အပိုင်း-44

123 6 0
                                    

ဆူးနစ်လေသော
Unicode:;
Part-44

"ငယ်တို့ ညနေဦးပိန်တံတားသွားရအောင်လေ ညနေ နေဝင်ချိန်ကို  လူကြီးန‌ဲ့အတူတူကြည့်ချင်လို့ ပြီးတော့ တံတားဆုံးတဲ့ထိလျှောက်ကြည့်ချင်သေးလို့"

ငယ်ရဲ့ စကားသံတွေထဲက ဝမ်းနည်းရိပ်များကို စိတ်တိုင်းတော့မကျချင်။  စိတ်ထဲထူးဆန်းနေသောငြား ဘာလို့ဆိုသော အဖြေတော့ မတွေ့တတ် ။ ကျွန်တော့်စိတ်ကပဲ ဖြစ်နေတာလားဟုတွေးမိသော်လည်း   ငယ် အိမ်နဲ့တစ်ခုခုဖြစ်ထားလို့နေမှာပါလေဟုသာ ဖြေသိမ့်လိုက်တော့ရသည်။

"ဟုတ်ပါပြီ ကိုယ့်ငယ်လေးရဲ့ သွားရမှာပေါ့ "
ငယ်ခေါင်းလေးကို ပွတ်ပေးတော့လဲ ခါတိုင်းလို ရွှင်မြူးနေသော မျက်လုံးများအစား တွေဝေနေ‌ေသာ ငယ့်မျက်ဝန်းများကိုသာ အစားရခဲ့ပါသည်။
ဦးပိန်သွားရာ လမ်းတစ်လျှောက်တွင်လဲ ဘာစကားမှမပြောဘဲ ကျွန်တော့်ကိုသာစိုက်ကြည့်နေလေသည်။
"ငယ့် ကိုယ့်ကို ဘာလို့အဲ့ဒီလောက်တောင် ကြည့်နေတာလဲ "

"လူကြီးက အရမ်းကြည့်ကောင်းလို့လေ" ပြောလဲပြော လက်တစ်ဖက်က လူကြီးရဲ့ လက်အသွင်းသို့ လျှိုဝင်လိုက်လေသည်။ ဘယ်လောက်တောင် နွေးထွေးတဲ့ ခံစားချက်ပါလိမ့်။

တံတားပေါ်စရောက်တာနဲ့ လူကြီးရဲ့ လက်ကို ဆုပ်ကိုင်ကာ
"ဒီတံတားကိုဆုံးအောင်လျှောက်ရင် အတွဲတွေ မခွဲရတော့ဘူးတဲ့ အဲ့တော့ ငယ်တို့ဆုံးအောင်လျှောက်ရအောင်လေနော်"
"ဒီတံတားကိုမဆုံးခဲ့ရင်တောင် ကိုယ်တို့က ဘယ်တော့မှခွဲရမှာမဟုတ်ဘူး ကိုယ်ကအဲ့ဒီလိုဖြစ်အောင် ကာကွယ်မှာ "

နေရောင်ခြည်ကလဲ တစ်စတစ်စအားနည်းလာခဲ့ပြီ။လေပြင်‌ညှင်းကလဲ တောင်သမာန်အင်းကိုဖြတ်ပြီး တိုက်ခတ်လာနေပြီ။ နေဝန်းကြီးကလဲ တစ်စတစ်ပျောက်ကွယ်လုစပြုနေပြီ။
"လူကြီး ငယ်တို့ဒီမှာဘဲကြည့်ရအောင်လေ နေဝင်တာကို " အဆုံးကိုရောက်ဖို့ အနည်းငယ်သာလိုတော့သော်လည်း ငယ်က ဒီမှာဘဲ ရပ်ရအောင်တဲ့လား

"ငယ်ပဲ အဆုံးထိလျှောက်မှာဆို နည်းနည်းဘဲလိုတော့တာ လာပါ အဲ့ဒီရောက်မှကြည့်ရအောင်နော်"ကိုယ်ကတော့ ဆက်လျှောက်သော်လည်း ငယ့်ကိုကိုင်ထားတဲ့ကိုယ့်ရဲ့လက်တစ်ဖက်က အနောက်တွင်သာ ကျန်နေခဲ့တော့ ငယ့်ကိုကြည့်ကာ
"လာလေငယ်ရဲ့ "
‌ကျွန်တော်နားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ ခေါင်းခါပြလေသည်။

ဆူးနစ်လေသောTempat cerita menjadi hidup. Temukan sekarang