ဆူးနစ်လေသော
Unicode:;
Part-34ရုပ်ရှင်ရုံရောက်တော့လဲ သူမဟုတ်သလို ပြုံးရွှင်ပြီး ဂရုစိုက်ပြနေသော မယားပါသားလေးကို အမြင်ကပ်စွာဖြင့်ပင် မိုးထက်တို့နှစ်ယောက်ဆီက အကြည့်မလွှဲဖြစ်နေသောကြောင့် မိုးထက်ကပင်
" အဆက်ရယ် ငါတို့နှစ်ယောက်ကို တော်ရုံဘဲကြည့်ပါကွ မင်းမျက်လုံးကြီး ပြုတ်ထွက်ဦးမယ်""ဟုတ်သားဘဲ ငါ့ညီရ"ဟု ဆိုကာ ကျွန်တော့်ပုခုံကို လက်တင်ပြီး နိုပ်ပေးသလိုလုပ်နေလေသည်။ မိုးထက်ရှေ့တော့ မျက်နှာပျက်လို့မကောင်း
"မိုးထက် ငါတို့ကြည့်ရင်းစားဖို့ မုန့်သွားဝယ်ပေးဦး"
"မင်းရောလိုက်ခဲ့လေကွာ "
"ငါ ငါ့အကိုနဲ့ ပြောစရာရှိလို့"လို့အကြောင်းပြလိုက်တော့ ကြည်ကြည်သာသာပင် မျက်စောင်ထိုးပြီး မုန့်သွားဝယ်ပေးသည်။ မိုးထက် ကျွန်တော်တို့နဲ့ ဝေးသွားသည်ဆိုတာ သေချာမှ အာဏာမြင့်မြတ်ရဲ့ လက်ကို ဆွဲကို လူရှင်းသော နေရာသို့
"ခင်ဗျား မိုးထက်ကို ဘာမှမဟုတ်တာလုပ်ဖို့မကျန်နဲ့နော် "
"အဲ့တာမင်းအပေါ်မှာပဲ မူတည်တယ်လေ "
"ငါသဘောတူတယ် သဘောတူတယ်လို့.. မင်းမိုးထက်ကို ဘာမှ ထပ်မထိနဲ့"အသံက အနည်းငယ်ကျယ်သွားသဖြင့် လမ်းသွားလမ်းလာအချို့ရဲ့ ထူးဆန်းသော အကြည့်များက ကျွန်တော့်ဆီရောက်လာတော့ အသံကို ပြန်တိုးပြီး
"သဘောတူတယ် ဟုတ်လား ကောင်းတာပေါ့ ဒါပေမယ့် မင်းကိုထွက်သွားခိုင်းတာက အိမ်ကမဟုတ်ဘူးနော် မင်းဒီလောကကြီးထဲမှာ မရှိတော့သလို မင်းပျောက်ကွယ်သွားပေးရမှာ မင်းဒီနိုင်ငံကကို ထွက်သွားပေးရမှာ "
အိမ်ကထွက်သွားရုံပဲဟု ထင်ခဲ့သော ကျွန်တော်က အနည်းငယ်တော့ ထိတ်လန့်မိပါသည်။သူပြောတာက ဘာမှမရှိသလောက်ဖြစ်နေတဲ့ကျွန်တော့်ဘဝကို တကယ်ကို ဘာမှမရှိအောင် စွဲထုတ်ခိုင်းနေခြင်းမဟုတ်ပါလား
"မင်းကို daddyက ကျောင်းပြီးရင် အိမ်ကထွက်သွားခိုင်းထားတာ ငါသိသားပဲ အဲ့ဒီလောက်နဲ့ကျေနပ်မယ်ထင်နေတာလား မင်းသူငယ်ချင်းရဲ့ ဗီဒီယိုက အဲ့ဒီလောက်ပဲ ရှိတယ်ထင်နေတာလား အဟား"
![](https://img.wattpad.com/cover/293453001-288-k425293.jpg)
YOU ARE READING
ဆူးနစ်လေသော
Romanceဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......