ဆူးနစ်လေသော
Unicode:;
Part-21
ကိုယ်ဟာ ငယ့်ဘဝရဲ့အေမှာင်ထုတွေကြားက တကယ့်ကို့ ဘုရားကဖန်ဆင်းပေးတဲ့နေရောင်ခြည်လေးပါ
တွဲနေတဲ့ သုံးလအချိန်အတွင်း ငယ့်ကို အစစအရာရာဂရုစိုက်ပေးသည်သာ..
ငယ်ဘာလိုချင်လဲ ငယ်ဘာဖြစ်ချင်လဲ အရာရာကို ရအောင်လုပ်ပေးမယ်ဆိုတာ သူ့ရဲ့ လက်သုံးစကားပေါ့ အမြဲတမ်းလုံခြုံမှု နွေးထွေးမှုတွေက စတွေ့တုန်းကနဲ့မခြားပါ။အခုလိုအမြဲအလိုက်သိတဲ့ မုန်းရဲ့နေရောင်ခြည်လေးရဲ့ မွေးနေ့က ကျွန်တော်တို့ချစ်သူသက်တမ်း သုံးလပြည့်ခါနီးအချိန်မှာ ရောက်လာတော့ မွေးနေ့လက်ဆောင်အဖြစ် ဘာပေးရမလဲစဉ်းစားရင်း ဦးနှောက်ခြောက်ရပြန်ပါသည်။ ခါတိုင်းဆို သူကသာ ဖြည့်စည်းပေးခဲ့တော့ အခုကိုယ်ဖြည့်စည်းပေးရမည့် အချိန်တွင်တော့ ဦးနှောက်ခြောက်လှသည်။
_________&_____________
ဒီနေ့ရဲ့ မောနီးကောလေးက ပိုပြီး အသက်ဝင်နေသယောင်ပင်
ခါတိုင်းဆို ကျွန်ေတာ်ကပဲ နှိုးပေးနေသည့် ကျွန်တော့်အိပ်ပုတ်ေလးက ထူးထူးဆန်းဆန်း မနက်စောစောစီးစီး ဖုန်းဆက်နှိုးလာသောကြောင့်ပင်"လူကြီး Happy birthday 🎉💐❤️"
"ဘာလဲ မနှိုးသေးဘူးလား အိတ်ပုတ်ကြီး ဘုရားသွားမယ် ထထ
ငယ် ကိုယ့်အိမ်ရှေ့ရောက်ပြီ""ဟမ် "
အမြဲကိုယ်စီးတာဘဲ လိုက်စီးနေကြ ငယ်က အခု ကိုယ့်တောင် လာစောင့်နေတော့ ချက်ချင်းပင် ဝါးရံတာ က ချက်ချင်းထွက်ကြည့်တော့ ကားကိုမှီပြီး ရပ်နေသောငယ်က လက်ပြပြီး မြန်မြန်လုပ်ရန်ပြောတော့ ok signလေး လုပ်ပြပြီး အခန်းထဲ အမြန်ပြန်ဝင်ကာ ခြေလက်ဆေးပြီး အမြန်ပြင်ဆင်ရတော့သည်။ဘုရားရောက်တော့လဲ မွေးနေ့ရှင်ကိုယ်က သာမာန်အတိုင်းပင် ဘေးက ပေါက်စလေးက ပါးစပ်ကတစ်တွတ်တွတ်ဖြင့် ဘာတွေ ဆုတောင်နေမှန်းမပြောတတ်ပါ
သို့သော်လည်း ထိုပုံစံလေးကပင် ခါတိုင်းနဲ့မတူ အေးချမ်းပြီးချစ်ဖို့ကောင်းလှသည်။ကိုယ်နဲ့မဆုံခင်က အမြဲတမ်းရန်ဖြစ်နေတတ်တဲ့ ငယ်က ကျွန်တော်နဲ့တွေ့ပြီးနောက်ပိုင်း အတော်ကိုပြောင်းလဲပေးခဲ့ပါသည်။ တစ်ဆင့်ချင်းပြောင်းလဲမှုများက ကျွန်တော့်အပေါ် ငယ်ဘယ်လောက်ထိချစ်ကြောင်းသက်သေများဟုပင် ကျွန်တော်ယူဆပါသည်။ယခုလည်း ဘုရားသွားမည်ဆိုသော်ကြောင့် အဖြူရောင်ရှပ်အင်္ကျီလေးနဲ့ ပုဆိုးလေးကို ဝတ်ထားသော ငယ်က တစ်မူးထူးစွာပင်
ရှေ့ကို အာရုံရောက်ပြီး ဆုတောင်းနေသော ငယ့်ပုံလေးကို ဘယ်သူမှမသိလိုက်ပါဘဲ ဘယ်သူမှမခိုင်းစေပါဘဲ ကျွန်တော့်ဖုန်းထဲတွင် မှတ်တမ်းတင်မိလိုက်ပါသည်။
YOU ARE READING
ဆူးနစ်လေသော
Romanceဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......