ဆူးနစ်လေသော
Unicode:;
အပိုင်း-53ဒီနေ့ရဲ့ အဓိက ဇာတ်လိုက်က အသက်မပါသော စက်ရုပ်သဖွယ်။ အခန်းဝတွင်လဲ ရင်းနှီးနေသော ပုံရိပ်လေးတစ်ခုက ကျောခိုင်းသွားလေသည်။ ဒီလူသားနှစ်ယောက်ရဲ့ နာကျင်မှု အသီးသီးကို ဘေးကနေ မြင်တွေ့နေရသောကြောင့် ဘယ်လို လုပ်ပေးရမလဲ မပြောတတ်။ တစ်နေ့နေ့ ကိုယ့်သူငယ်ချင်းတွေ ဘက်က ပြောပေးရင်း ကျွန်တော်တို့ ညီအကို ရန်ဖြစ်ရပေါင်းလဲမနည်း ။ အခုလဲ အမာန်တစ်ယောက် ကျွန်တော့်ကို ဆွဲကာ
"ကိုကြီး တကယ် ဒီတိုင်းထားထားတော့မှာလား။ ""ကာယကံရှင်တွေက အဲ့ဒီလိုဆိုမှတော့ ငါတို့က ဘယ်တတ်နိုင်ပါ့မလဲ "
"ဒါပေမယ့်လဲ တစ်ခုခုလုပ်သင့့်တယ်မလား မဟုတ်ရင် အဆက် ရူးသွားလိမ့်မယ် ""ငြိမ်းမင်းလဲ ဘာထူးလဲ "
" အဲ့တာ သူတို့မိသားစုဘက်ေကြာင့် ဖြစ်ရတာလေ သူဖြစ်သင့်တယ်လေ ဒါပေမယ့် သူတို့ရဲ့ဂုဏ်သိက္ခာတွေကြောင့် အဆက်နာကျင်ရတာ "
"ဘာမိသားစုလဲ " ဘယ်အချိန်က ရောက်နေမှန်းမသိသော ငြိမ်းမင်းက ထ မေးလိုက်တော့ ချက်ချင်းငြိမ်ကျသွားသော စကားဝိုင်းလေး။
"ငါမေးနေတယ် ငယ်က ဘာလို့ နာကျင်ရတာလဲ " တုန်လှုပ်နေသော မျက်လုံးအဆုံကို လျစ်လျူ မရှူနိုင်ေတာ့သောကြောင့်
"ငါတို့မှာ ပြောခွင့်မရှိဘူး မင်း မင်းဦးငယ်ကိုပဲ သွားမေးလိုက်ပါ "
ဟုသာ အေဖြပေးလိုက်ပြီး ခန်းမထဲကိုသာ ထွက်လာလိုက်ကြတော့သည်။ငြိမ်းမင်းတစ်ယောက် ချက်ချင်း ဦးငယ်ကို လိုက်ရှာတော့ ဧည့်ကြိုနေရာမှာ ဧည့်သည်တွေကို လိုက်နှုတ်ဆက်နေသောကြောင့် အိန္ဒြရေမရစွာ
" ဦးငယ် ကျွန်တော်နဲ့စကားပြောရအောင် "လူရှင်းရာသို့ ဆွဲခေါ်ခဲ့ပြီး
"ဦးငယ် သိတယ်မလား ငယ်ဘာလို့ပြောင်းလဲ သွားတာလဲ ဆိုတာကို "မအံ့ဩသော မျက်မှာအမူအရာနှင့် ဦးငယ်က
" အဲ့တာ ဦးငယ်က ဘယ်လိုသိမှာလဲလို့ ငြိမ်းမင်းရ""ဒါမဲ့ ကျွန်တော် သေချာ ကြားခဲ့တာ ဘာလို့လဲဆိုတာ ကျွန်တော့်ကို ပြောပြပါ ဦးငယ်ရာ မဟုတ်ရက် ကျွန်တော် ဒီပွဲကို ဖြတ်မှာ "
![](https://img.wattpad.com/cover/293453001-288-k425293.jpg)
ESTÁS LEYENDO
ဆူးနစ်လေသော
Romanceဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......