အပိုင်း-36

137 8 2
                                    

ဆူးနစ်လေသော
Unicode:;
Part-36

ဘာလိုလိုနဲ့ မနက်ဖြန်ဆိုလျှင် ဒီနိုင်ငံနေ ထွက်ခွာရတော့မည်။ ဒီ‌နိုင်ငံကနေတောင်မဟုတ် ကျွန်တော်ချစ်တဲ့ လူအားလုံးရဲ့ ဘဝထဲကပါ ထွက်ခွါရတော့မည်။ မုန်းတစ်ယောက် ဆုံနေကြနေရာကို အစောဆုံးရောက်ချင်သော်လည်း လမ်းပေါ်မှ accidentတစ်ခုကြောင့် နောက်ကျနေခဲ့သည်။ အမှန်ဆို ဒီနေ့က မုန်းအတွက် ကံဆိုးတယ်ပြောရမလား တစ်နေကုန် ခလုတ်တိုက်လွန်းလို့ ခြေချောင်းထိပ်လေးတွေပင် နာနေပြီသည်။ တစ်နေ့လုံးလဲ အောက်မျက်ခမ်းစပ်တွေ လှုပ်ကာ လူက နေရတာ ရွင်ရွှင်လန်းလန်းလဲ ရှိမနေ။ တစ်နေကုန် တစ်ခုခုကို ကြောက်ရွံနေသလို တစ်ခုခုက ရင်ထဲတွင် နေရာယူနေသော ခံစားချက်ပင်။ ထိုတစ်ခုခုဆို‌သော အရာကိုလဲ အဖြေရှာ၍ မရ ။  ထွက်သွားရတော့မှာမို့လို့ ဟုသာ စိတ်ထားပြီး အဆင်ပြေအောင်နေနေသော်လည်း ... အခုလဲကြည့် လာတဲ့ လမ်းမှာ accidentနဲ့ကြုံ  ရှောင်မောင်းတော့လဲ မီးပွိုင့်မိတကယ်ကို ပြဿဒါးနေ့ပင်။ ည 12နာရီ  မိုးထက်တို့နဲ့ ကုန်ဆုံးပြီး မနက်မိုးလင်းသည်နှင့် ကျွန်တော် ထွက်သွားရတော့မည်ဖြစ်သည်။

ရောက်သွားတော့ တစ်ယောက်ပုခုံး တစ်ယောက်ဖက်နေသော သူငယ်ချင်းနှစ်ယောက်ကြောင့်ညစ်နေသောစိတ်များက အနည်းငယ်ပြေသွားသယောင် သို့သော်လည်း ရင်ထဲတင်းကြပ်မှုက ပို၍ပင်ကြီးထွားလာခြင်းရဲ့ အဖြေကိုတော့ ရှာမတွေ့ 
"မင်းကလဲ ကြာလိုက်တာဟာ 12ထိုးပြီးတာနဲ့ ငါဆေးရုံပြန်သွားရမှာနော် မင်းပြန်လိုက်ပို့"ဟု အမာန်က ခရီးဦးကြိုစွာပြောလာသောကြောင့်

"အေးပါကွာ ငါက မင်းရော မိုးထက်ကောကို အိမ်ပြန်ပို့ပြီးမှ ပြန်မှာ ဟုတ်ပြီလား"နောက်ဆုံးအနေနဲ့တော့ မင်းတို့အိမ်ကို ပြန်ပို့ပေးခဲ့ချင်ပါသေးသည်။

ထူးခြားတာက‌ ခါတိုင်းသုံးယောက်ဆုံလျှင် စကားအပြောဆုံး သာလိကာက ငြိမ်နေခြင်းသာ

"မိုးထက် ငြိမ်လှချည်လား"ဟု မေးလိုက်တော့ အဖြေတော့ပြန်မလာ ပြုံးပဲပြလာလေသည်။ 12ထိုးမဲ့ တစ်‌ေလျှာက်လုံး ဘာစကားမှဟုတ်တိပတ်တိမ‌ေပြာဘဲ တစ်ချက်တစ်ချက်မှ အရင်ကအကြောင်းလေးတွေ ဝင်ပြောလေသည်။ တစ်ချိန်လုံးနီးပါး ကျွန်တော်တို့နှစ်ယောက်ကို တစ်ယောက်စီ ကြည့်နေသော မိုးထက်ကတော့ ထူးဆန်းစွာပင်။ မနေနိုင်‌တော့သော အမာန်ကပင်

ဆူးနစ်လေသောDonde viven las historias. Descúbrelo ahora