတ်တယ် အနံ့ကလည်း။ဆင်းရဲသားအနံ့ကြီးကျ‌ေနတာဘဲ "
"ငါ့ဘေးမှာ လာထိုင်မှာ ရောဂါကူးကုန်ရင် ဘယ်လိုလုပ်ရပါ့မလဲ "

ကျောင်းသူ ကျောင်းသားများရဲ့ အတင်းအဖျင်းများပင် မုန်းမှာ ပြန်ပြောဖို့ သတ္တိအလုံအလောက်မရှိပါ ယခင်ကျောင်းကအတိုင်းသာဆိုလျှင် ပွဲကြမ်းမိမှာ ဆိုပင်မယ့်လည်း အခုက သူဒဏ်ရာရလျှင် ဆေးထည့်ပေးနေကျ အမေမရှိတော့
အမှန်ဆို မုန်း သိမ်ငယ်လှပါသည်။ ကောင်းကောင်းနေနေတာတောင် အမြဲ ဆူချင် ရိုက်ချင်နေသော မိထွေးနှင့် သူ့သားကြောင့်  ရိုက်ချင်စရာကောင်းတဲ့ အကြောင်းပြချက်တော့ မုန်းမပေးနိုင်ပါ ။ သို့သော်လည်း ခံပြင်းလွန်းလှသည်။ မုန်း ချစ်တဲ့ တန်ဖိုးထားတဲ့သူကို ပြောနေကြတာကို နားနဲ့ဆက်ဆက်ကြားနေရပါလျှက်နဲ့
ဘာမှမလုပ်နိုင်ပါ  မုန်း နှုတ်ခမ်းကို ကိုက်ပြီး  ကျောင်းတက်ခေါင်းလောင်းထိုးရန်သာ ဆုတောင်းနေမိခဲ့သည်။ သို့သော်လည်း အချိန်က ကြာလွန်းလှသည်။  ထိုအချိန်မှာပင်
ခုနက ကျွန်တော့်ဘေးတွင်ထိုင်ရမည်စိုးနေသော ကောင်မလေးကို

ဆူးနစ်လေသောTahanan ng mga kuwento. Tumuklas ngayon