အပိုင်း-31

117 7 0
                                    

ဆူးနစ်လေသော
Unicode:;

Part-31

ဒီလိုဘဲ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာလိုက်တာ နှစ်တောင်ကုန်တော့မည်ဖြစ်သည်။ တွဲလာတဲ့ ၃လကျော်အတွင်း ကိုကိုက သူ့ကို အရမ်းဂရုစိုက်ခဲ့ပါသည်။ ကိုကိုရဲ့ အမှောင်ဘက်ခြမ်းကိုလဲ သိခွင့်ရခဲ့သည်လေ။ အမြဲ ပြည့်စုံတယ်ထင်ရပေမယ့် လူတွေ မမြင်နိုင်တဲ့ဘက်ခြမ်းက ကိုကို့အကြောင်းပေါ့။ အမြဲ အဆင်ပြေသလိုနေနေတတ်ပေမယ့် သူစိတ်အခက်မသင့်ရင် ငြိမ်သွားတတ်တာလေးတွေ ။ တစ်ခါတစ်ရံ အတ္တကြီးတတ်တာလေးတွေပေါ့ ။အစကတော့ အဆက်နဲ့အကြောင်းကို တစ်ပတ်နှစ်ပတ်နေရင် ပြောပြမယ်ကြံသော်လည်း ကိုယ့်ရဲ့ သတ္တိတို့က ခွင့်မပြုခဲ့။ ထို့ကြောင့်ပင် အဆက်နဲ့ အကြောင်းကိုမပြောပြရသေး၍ အဆက်အကြောင်းကိုလဲ တစ်ခါတစ်ရံ အတင်းတုတ်တတ်ပါသေးသည်။ ကိုယ့်မှာတော့ သူငယ်ချင်းနဲ့ ချစ်ရသူကြားလမ်းတွေပျောက်လို့ပေါ့။ မသိသာစေရန် ဝင်ရောက်‌ဖြန်ဖြေပေးသောလဲ ကိုကိုက လက်မခံ ။ ဘာကြောင့်များ အဆက်ကို အရမ်း မုန်းနေသလဲ ဆိုတာ စဉ်းစားမရပါ။

ခါတိုင်းလို ကျောင်းဆင်းတိုင်းခိုးမတွေ့တော့ဘဲ အားလပ်ရက်တွေမှာမှ နှစ်ရောက်သား အေးဆေးတွေ့ဖြစ်သည်။ အခုလဲ
"မိုးလေး ကိုကိုနဲ့ မိုးလေးသူငယ်ချင်းတွေနဲ့ဆို ဘယ်သူ့ပိုချစ်လဲဟင် "

"အင်........"

"ဘာလို့စဉ်းစားနေရသေးတာလဲ မိုးလေးရဲ့ သေချာပေါက် ကိုကိုပဲဖြစ်ရမှာပေါ့"

"ဟုတ်ပါပြီ ကိုကိုရယ် မိုးလေးစာလုပ်ပါရစေဦးနော်"ဟုပြောကာ နဖူးလေးကို ခပ်ဖွဖွနမ်းရင်း ချော့လိုက်ရသည်လေ။ ကိုကိုဆိုတာ အခုလို သဝန်လဲ တိုတတ်ပါသေးသည်။အရာအားလုံးနဲ့ ယှဉ်လျှင် သူ့ကိုရွေးချယ်မှသာ သဘောတွေ့တတ်တယ်လေ ။

ထိုမေးခွန်းကို အကြိမ်ပေါင်းများစွာကိုကိုက မေးသည့်အခါတိုင်း ကိုယ့်ကိုကိုယ်ပြန်မေးလဲ အဖြေကတော့ မရေရာပါ။ ကိုကိုနှင့် အဆက်နဲ့အမာန် ကို ရွေးချယ်ရခြင်းက အဖေနဲ့အမေ ဘယ်သူ့ကိုပိုချစ်လဲဟူသော မေးခွန်းလောက်ကို ခက်ခဲလွန်းလှပါသည်။ကျွန်တော်သာ အပင်တစ်ပင်ဆိုလျှင်  ကိုကိုကနေရောင်ခြည်လေးဆို အဆက်တို့က ရေပင်ဖြစ်သည်။ နှစ်ခုထဲ တစ်ခုမရှိလျှင် ကျွန်တော့်အတွက်မဖြစ်။ ထို့ကြောင့် ဘယ်သောအခါမျှ သေချာသော အဖြေတစ်ခုကို မပေးဖြစ်ခဲ့ပါ။ ‌ထိုမေးခွန်းကို ရှောင်လွဲချင်လို့ စာသာ ကုန်းရေးနေသော်လည်း

ဆူးနစ်လေသောWhere stories live. Discover now