အပိုင်း-17

166 9 0
                                    

ဆူးနစ်လေသော

Unicode:;
Part-17

ပြောချင်ရာပြောပြီး ဖုန်းချသွားသော တစ်ဖက်က ငယ့်ကြောင့် ကြားလိုက်ရသည်များက ဝါးသဝါးသာ မနက်ဖြန်ညနေချိန်းပြီး နောက်က

//ငယ်ပြောသွားတာက
အဖြေပြန်ပေးမယ်ပြောတာ ဟုတ်တယ်မလား //

စိတ်လှုပ်ရှားမှု အတိဖြင့် ကိုယ့်ဘာသာ စကားပြန်ပြောနေမိရင်း ပျော်ရွှင်နေမိသည်ကို ကိုယ်တိုင်သာသိပါလိမ့်မည်။

ဒီနေ့တော့ နေ့တာက ရှည်လိုက်တာ
ညနေအမြန်ရောက်ဖို့အရေးဆုတောင်းနေသော်လည်း ကြာလိုက်လေခြင်းပင် စာသင်ချိန်‌ေတွကလဲ ရှည်ကြာနေသလို ကျောင်းဆင်းချိန်ကလဲ ရှည်ကြာလှသည်။ ခါတိုင်းအချိန်တော့ ငယ်က မိုးဦးကို ကျောင်းလိုက်ပို့ရင်း တွေ့လို့ရသေးသော်လည်း  မိမိဖွင့်ပြောလိုက်သည့်နေ့ကစပြီး မိုးဦးကိုကေျာင်းလိုက်မပို့တော့ဘဲ သူ့အမဆိုသူသာ ရောက်ရောက်လာသောကြောင့် နေ့တိုင်း မော်ဖူးနေရသော မျက်နာလှလှလေးက ပေါ်မလာခဲ့တော့ပါ။

အမှန်ဆို ထိုတစ်ပတ်လုံးက ငယ်တင်မဟုတ် ကျွန်တော်ကိုယ်တိုင်တောင် ကျောင်းကိုမလာဖြစ်ပေ။ ဦးငယ်ပိုင်တာသာမဟုတ်လျှင် ကျွန်တော်သည် အရင်ကတည်းက ကန်ချခံရမည်သာဖြစ်သည်။ ဦးငယ်လဲ ကျွန်တော့်အခြေအနေကိုသိသည်ထင်ပါတယ်ဗျာ ဘာမှ‌ေတာ့မပြောရှာ။ ကျောင်းသားတွေကြားတော့ သူတို့ရဲ့ စည်းကမ်းရှိလှပါသောဆရာက တစ်ပတ်ကျော်ကျော်ပျောက်သွားသောကြောင့်ပျော်သူကပျော် စိတ်ပူသူကတော့စိတ်ပူလို့ပေါ့။အခုလည်း ပြန်လာသည့်ပထမဆုံးရက်တွင် စိတ်နဲ့လူနဲ့မကပ်သောကြောင့် ပြောစရာတော့ ဖြစ်တော့မည်သာ။

အခုလဲ အတန်းချိန်ပြီးချိန် ဒေါင်ကနဲအချိန်ကတည်းက အခန်းထဲက ထွက်ကာ  ငယ့်ဆီသွားရမည်ဆို‌‌ေသာအသိက ကျွန်တော့်ကိုပျော်ရွှင်စေပါသည်။ငယ်ချိန်းထားသော ဟိုတယ်သို့မောင်းပြီး ရောက်တော့လဲ အရင်တစ်ခေါက်ကလို အကိုလေးမှာထားသည်ဆိုကာ ‌ကားသော့လာယူပြီး

"အကိုလေးမုန်းက ခေါင်မိုးပေါ်မှာပါ "  ‌

ငယ်က ခေါင်မိုးပေါ်ဆိုသောကြောင့် ပျော်နေသောစိတ်တို့ကကို ခဏ ချုပ်တည်းကာ သွားပြီးရောက်တော့ မြင်ကွင်းက ဘေးမှာ alcoholတစ်ဘူးမက ရှိနေပြီး  ကျွန်တော့်ကို ရီဝေသောအကြည့်တို့ဖြင့်  ရီပြရင်းပြီး

ဆူးနစ်လေသောWhere stories live. Discover now