Part (19)

7.5K 513 12
                                    

"အား ညောင်းလိုက်တာကွာ"နှင်းတစ်ယောက် အလုပ်ခုံမှာထိုင်ပြီး ညည်းနေသည်။ဗိုက်မှအသံပေါင်းစုံထွက်လာနေပြီဖြစ်သောကြောင့် လက်ပတ်နာရီအားငုံ့ကြည့်လိုက်သည်။

"အော် 12နာရီတောင်ကျော်ပြီပဲ"ဟုဆိုကာ သူမ၏တာဝန်ဖြစ်သော နေ့လည်စာစားရန် အန်တီ့အား သွားခေါ်လေသည်။

"အန်တီရေ"

"ရှင့်"

"12ကျော်ပြီလေ"

"အင်း အဲ့တာဘာဖြစ်လဲ"ဒီကလေးဒီအချိန်ဆိုအမြဲတမ်းဗိုက်ဆာတတ်သဖြင့် ကျွန်မအားလာခေါ်နေတာကို သိပေမဲ့ သူမပုံစံလေးအား ချစ်ဖို့ကောင်းလွန်းသဖြင့် စလိုက်မိသည်။

"ဟာ အန်တီကလည်း သမီးဗိုက်ဆာနေပြီလေ ထမင်းလိုက်ကျွေး"

"ဟွန့် မကျွေးပါဘူး"

"ဟာ အန်တီမညစ်နဲ့နော်"နှုတ်ခမ်းလေးစူကာပြောနေသော နှင်းအား ထိုင်ခုံမှထိုင်နေသော အန်တီမှ ထလိုက်ကာ နှုမ်းခမ်းလေးအားနမ်းလိုက်လေသည်။

"အန်တီက စတာပါကွာ လာ သွားမယ်"

"ဟင့် စတယ်လို့ပြောပြီး အသားယူသွားတယ် စိတ်ပုတ်ကြီး"အန်တီမှာတော့ ပြုံးပြုံးကြီးကြည့်နေလျက်။ သူမတို့နှစ်ယောက် ထိုသို့ကြည့်နူးနေသည်ကို အခန်းပြင်မှ တစ်စုံတစ်ယောက်က မျက်ထောင့်နီကြီးဖြင့်ကြည့်နေသည်ကိုတော့ သတိမထားလိုက်မိပေ။

"ဘယ်စားမလဲ ကလေး"

"ရှိတာအကုန်ချပေး ဟို....ငါးပဲမချနဲ့"

"ဟင် ငါးက ဘာလို့တုန်း"

"အရိုးဆူးလို့လေ"

"ဟုတ်ပါပြီ မောင်လေးအဲ့တာဆို ငါးကလွဲပြီး ကျန်တဲ့ဟင်းအကုန်ချပေးနော် ပြီးတော့မြန်မြန်လေးလုပ်ပေး" အမှန်တော့ သူမကလေးငယ် ဗိုက်ဆာနေသည်မို့ အမြန်လုပ်ခိုင်းလိုက်သည်။

ထမင်းပွဲတွေရောက်သည်နှင့် နှင်းတစ်ယောက်ခေါင်းမဖော်အောင်စားနေတော့သည်။

"ဒီမှာ ဒီမှာ"

"ဟင် မိုးသက်"

"နှင်း ငါနင်စလာကတည်းကကြည့်နေတာ နင်နဲ့တူပါတယ်လို့"ပြောလည်းပြော နှင်းဘေးနားကပ်လျက်ထိုင်လိုက်သည်။သူမထိုင်နေသည်မှာ နှင်းနားကိုအတင်းကပ်နေသည့်ပုံဖြင့်။

ရှေ့မှအန်တီကတော့ ထိုအမျိုးသမီးအား ကြည့်မရတော့ပေ။

"အော် အင်း"

"ငါတို့မတွေ့တာတောင်ကြာပြီဟာ ဖုန်းနံပါတ်လေးပေးအုံး ညကျဖုန်းဆက်မလို့"

