အပိုင်း-28

114 7 0
                                    

ဆူးနစ်လေသော
Unicode:;
Part-28

ကျောင်းတွေဖွင့်တော့ ဆယ်တန်းဆိုသည့်အလျောက် အပျော်အပါးထက် စာကိုပိုပြီးလေ့ကျင့်ဖြစ်သည်။ မိုးထက်ကတော့ ကျူရှင်မယူနိုင်လို့ အားလပ်ချိန်များတွင် အမာန်ကပင် ပြန်သင်ပေးရသည်။ ကျွန်တော်ကတော့  အဖေက ဂိုက်ခေါ်ပေးထားတယ်လေ တာဝန်မကျေဘူးဆိုပြီး ပြောမှာဆိုးလို့ဟူသော အကြောင်းပြချက်ဖြင့်။ ဟိုသားအမိလဲ အရင်ကလို ပြဿာနာမရှာကြတော့ သူ့ဟာသူ ကိုယ့်ဟာကိုယ်နေရင်းပဲ အချိန်ကုန်ကြသည်။ အခုဆိုလျှင် သူ့သားလဲ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပင် ဖြစ်နေပါပြီ။ အဖေကတော့ သူနဲ့ကျွန်တော့်ကို ယှဉ်ပြီးပြောလို့ကောင်းဆဲပင်။ ဒါတောင် သူ့သားကို ကျွန်တော့်စာသင်ပေးရန်ပါပြောနေသေးသည်။ တော်သေးသည်က ဟိုကအကြောင်းပြချက်ကောင်းလို့ပင်။ မဟုတ်လျှင် ပြဿာနာကတော့ ကြည့်လှမည်သာ။

" အမာန်နဲ့ အဆက်  "
ပြောဟူ၍ ခေါင်း‌ေမာ့ပြလိုက်တော့

"မိုးတွေလဲရွာနေတယ်ဟာ "

"အဲ့ဒီတော့ ..."
အမှန်ပင် ယခုမိုးရာသီဖြစ်တ‌ဲ့အလျောက် မိုးကတော့ အညိုးနဲ့ကို ရွာနေသလားမှတ်ရမည်ပင်။
နေ့လည်လောက်ကတည်းကမိုးက အခု၃နာရီကြားသည်ထိ မတိတ်

"ငါတို့ မိုး‌ေရဆင်းချိုးရအောင်ဟာ"

ထိုအချိန်မှ မနေနိုင်တော့သော အမာန်က
"မင်းကလေးမို့လို့လား"

"လာပါဟာ ရေဆော့ရအောင်ကို "
ပြောလဲပြော ကျွန်တော်တို့ နှစ်ယောက်လက်ကို ဆွဲပြီးခေါ်သဖြင့် လွယ်အိတ်တွေကို အမြန်ချွတ်ကာ မိုးရေထဲ ပြေးဆင်းပြီး ဆော့ကြလေသည်။

အဆော့ကောင်း၍ နောက်နေ့ ကျွန်တော် ကျောင်းမသွားနိုင်တော့ပါ ။ နှာတစ်ချေချေဖြင့် နှစ်ပါးသွားရတော့သည်။ အခုလဲ ခဏချွေးထွက်လာ၍ ခြံထဲ ဆင်းတော့ ဟိုသားအမိကတော့ သူတို့ကူးမှာဆိုးသည်ထင်ပါတယ်လေ နှု‌တ်ခေါင်းတစ်အုံ့အုံ့ဖြင့်

"ဟဲ့ မိမဆုံးမသားလေး ငါတို့နားမလာနဲ့ ကူးကုန်မယ် နေမကောင်းဘူးဆိုလည်း ကိုယ့်အခန်းနဲ့ ကိုယ်နေမယ်မရှိဘူး။အလကား နေမကောင်းချင်ယောင်ဆောင်နေတာ
လာငါ့သား သူ့နားမကပ်နဲ့ "

ဆူးနစ်လေသောWhere stories live. Discover now