ဆူးနစ်လေသော
Unicode:;
Part-23ယနေ့မှ ကိုယ့်ရဲ့ မွေးဖွားရာမြေကို ခြေပြန်ချတော့ လန်းဆန်းမှုတို့ကတော့ အတိပင်
ယခုဆိုလျှင် သုံးနှစ်တောင်ကျော်ပြီလေ သူဒီနယ်မြေကို စွန့်ခွါခဲ့တာ အဲ့ဒီလိုဘဲ သူထွက်သွားတာကလဲ သုံးနှစ်တောင်ကျော်ခဲ့ပြီဘဲရောက်ရောက်ချင်းစုတ်နဲ့ထွန်းတယ်လို့ပြောရမလား ရောက်တဲ့နေ့ကတည်းက သူမတွေ့ချင်တဲ့သူနဲ့တွေ့ရပြီလေ အမှန်ဆို တွေ့ချင်သည်လား မတွေ့ချင်သည်လားတောင် ကိုယ့်ဘာသာပင် အဖြေရှာမတွေ့ပေ။
ဟုတ်ပါတယ် ကျွန်တော့်လိုမာနခဲလေးရဲ့ ရှားရှားပါးပါးသူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက် မုန်းဆက်တည်
မနေ့က အကိုက သူ့သူငယ်ချင်းမွေးနေ့အပြန်လာကြိုခိုင်းလို့ သွားကြိုတော့ တွေ့ရသည်လေ ကံကြမ္မာကလည်း ရေစက်မပါဘူးလို့ပြောရင် မယုံမှာစိုး၍လားပဲဒါပေမယ့်ခတ်တာက သူကပျော်နေသည်လေ ကျွန်တော်ကတော့ အဲ့ဒီအတိတ်ကြီးကနေ ရုန်းမထွက်နိုင်ဘဲ တစ်နေ့ထက်တစ်နေ့ နာကျင်နေပင်မယ့် သူကတော့ ပျော်နေသည်တဲ့လေ
ကျွန်တော့်ကတော့ ဒီမြေမှာ ပြန်ခြေချဖို့တောင် ခက်ခဲနေပေမယ့် သူကတော့ တစ်စုံတစ်ယောက်နဲ့ ပျော်နေသည်တဲ့လေ အမှန်တော့ ကျွန်တော်နားမလည်ပါ အခုလိုဒေါသထွက်နေရခြင်းသည် သူကပျော်ပြီး ကျွန်တော့်က မပျော်နိုင်လို့များလား
ကျွန်တော်ကတော့ အရင်လိုပြန်ဖြစ်ချင်ပေမယ့် မဆက်သွယ်လာသော သူ့ကြောင့်များလား
ဘာလို့များသူက ကျွန်တော့်ထပ်ပိုပြီး ဝမ်းနည်းနေသင့်တဲ့သူက ဘာလို့များ ကျွန်တော့်ထပ် ပိုပြီးပျော်ရွှင်နိုင်နေရတာလဲ ဘာလို့လဲ လောကကြီးက မတရားလိုက်တာဗျာသို့သော်လည်း ကျွန်တော့်မှာ ကြည့်ရုံပဲတတ်နိုင်သည် ဖြစ်နိုင်လျှင် ဒီကောင်မျက်နှာကို ဆွဲထိုးပြီး ခါတိုင်းလို ရန်ဖြစ်ပြီး အရာအားလုံးကို ပြီးဆုံးသွားချင်ပေမယ့် ကျွန်တော့်မှာ သတ္တိမရှိပါ ကျွန်တော့်မှာ ရင်ဆိုင်ဖို့သတ္တိမရှိသေးပါ ကျွန်တော်လုပ်နိုင်သည်မှာ လက်သီးဆုပ်ထားရုံသာ
YOU ARE READING
ဆူးနစ်လေသော
Romanceဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......