အပိုင်း-43

116 6 0
                                    

ဆူးနစ်လေသော
Unicode:;
Part-43

လူကြီးရဲ့ နေ့လည်စာကို ကိုယ်တိုင်သွားပို့ရန် ကျောင်းအဆင်းအမှီ မချက်တတ်ချက်တတ်နဲ့ မီးဖိုချောင်ထဲတွင် နှစ်ပါးသွားနေရလေသည်။ ဒီကြားထဲ  အမာန်ကိုလဲ ဖုန်းဆက်ကာ အပူကပ်ရသေးသည်။ အမာန်က ဟိုမှာနေရင်း စာဖိုမှူးသင်တန်းတတ်ခဲ့တယ်ဆိုသောကြောင့် ဘေးမှာဖုန်းတစ်လုံးနှင့် အမာန်ရဲ့ညွှန်ကြားချက်အောက်မှာ လိုက်လုပ်ရင်း မီးဖိုးချောင်လေးကို တောင်ပန်စရာကောင်းလှပါသည်။
အခုတော့ ကျောင်းမဆင်းသေးသောကြောင့် လူကြီးရဲ့ ရုံးခန်းထဲတ‌ွင် သွားစောင့်ရန်သာ ဆုံးဖြတ်ပြီး အခန်းထဲအရောက် တွေ့လိုက်ရတဲ့ လူတစ်ဦးကြောင့် ပြုံးပြရန် ဆုံးဖြတ်လိုက်သော်လည်း တစ်ဖက်လူက ပထမတစ်ခေါက်နဲ့မတူ တင်းမာနေသောကြေ င့် ကော့တတ်မည့်စဲစဲ နှုတ်ခမ်းစွန်းနှစ်ဖက်က လေထဲမှာ ရပ်တန့်သွားပြီး .........
_____________&_____________
ငယ်က "လာခဲ့မယ်"ဟူသော messageကြောင့် စောင့်နေသောလည်း တစ်နေကုန်လံုးလူက‌ေပါ်မလာ ။ နေ့လည်တုန်းကတော့ စားပွဲပေါ်က ထမင်းဘူးလေးတော့ တွေ့ရပါသည်။ နည်းနည်းပုံပျက်ချင်နေသော ကြက်ဥလိပ်ကြောင့်တော့ ရီချင်စိတ်ဖြစ်မိသော်လည်း ငယ်ကြိုးစားထားသည်ကို သိနေသော်ကြောင့် မရီရက် ။ ဆားလဲ အနည်းငယ် ငံသလိုဆိုပေမယ့်လဲ ငယ့်ရဲ့ ပထမဆုံး ထမင်းဘူးကိုတော့ ကုန်အောင် စားပေးဖြစ်ပါသည်။ စားပြီးတဲ့ ပုံလေးကို ဓါတ်ပုံရိုက်ပို့လိုက်သော်လည်း seenသာပြ၍ စာမပြန်ပါ။ နည်းနည်းတော့ စိတ်ထဲတစ်မျိုးဖြစ်‌သွားသော်လည်း ငယ်မအားလို့နေမှာပါ ဟုသာဖြေသိမ့်လိုက်ရသည်။ထမင်းဘူး‌တောင် လုပ်ပေးလာသည့် ငယ့်ကို ဘယ်လိုတောင် စိတ်ဆိုးရက်ပါ့မလဲ ။

