ဆူးနစ်လေသော
Unicode:;
အပိုင်း-51ရင်ဖွင့်ခြင်းမမည်သော ရင်ဖွင့်မှုအပြီးတွင် အာဏာမြင့်မြတ်အပေါ်ထားတဲ့ အတွေးပြောင်းသွားသည်ကိုတော့ ငြင်းလို့မရပါ။ သို့သော်လည်း မိုးထက်အကြောင်း စဉ်းစားမိပြန်ရင်လဲ ခွင့်မလွှတ်ချင်သေး ။ သူကိုယ်တိုင်ကလဲ သူ့ကို ခွင့်မလွှတ်ရန်ပြောလာသောကြောင့် နောင်တရနေပြီမှာ အသေအချာပင်ဖြစ်သည်။
ညတုန်းကအိမ်ပြန်ကြည့်တော့ အမာန်နဲ့ သူ့အကိုကို အခန်းရှေ့တွင်မြင်ခဲ့သောကြောင့် ပြန်ချင်စိတ်ပျောက်ကာ အာဏာမြင့်မြတ်အိမ်တွင်သာ နေမကောင်းတာကို အကြောင်းပြ၍ သောင်တင်နေတော့သည်။ တစ်ခါတစ်ခါ ရန်ထဖြစ်သောငြား အရင်ထက်တော့ အဆင်ပြေလာပြီဖြစ်သည်။ ကိုယ်နဲ့မဆိုင်နိုင်ေတာ့တဲ့ လူကြီးကို အတွေးထဲရောက်လာမိတိုင်း ဟန်ဆောင် ပြုံးရသည်ကပဲ အနည်းငယ် ခက်ခဲနေစဲဖြစ်သည်။
ဒီရက်ပိုင်းတွေမှာ အတတ်နိုင်ဆုံး လူကြီးကိုမတွေးမိအောင်နေခဲ့သည်။ သို့သော်လည်း စိတ်တို့က မနေနိုင်ရှိလှသည်။ ကိုယ်ကိုယ်တိုင် ဖောက်ပေးခဲ့သော ငြိမ်းမင်းဟူသော အကောင့်လေးကို search barမှာ ရိုက်ရှာရသည်ကလဲ အခါအခါ။ ပြောခဲ့ဖူးတဲ့ conversationတွေကို ပြန်ဖတ်လွန်းလို့ အလွတ်နီးပါးတောင် ရတော့မည်။ တစ်ခါတစ်ခါ စိတ်ရူးပေါက်ပြီး လူကြီးဆီကိုပဲ အတင်းတိုးဝင်ချင်စိတ်ကို မနည်းထိန်းထားရသည်။ အဲ့ဒီလိုမှ မဟုတ်လဲ လူကြီးကိုယ့်ကို အတင်းလာရှာလေမလားဟုလဲ မျှော်လင့်မိပြန်သည်။ တစ်ယောက်ထဲ ကမ္ဘာပျက်နေသော ကိုယ့်ကို ရုတ်တရက်တတ်လာသော ပို့စ်တစ်ခုက ရိုက်ချိုးပြန်သည်။
"စေ့စပ်ပွဲက နီးလာလေ လူက ပင်ပန်းလေပဲ ဟူး" ဟူသော captionနှင့် မိန်းမလှလေးတစ်ဦး ။ ပုံစံအမျိုးမျိုးနှင့် ကျော့ရှင်းလှပနေသည်။ တစ်ပုံပြီးတစ်ပုံဆွဲကြည့်ရင်း ဓါတ်ပုံတစ်ပုံအရောက် ရွေ့လျားနေသော လက်တို့က ရပ်တန့်ကာ ငေးမောကြည့်မိပြန်သည်။ ထိုမိန်းကလေး၏ နောက်မှာ ထိုင်နေသော လူကြီး ။ နည်းနည်းတော့ ပိန်သွားသော်လည်း ချောနေဆဲပဲ ငယ့်ရဲ့လူကြီး ။ လူကြီးနဲ့ဝေးဖို့ နီးကပ်လာပြီ ဟု အဓိပ္ပါယ်ရသော ဒီခေါင်းလောင်းသံကလဲ လူကို ခြောက်လှန့်နေပြန်သည် ။
ဓါတ်ပုံထဲက နောက်ခံအရ shopping mallက coffee ဆိုင် ဖြစ်သည်ကို သိလိုက်သောကြောင့် ဘေးက လက်ရှည်ကို ဆွဲယူကာ ထွက်လာလိုက်တော့သည်။
ESTÁS LEYENDO
ဆူးနစ်လေသော
Romanceဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......