ဆူးနစ်လေသော
Unicode:;
Part-16မနက်နေရောင်ရဲ့ အကူအညီဖြင့်နိုးထလာပြီး ထိုးကိုက်နေသော ခေါင်းကိုဖိကာ ဘေးကိုကြည့်လိုက်တော့ ကိုယ့်အခန်းထဲ ပြန်ရောက်နေပြီဖြစ်သည်။ ညက ဟိုကောင် ရွှေ့ပေးသွားခြင်းဖြစ်သည်ဟုတွေးပြီး လူကို လိုက်ရှာကြည့်တော့ မတွေ့သောကြောင့် ဖုန်းခေါ်လိုက်တော့ တစ်ဖက်က အသံကတော့ ကိုယ်နဲ့မတူစွာ တတ်တတ်ကြွကြွပင်ဖြစ်သည်။
"Hey my son နိုးပြီလား"
" နိုးလို့ဖုန်းဆက်တာပေါ့ကွာ ဘာလဲ မင်းက အလုပ်မှာလား ငါ့နှိုးသွားရောပေါ့"
"နှိုးလို့ကရဝာာဆိုတော့ ညတုန်းကလဲ တစ်ငယ်ငယ်နဲ့ ယီးယီးလားလား ငါ့မှာ ကောင်းကောင်းကိုမအိပ်ရဘူး"
ငယ် ဆိုသော စကားလုံးလေး ကြားရုံနဲ့တင် ကျွန်တော့်ရင်တွေပြည့်ကျပ်လာသည်သာ ဘာစကားမှပြန်မပြောဖြစ်တော့ ထက်ကံကပဲ
"ငါ့ကောင် ငါမင်းညကပြောတာ သေချာစဉ်းစားကြည့်တော့ မင်းချာတိတ်က မင်းကို မချစ်ဘူးလို့ပြောတာမှမဟုတ်ဘဲ ငါမြင်ရသလောက် သူ့မှာ family caseတွေရှိပုံရတယ် မင်းမှာ လုံးဝ အခွင့်အရေးမရှိတော့တာတော့ မဟုတ်ဘူး အဲ့တာလဲ မင်းသိသားနဲ့ ဘာလို့အဲ့လောက် အမြန်လက်လျော့ပြီး လဒမှိုင်လာမှိုင်နေ "
ထက်ယံပြောမှ ကိုယ်ဘယ်လောက်တောင် လက်လျော့တာမြန်လဲ ပြန်စဉ်းစားမိတော့သည်။ ငယ်ကလဲ မချစ်ပါဘူးလို့ တစ်ခွန်းမှ မပြောသော်လည်း ကျွန်တော်က အလွယ်ပင်လက်လျော့ခဲ့သည်မဟုတ်ပါလား ။ ငယ့်ကို ပြောခဲ့တဲ့စကားများနဲ့ ဆန့်ကျင်နေကြောင်း စဉ်းစားမိတော့မှ
"ဟုတ်တယ်သားကြီးရ ငါလွဲပြီ ငါကြိုးစားလို့ရသေးတာပဲကွ ငါ..ငါအခုပဲ ငယ့်ဆီသွားလိုက်မယ်
သားကြီးရာ ကျေးဇူးပဲကွာ"ပြောလက်စဖုန်းက အမြန်ချကာ ရေချိုးခန်းထဲဝင်ပြီး ငယ်ဆီသို့သွားရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ငယ့်အိမ်ကိုရောက်တော့ တွေ့လိုက်ရသည်မှာ မျှော်လင့်နေသောသူမဟုတ် အသက်၃၀ဝန်းကျင် အမျိုးသမီးတစ်ယောက်သာ ထွက်လာသည်။ ကျွန်တော့်ရင်ထဲတော့ စိုးရိမ်သွားသည်သာ ငယ့်အကြောင်းကိုမေးတော့ ထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်နေသော ထိုအမျိုးသမီးရဲ့အကြည့်ကို နောက်က ထွက်လာသော မိုးဦးကြောင့်သာ ရှောင်လွှဲလို့ရခဲ့ပါသည်။ ထိုမှသာ ငယ့်အကြောင်းစုံသိရပြီး အဲ့ဒီနေ့က နောက်ကျတဲ့အကြောင်းပါ သိခွင့်ရခဲ့သည်လေ။ ကျွန်တော့် ငယ် ဘယ်လောက်တောင် ပင်ပန်းနေမှာပါလိမ့်။ မိုးဦးအကူအညီနဲ့သာ ငယ် နေသော တိုက်ခန်းရဲ့ လိပ်စာကို သိခွင့်ရခဲ့သော်ကြောင့် တစ်ဖန်ငယ်ရှိရာ တိုက်ခန်းကို လိုက်ရပြန်ပါသည်။
တိုက်ခန်းသို့ေရာက်တော့ ဘယ်လောက်bellတီးတီး လှုပ်ရှားမလာသော တံခါးလေးတစ်ခု ခေါ်မရတဲ့အဆုံး စိတ်ပူတဲ့ levelက အမြင့်ဆုံးသို့ ရောက်လာတော့ bellတီးတာကို အားမရတော့ဘဲ လက်နဲ့သာပုတ်ပြီး
ESTÁS LEYENDO
ဆူးနစ်လေသော
Romanceဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......