Part (23)

6.7K 463 21
                                    

အန်တီ အမေရိကသွားတာ တစ်ပတ်ပင်ရှိသေးသည်။ နှင်းမှာတော့ လွမ်းနေရသည်။ ညတိုင်းဖုန်းပြောနေရသော်လည်း မျက်နှာလေးအား မြင်ချင်မိသည်လေ။

"နှင်း နှင်း"

"ရှင် ရှင်"

"အော် စိတ်တွေဘယ်ရောက်နေတာလဲ နှင်းရယ် အလုပ်ကိုအာရုံစိုက်ပါအုံးဟ"

"အေးဟာ sry"သူမ၏သူငယ်ချင်းဖြစ်သူ နွေဦးနှင့်ပြောနေခြင်းပင်။

"ဘာလဲ နင့်အန်တီကိုလွမ်းနေတာလား"

"ကောင်မရယ် သိရဲ့သားနဲ့ မေးမနေပါနဲ့ဟာ"

"အ့ဆို နင့်အန်တီပေးခဲ့တဲ့အလုပ်ကို သေချာလုပ်မှပေါ့ ကမရဲ့"ဟုဆိုကာ နှင်းလက်မောင်းအားရိုက်လိုက်သည်။

"နာတယ်ဟ"

"အဲ့တာအသာထား ရော့ဒီprojectကို နင်လုပ်ရမယ်နှင်း"ဟုဆိုကာ နှင်းတို့ရှေ့မှစားပွဲခုံပေါ်သို့ စာရင်းတွေလာပေးနေသော သူရ။

"ဟုတ်တယ် နှင်းရေ တွဲလုပ်မဲ့companyရဲ့CEOက နင်နဲ့ပဲဒီproject ကိစ္စပြောမယ်ဆိုလို့လေ"ဟု နောက်မှရတီမှဝင်ထောက်လိုက်သည်။

"နေပါဦး သူကဘယ်သူမို့လို့လဲ"

"ငါတို့လည်း မသိဘူး"

"အော် အေးကောင်းရောပေါ့" နှင်းရွဲ့ကာပြောလိုက်သည်။

"ဘယ်နေ့တွေ့ရမာလဲ"

"ဒီညနေ 5နာရီ"

"မစိုးရိမ်ပါနဲ့ဟာ ငါတို့သုံးယောက်နင်နဲ့လိုက်ခဲ့ပေးမှာပါ"

"အေးပါ"နှင်းလည်း သူတို့နဲ့ စကားပြောပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေသည်။ စိတ်ထဲမှလည်း ညှိနှိုင်းမည့်သူက ဘယ်သူများလဲဟု စဉ်းစားနေမိသေးသည်။ နှင်းအချိန်အတန်ကြာအလုပ်လုပ်ပြီးသော် လက်ပတ်နာရီအား ငုံ့ကြည့်လိုက်သည်။

"အော် 5နာရီတောင်ထိုးတော့မှာပဲ"အလုပ်စားပွဲခုံမှထကာ နှင်းအပြင်သွားရန် ပြင်ဆင်လိုက်သည်။

လက်ကိုင်အိတ်နှင့် လိုအပ်သည့်fileများယူကာ တံခါးအပြင်သို့အထွက် မိမိအားစောင့်နေသော သူငယ်ချင်းတစ်သိုက်အား တွေ့လိုက်ရသည်။

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now