အပိုင်း-8

223 10 0
                                    

ဆူးနစ်လေသော

Unicode:;
Part-8

ကျောင်းရှေ့ရပ်နေသည့်ကား‌နီနီလေးသည် တစ်ခြားကားများနှင့်ကွဲလွဲစွာ ကျွန်တော် လွမ်းနေရသူများဖြစ်နေမလားစိတ်နှင့်  ကျောင်းရှေ့‌ေရာက်လာတော့ အမှန်ပင် သူဖြစ်နေသည်။
ကိုယ့်မှာ တွေ့ချင်လွန်းလို့ မနက်ကျောင်းလာကတည်းက သူ့နေတဲ့ လမ်းဘက် မောင်းလာသော်လည်း မတွေ့ခဲ့
လမ်းမှာ ဟိုနေ့ကလိုများဖြစ်နေမလားလို့ လိုက်ရှာကြည့်မိပြန်သော်လည်း မတွေ့ပြန်
အခုသူက ကိုယ်ရှိရာအရပ်သို့ တည့်တည့်မတ်မတ်ပင်

ထူးဆန်းသည်က ထို ကလေးငယ်ပြာရာခတ်နေခြင်းပဲ
သူ့ကိုများရှောင်ချင်နေတာလား  သူ့ကိုမကြိုက်လို့လား
ကိုယ့်ကိုကိုယ်သံသယစိတ်များနှင့်သာ နှုတ်ဆက်ရင်ကောင်မလား သူအနေခတ်သွားမလား တွေးနေရင်းပင် တစ်နေ့လုံး လွမ်းနေသော နှလုံးသားတို့ကတော့ ကျွန်တော့်ရဲ့ ခြေအစံုကို သူရှိရာအရပ်တို့သာ သွားရန်စေခိုင်း‌‌ေလရာ

"ဟာ ငယ်
ငယ် ဟုတ်တယ်မလား  တွေ့ပြန်ပြီနော် ကျောင်း ဘာလာလုပ်တာလဲ "
အမေးခံရသူတစ်ဖက်က လူသားရဲ့စိတ်ထဲတွင်တော့

//သွားပြီ မတွေ့ချင်ပါဘူးဆိုဟာ ကျစ် ဟိုကောင်စုတ်လေးက မလာသေးဘူးလားမသိပါဘူး//

လို့တွေးနေသော်လည်း ကိုယ့်ကို သွေးတောင်လှူထားပြီး ကျေးဇူးရှိတဲ့သူတစ်ယောက် မုန်းကလဲ ကျေးဇူးကန်းတတ်တဲ့သူမဟုတ်လေတော့

"‌ေအာ် ဟုတ်ကဲ့အကို  အကိုကကော ကျောင်းကို ဘာလာလုပ်တာလဲ "

လို့ ‌မေးလိုက်သော်လဲ ကြားလိုက်ရသော အဖြေက မုန်းအတွက်တော့ တုန်လှုပ်ဖွယ်ပင်
"ကိုယ်က ဒီမှာစာသင်တာလေ ဒါ ကိုယ့်ဦးငယ်ကျောင်း "

"ဗျာ....."

အံ့ဩနေသော မျက်လုံးများနဲ့ ဗျာလို့ထူးလာသော မုန်းဆိုသော ကျွန်တော့်ငယ်မှာ ချစ်ဖို့ကောင်းစွာ

"ကိုယ်....
ဒီမှာ....စာသင်တာလို့"

မုန်းတစ်ယောက်စိတ်ထဲတွင်တော့ လူအသစ်တွေ ခံစားချက်အသစ်တွေ မတွေ့ချင်တော့ဘူး မရချင်တော့ဘူးဆိုပြီး ဝေးဝေးပြေးနေမှ တည့်တည့်ကြီးကိုရောက်ချလာတာပါလား ကံကြမ္မာရယ်

ဆူးနစ်လေသောWhere stories live. Discover now