ဆူးနစ်လေသော
Unicode:;
Part-9
ဒီတစ်ပတ်အတွင်း ငယ့်ကို တစ်နေ့နှစ်ကြိမ်မှာ ပုံမှန်တွေ့ရတော့ မိုးဦးဆိုသော ကျောင်းသားနဲ့ ရင်းနှီးလာရုံမက ငယ်ကလဲ ကျွန်တော့်အပေါ်တွင် စတွေ့တုန်းကနဲ့မတူတော့
ရင်နှီးလာမှ ငယ်ရဲ့ ပုံစံတစ်မျိုးကိုပါ မြင်လာရသည်။ငယ်က စတွေ့တုန်းကလို ကောင်ဆိုးလေးတစ်ယောက်တော့မဟုတ်တော့ တစ်ခါတစ်လေ လူငယ်ပီပီ ဂျစ်ကန်ကန်ပြောနေသော်လည်း ငယ့်စိတ်မှာ အဖြူရောင်
ထိုအဖြူရောင်လေးကို ဆေးဆိုးနေကြသော လူတွေကြောင့်သာ ငယ့်မှာ မျက်နှာဖုံးတွေများခဲ့ရကြောင်း ငယ်မပြောလဲ ကျွန်တော်ရိပ်မိသည်။
အခုတော့ ကျောင်းပိတ်ရက်ရောက်ပြီ ဒီနှစ်ရက်ကို သူဘယ်လိုဖြတ်သန်းရပါ့မလဲ ကျွန်ဝော့်ကို ရန်ပြန်တွေ့နေကြ နှုတ်ခမ်းပါးလေးကိုလဲ လွမ်းပါဘိနဲ့_____________________
စနေေန့တစ်ရက်လုံး မုန်းတစ်ယောက်ထူးထူးခြားခြားအိမ်ကပ်နေမိသည်။ ခါတိုင်းဘေးမှာရှိနေကြ ကညာပျိုလေးတွေမရှိတော့ မုန်းလဲ အလုပ်တွေ ရှုပ်နေစရာမရှိ မုန်းဆိုသော ကျွန်တော်သည် မိုးထက်တို့ကျွန်တော့်ဘဝမှာ မရှိကတည်းက ကောင်မလေးတွေတော့ ကျွန့်တော့်ဘေးမှာ မပြတ်ခဲ့ တစ်ချို့ကတော့ ကျွန်တော့်ရုပ်ရည်ကြောင့် တစ်ချို့ကြပြန်တော့လဲ ပိုက်ဆံကြောင့်ပေါ့ ကျွန်တော့ ဘဝတွင်ရှိသည်ကလဲ ဤနှစ်ခုသာ
လာနွယ်ချင်ကြသော အလှပဂေးများကို ဘေးထားပြီး မုန်းတစ်ယောက် တစ်ပတ်လောက်ခြေငြိမ်နေသည်မှာ ဟိုလူကြီးကြောင့်လို့ ပြောရင်လဲ မမှား
ဟော တွေးရင်းနဲ့ ထိုလူကြီးအကြောင်းကပါလာပြန်သည်။ ဟုတ်ပါတယ် တော်ရုံလူကို ဘဝထဲ အဝင်မခံချင်တော့သော မုန်းဆိုသော ကျွန်တော်က 'ငယ်'လို့နွေးထွေးစွာခေါ်တတ်တဲ့ အဲ့ဒီလူကြီးအပေါ်တော့ တစ်မူထူးနေသည်မှာလဲ ငြင်းလို့မရသော အချက်တစ်ချက်ပင်
အမြဲ ကျွန်တော်စိတ်ညစ်သွားမည်ကိုစိုးသည့်အလား ကျွန်တော်မျက်နာကိုပဲ ကြည့်နေတတ်သော ထိုလူကြီးကလဲ ကျွန်တော့်ဘေးတွင် ဝဲနေသော လိပ်ပြာတို့နှင့် ခြားနားစွာ
![](https://img.wattpad.com/cover/293453001-288-k425293.jpg)
KAMU SEDANG MEMBACA
ဆူးနစ်လေသော
Romansaဆူးတွေကြားထဲ နစ်မြှပ်နေတဲ့ မုန်းဆက်တည်တစ်ယောက်ရဲ့ ဘဝထဲကို နေရောက်ခြည်အပိုင်းအစလေး ဝင်ရောက်လာတဲ့အခါ ......