နှင်းတစ်ချက်အန်တီ့အားကြည့်လိုက်သည်။ နှင်းကိုကြည့်ရင်းထမင်းပန်းကန်အား ငုံကြည့်လိုက်သော အန်တီ။

"ငါဖုန်းမပါလာဘူးဟ"

"ဟမ် ဟုတ်လား အာ့ဆို နင့်fbအကောင့်ပေးလိုက် ငါaddလိုက်မယ်"

"မဟုတ်ဘူးဟ ငါဖုန်းကပျောက်သွားတာ" ထိုသို့ပြောပြီးအန်တီ့အား လှမ်းကြည့်လိုက်သည်။ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည့်ပုံပင်။

"အော် အေးပါ ထားပါတော့ ရော့ ဒီမှာ ဒါလေးကနင်ကြိုက်တတ်တဲ့ အမဲယားနှပ်ကလေး"ဆိုကာ နှင်းပန်းကန်ထဲသို့ဟင်းတွေခပ်ထည့်ပေးသော မိုးသက်။
အန်တီမှာတော့ မျက်မှောင်ကြီးကြုတ်ကာ သူမအားကြည့်နေသည်။

နှင်းတစ်ယောက် မိုးသက်ထည့်ပေးသော အမဲသားတုံးကိုယူကာ အမှိုက်ပုံးထဲသို့ထည့်လိုက်သည်။

"ဟင် နင်အမဲသားမကြိုက်လို့လား"
နှင်းဘာမျှမပြောပဲ
"အန်တီသမီးကို ဟင်းထည့်မပေးချင်ဘူးလား"

"အင်း"ဟုဆိုကာ အမဲသားဟန်းကန်ထဲမှ ဟင်းအားထည့်ပေးလိုက်သည်။အန်တီထည့်လိုက်သော အသားတုံးကိုတော့သူမ မလွင့်ပစ်ပဲ ပါးစပ်ထဲသို့ တစ်ခါတည်း ထည့်ပြီး စားပစ်လိုက်သည်။

"နှင်း ခုနငါထည့်ပေးတာကျတော့ဘာလို့မစားတာလဲ!!"
နှင်းလည်း သူမအားတည့်တည့်စိုက်ကြည့်ကာ

"ရွံ့လို့လေ!!!"

"တောက်!!!!!" တောက်တစ်ချက်ပြင်းပြင်းခေါက်လှည့်ထွက်သွားသော ထိုအမျိုးသမီး။

"မောင် သိပ်တော်တယ်"

"ရှင်"

"အန်တီ သမီးကိုဘယ်လိုခေါ်လိုက်တာ"

"တော်တယ်လို့ပဲပြောတာပါ"

"ဟာ မဟုတ်ဘူးလေ အဲ့ရှေ့ကတစ်လုံး"

"ဘယ်တစ်လုံးလဲ"

"မောင်ဆိုလားလို့လေ"

"မဟုတ်ပါဘူး ရှင်နားကြားမှားတာနေမှာပါ"

"ဟင့် နားကြားမှားတယ်ဆိုလည်း မှားလိုက်ပါ့မယ်"သိပါတယ်ဟူသောအကြည့်ဖြင့် အန်တီ့အားကြည့်လိုက်သော နှင်း။ အန်တီကလည်း စပ်ဖြီးဖြီးဖြင့်သာ။

အို.......ဒီလိုကြည်နူးရတဲ့အခိုက်အတန့်လေးအား ကျွန်မခဏတာရပ်တန့်ပစ်လိုက်ချင်သည်။ ကလေးငယ်ရယ်.....မင်းကိုတို့အရမ်းကိုချစ်နေမိပြီထင်တယ်။ စွန့်လွှတ်ရမှာကိုလည်း အရမ်းပဲ ကြောက်နေမိပြီ။

*ဆက်ရန်*

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now