တစ်နေကုန်လဲ ပေါ်မလာသောကြောင့် ငယ့်တိုက်ခန်းသို့သာ ဝင်ရန်ဆုံးဖြတ်လိုက်ပြီး ရောက်တော့လဲ ငယ်က ရှိမနေ။ ထမင်းစားခန်း ရေချိုးခန်း အိပ်ခန်း ရှာကြည့်သော်လည်း ရှိမနေသောကြောင့် အနည်းငယ်စိုးရိမ်လာကာ ဖုန်းဆက်ပြန်တော့လဲ မကိုင်ပြန်။ည ကိုးနာရီအထိ ငယ့်တိုက်ခန်းတွင် ထိုင်စောင့်နေခဲ့သော်လည်း ငယ့်အရိပ်အယောင်ပင် မမြင်ခဲ့ရ။ လက်လျှော့ကာ အိမ်သို့သာ ပြန်လာခဲ့လိုက်သည်။ သို့သော်လည်း စိတ်တို့က ငယ်ဆီတွင်သာ ။ ဘာ‌ေတွများဖြစ်လို့ အမြဲတမ်း 24နာရီmessageပို့နေကျ ငယ်က  အခုလို ပျောက်နေရအောင်က ။
ငယ်များဖုန်းဆက်လာလေမလားဟူသော စိတ်ကြောင့် ဖုန်းကို တစ်ကြည့်ကြည့်ဖြင့် စောင့်ဆိုင်နေလေရာ ည11နာရီအချိန်တွင် ငယ့်ရဲ့ သူငယ်ချင်းကောင်းထက်မာန်က ဖုန်းဆက်လေရာ
"ဟယ်လို ကိုငြိမ်းမင်းသူရလား အဆက် **စားသောက်ဆိုင်မှာ မူးနေတာ မထနိုင်တော့ဘူး အကိုလာခေါ်ပေးမလား အခုအကို့နာမည်ကို ငြီးနေလို့ ..."
ထိုကောင်လေးပြောတာကို အဆုံးထိနားမထောင်နိုင်‌ေတာ့ပါ  တည်နေရာ သိတာနဲ့ ဘာမှမစဉ်းစားနိုင်တော့ဘဲ ငယ်ရှိတယ်ဆိုတဲ့ နေရာကိုသာ အမြန် မောင်းသွားမိတော့သည်။ ဆိုင်ရောက်တော့လဲ ရှေ့ကခုံတွေကိုကျော်ဖြတ်လိုက်တော့ ချောင်တစ်နေရာက ငယ့်ရဲ့ စားပွဲဝိုင်းလေး ဘေးမှာ အမာန်ကတော့ ထိုင်နေရင်း ကျွန်တော့်ကိုမြင်‌ေတာ့ လက်ပြကာ
"အကို ကျွန်တော်ရှင်းပြီပြီး သူသောက်နေတာလဲ ကြာပြီထင်တယ် "
ငယ့်ကို ကြည့်ပြီး ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး
"ဒါနဲ့ ညီကရော ဘယ်လိုသိတာလဲ "
သူမူးရင် ကျွန်တော့်ကိုပဲ ရှာသင့်တာမလား ဘာလို့ သူငယ်ချင်းဖြစ်သူကို ရှာရတာလဲ ကျွန်တော့်ကို ပြောလို့မဖြစ်တဲ့ ပြဿာနာနဲ့ ခံစားချက်တွေ ရှိနေသေးလို့များလား
"အဆက်က ကျွန်တော့်ကို ဖုန်းဆက်ပြီး ဘာမှ‌မပြောတော့ စိတ်ပူလာလို့ အတင်းမေးထားရတာ ကျွန်တော်ထင်တာတော့ သူ့နားမှာ တစ်ယောက်ယောက်ရှိစေချင်လို့ထင်တယ် အဆက်က အဲ့ဒီလိုဘဲ တစ်ခုခုဖြစ်လာရင် ပြောပြပြီးဖြေရှင်းဖို့ထက် အဲ့ဒီလိုတိတ်တိတ်လေးနေတတ်တာ ဒီအကျင့်က နှစ်တွေကြာလာတာတောင် မပျောက်သေးဘူးထင်ပါတယ် ကျွန်တော် တွဲကူရမလားအကို "
ငယ့်အကြောင်း ကျွန်တော်အကုန်မသိနိုင်သေးဘူးဆိုသော စိတ်ကတော့ နှောက်ယှက်ပါသည်။ သို့ပေမယ့်လဲ စားပွဲပေါ်မှာ မှောက်နေတဲ့ ငယ်က ဦးစားပေးမလို့
"ရတယ် ညီ အကိုတစ်ယောက်ထဲဖြစ်တယ်"ဟုသာပြောပြီး ရှေ့မှ လူကို ပြန်လွှတ်ပြီး ။ ငယ်နဲ့ ကျွန်တော်သာ နှစ်ပါးသွားရပြနါတော့သည်။

ဆူးနစ်လေသောOù les histoires vivent. Découvrez maintenant