အန်တီ နှင်းအား စကားမပြောပဲ နေသည်မှာ တစ်ပတ်ပင် ရှိပြီ။ သို့သော် နှင်း ဒီကိစ္စအား နှင်းမဟုတ်ဘူး လုပ်ကြံခံရတာပါလို့ ပြောချင်ပေမဲ့လည်း သက်သေကိုမရှိ။ အော် မိနှင်းရယ် ညည်းနှယ့် ခက်ပါရောလား။
နှင်းစဉ်းစားနေတုန်း
"ဟဲ့ နှင်းရေ နှင်း"ဟု အမောတကောလာတာ ခေ့်သော နွေဦး။နှင်းလည်း စိတ်မပါလက်မပါဖြင့်
"ဟေ"ဟုဆိုလာသည်။"နင်ကလည်းဟာ ငါနင့်အတွက်သတင်းကောင်းယူရလာတာနော်"
"ခုချိန်မှာငါ့အတွက် သတင်းကောင်းရှိပါ့မလားဟာ"စိတ်ပျက်နေသောအသံဖြင့် ပြောလိုက်သည်။
"ရှိတယ်ဟေ့ နင်နဲ့နင့်အန်တီကိုပြန်အဆင်ပြေအောင် လုပ်ပေးမဲ့ သတင်းကောင်းနော်"
"ဟေ"ဟုဆိုကာ ချက်ချင်းပြုံးဖြီးလာသော နှင်း။
"ဒီမှာ ဒါကငါစုံစမ်းလာလို့ရလာတဲ့ အဲ့တစ်ယောက်ရဲ့ အချက်အလက်တွေ နောက်ပြီးတော့"
"အေး ဘာဖြစ်လဲ"
"မနက်ကသူ့ကို ယောက်ကျားတစ်ယောက်နဲ့ ပန်းခြံထဲမှာ စကားပြောနေတာကိုတွေ့ခဲ့တယ် ပြောရမယ်ဆိုရင်ကွာ ရည်းစားတွေလို ပုခုံးဖက်လိုက် လက်ဖက်လိုက်နဲ့ဟယ်..."
"နင်အဲ့တာကိုဓာတ်ပုံရိုက်ခဲ့လား"
"ဟားဟား နင့်သူငယ်ချင်းပါဟ ရိုက်ခဲ့တယ် ဒီမှာကြည့်"ဟု ဆိုကာ ဓာတ်ပုံကိုထုတ်ပြလေသည်။ ထိုအမျိုးသမီးအား ပုခုံးကိုဖက်ထားသော အမျိုးသား၏မျက်နှာကိုမမြင်ရပေမဲ့ သူ့လက်ရှိ တက်တူးကိုတော့ နှင်းမှတ်မိသည်။ နှင်းအားပြန်ပေးဆွဲခဲ့သည့်သူပေါ့။ သူနဲ့ ထိုအမျိုးသမီးမည်သို့ပတ်သက်နေသနည်း။
"အေး ကျေးဇူးပဲ"နှင်းထိုဓာတ်ပုံကို အချိန်အတန်ကြာအောင် ငြိမ်သက်နေခဲ့သည်။ ခနအကြာ
"ဟာ သွားပြီ အန်တီ!!!" နှင်းစဉ်းစားမိသွားသည်က ထိုလူလက်မှာရှိတဲ့ တက်တူးနှင့် ဒီညနေ နှင်းတို့အန်တီcompanyနှင့် တူတူစာချုပ်ချုပ်မည် ဆိုသည့် CEOရဲ့တက်တူးနှင့် အင်မတန်တူလေသည်။
"ဒါဆို သူကဒီပြသာနာအားလုံးရဲ့ နောက်ကွယ်ကလူပေါ့ ချီးပဲ"ဟုဆိုကာ ရှေ့မှစားပွဲခုံကို ထိုးပလိုက်ချင်သော်လည်း လက်နာမည်စိုး၍ ထိုးမည့်လက်အား ပြန်ရုတ်လိုက်သည်။
YOU ARE READING
အန်တီ့အား သိပ်ချစ်ပါသည် (Complete)
Romanceအန်တီ့ကို ချစ်ခဲ့တာ ဘာဂုဏ်ပကာသနမှမပါပါဘူး အန်တီကအန်တီမို့လို့ချစ်ခဲ့တာပါ။ အန်တီသာပြန်ချစ်မယ်ဆိုရင် မိုးနတ်မင်းကိုတောင် ပြန်အန်တုနိုင်ပါတယ် အန်တီ။