Part (2)

10.4K 634 3
                                    

"အဲ့လောက်တောင်ပဲလား"

"အင်း ဘာလဲ သမီးကစိတ်ဝင်စားနေလို့လား"

"အာ...မဟုတ်ပါဘူး အမေတို့ကလဲ"ဟုဆိုကာ ထမင်းစားပွဲမှထသွားသောသမီးဖြစ်သူအား ကြည့်ကာမိခင်ဖြစ်သူမှပြုံးစိစိမျက်နှာဖြင့်

"ကိုရေ ကို့သမီးကတော့ ရတနာ့ကိုကြွေနေပီထင်ပါရဲ့"

"အင်း...ခုခေတ်မာ ဒါမျိုးတွေကမရှားတော့တာမှန်ပေမဲ့ ပတ်ဝန်းကျင်က ကဲ့ရဲ့ကြရင်ရော သမီးလေး ခံနိုင်ရည်ရှိပါ့မလား"

"စောင့်ကြည့်တာပေါ့ ကို​ရယ်"

ရှက်ရှက်ဖြင့် ထမင်းစားပွဲ မှထလာသောမိမိအဖြစ်ဂို တွေးရင်းရယ်နေသော နှင်း။
ထိုအချိန်တွင် အတွေးတစ်ခုဝင်လာလေသည်။အကြောင်းမာ အန်တီ့အကြောင်းအား သူမသူငယ်ချင်းတွေကို ပြန်ပြောမည်​ဖြစ်သော အတွေးပင်။
ချက်ချင်း ဖုန်းကောက်ကိုင်လိုက်ပြီး ​နွေဦးခင်တို့ဆီဖုန်းဆက်လေသည်။

"ဟယ်လို နွေဦးလား"

"အေး ခုမှပဲဆက်သွယ်လာတော့တယ်နော် ကောင်မ"

"ငါကလဲ အိမ်မာပဲနေရလို့ပါဟ"

"အေးပါ အေးပါ ခုရောဘာဖြစ်​လို့ဖုန်းဆက်တာတုန်း"

"နင်တို့ကိုသတိရလို့ပါဟ"

"တော်စမ်းပါ လိုရင်းကိုပြော"

"နင်တို့နဲ့တွေ့မလို့ ခုဘယ်မာလဲ"

"ခုသူရရယ် ရတီရယ်ကငါ့အိမ်မာ နင်လာချင်လာခဲ့လိုက်လေ"

"အိုခေ လာပီ"ဟုဆိုကာ ဖုန်းချလိုက်လေသည်။

ဖုန်းချပြီးသည်နှင့် အဝတ်အစားလဲ အလှပြင်ကာ ကားနှင့်ထွက်သွားလေသည်။

"တီ တီ တီ"(ကားဟွန်းသံပါပဲ😂)

"လာပီ လာပီ"တံခါးလာဖွင့်ပေးသော နွေဦး။

ခြံတံခါးဖွင့်ပြီးသော် ကားဂိုခြံထဲ၌ရပ်ကာ အိမ်ထဲသို့ဝင်သွားလေသည်။

"အော် ပေါ်တော်မူလာပီလား" (သူရ)

"ငါတို့ကို ပစ်ထားတာ ကောင်မ"(ရတီ)

"နင်တို့ကလဲ အဲ့လိုမဟုတ်ပါဘူး ငါကအပြင်ထွက်လို့မရလို့ပါ"(နှင်း)

"အေး ထားပါတော့"(သူရ)

"ငါနင်တို့ကိုပြောစရာရှိလို့ဟ"(နှင်း)

"ဆိုပါဦး" (နွေဦး)

"ဒီလိုဟာ *$#%#*$$&*$&#*&$*#&#&#*#&#&#*#*"နှင်းနဲ့ အန်တီတွေ့ခဲ့တာတွေကို သူငယ်ချင်းတွေအား ရင်ဖွင့်နေလေသည်။သူ့အန်တီဘယ်လိုချောကြောင့် ဘယ်လောက်လှကြောင်း ပြော​ပြနေသည်။ သူရတို့လည်း ပါးစပ်အဟောင်းသားနှင့်​နားထောင်နေလေသည်။

"အ့ဆို နင့်အန်တီနာမည်က?"(သူရ)

"ဒေါ်ရတနာမြင်တဲ့"(နှင်း)

"ဘုရားရေ ဒေါ်ရတနာမြင့် ဟုတ်လား"(ရတီ)
မျက်လုံးအဝိုင်းသားဖြင့်ကြည့်နေသော မိမိ၏သူငယ်ချင်းသုံးယောက်။

"သူက ငါတို့boss" သုံးယောက်ပြိုင်တူအော်လိုက်လေသည်။

"အမလေး လန့်တာဟယ် ဖြေးဖြေးအော်ကြပါ"(နှင်း)

"နင်မို့လို့ ငါတို့bossကိုမှသွားကြိုက်ရတယ်လို့"(နွေဦး)

"သူကတော်တော်ချောတာပေမဲ့လို့ သူ့ကိုဘယ်သူမှ ထိကပါးရိကပါး မလုပ်ရဲကြဘူး"(ရတီ)

"အေးဆို မာနကလဲကြီးချက်ပဲ"(သူရ)

"အော် အ့ဆို ငါပိုကြိုးစားရတော့မာပဲ"(နှင်း)

"နှင်းမရေ ဟုတ်မှလုပ်နော်"(ရတီ)

"အေးပါ ငါသိပါတယ်"(နှင်း)
ခဏအကြာ​နှင်းလည်း နွေဦးတို့အိမ်မှ ပြန်လာခဲ့လေသည်။

အိမ်ပြန်ရောက်သော် ကိုယ့်အခန်းထဲကိုယ်ဝင်ကာ အတွေးနယ်ချဲ့မိပြန်သည်။

​စိတ်ထဲတွင်လည်း မြင်မြင်ချင်းချစ်မိသွားတယ်ဆိုတာက ဒါလား အဲ့တာဆိုရင်လဲ အန်တီရေ နှင်းကတော့ အန်တီ့ကိုမှ ရူးရူးမူးမူးချစ်နေမိပီ

*ဆက်ရန်*

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now