နှင်းလည်း အန်တီနှင့် marketကိုလိုက်သွားခဲ့သည်။ မထင်မှတ်ထားသည်က ဦးမျိုးအောင်ကိုတွေ့လိုက်ရခြင်းပင်။
သို့သော် ဦးမျိုးအောင်ဘေးမှာရှိနေသောသူ ဦီးမျိုးအောင်လက်ကိုချိတ်ကာပြုံးရွင်စွာနှင့်လမ်းလျှောက်သွားနေသောသူ။ ထိုသူမှာ နှင်းရဲ့ သူငယ်ချင်းဖြစ်သူ သူရပင်ဖြစ်သည်။နှင်းတစ်ယောက် တွေဝေစွာကြည့်နေစဉ် အန်တီမှ
"သမီး ဘာလုပ်နေတာလဲ လာလေ"ဟုခေါ်သဖြင့် နှင်းမျက်လုံးလွဲကာ သွားလိုက်သည်။ သို့ပေမဲ့ သူရနှင့် ဦးမျိုးအောင် ဆက်ဆံရေးအား သူမနားမလည်ပေ။
"ဒါလေးက သမီးနဲ့ဆို လိုက်မာပဲ"အင်္ကျီလေးတစ်ထည်အား ကိုင်ကာ နှင်းအားတိုင်းကြည့်ပြီးပြောနေသည်။
"ညီမလေး ဒါလေးထုပ်ပေးနော်"နှင်းအဖြေတောင်မစောင့်ပဲ ထိုအင်္ကျီအားထုပ်ခိုင်းလိုက်သည်။ သို့ပေမဲ့ သူမကြိုက်သည်မလား။ အန်တီကြိုက်ရင် သမီးမကြိုက်ရင်ေတာင်မှသမီးအရာအားလုံးကိုပြောင်းလဲပစ်နိုင်ပါတယ် အန်တီ။
နှင်းတစ်ယောက် အိမ်ရောက်သည်နှင့် အခန်းထဲသို့ဝင်ကာ သူရအားဖုန်းခေါ်တော့သည်။
"ဟယ်လို သူရ"
"ဟဲ့ ဖြေးဖြေးအော်ပါဟ"
"အေး နင်နေ့လည်က ဘယ်သွားသေးလဲ"
"ငါလား ငါဘယ်မှမသွားပါဘူး"
"နင်မလိမ်နဲ့နော်"
"မလိမ်ဘူး"
"နင်နေ့လည်က ဦးမျိုးအောင်နဲ့အတူရှိနေတာမဟုတ်ဘူးလား"
"ဟင် နင်ဘယ်လိုလုပ်သိတာလဲ"
"နင်တို့နှစ်ယောက်ဆက်ဆံရေးကဘာတွေလဲ"နှင်းထပ်မေးလိုက်သည်။
"Daddyနဲ့ အဲ ဦးနဲ့ငါနဲ့ကချစ်သူတွေ" နှင်းမျက်လုံးများပြူးကျယ်သွားသည်။
"ဟင် ဘယ်တုန်းက ဘယ်လို.."
"နောက်မှသေချာရှင်းပြတော့မယ် ငါခုမအားသေးလို့ ဒါပဲနော်"
"အေးအေး"နှင်းလည်းဖုန်းချလိုက်ပြီးခေါင်းတရမ်းရမ်းဖြင့် အတွေးနယ်ချဲ့နေပြန်သည်။
'ဒါဆို ငါ့ကိုဖမ်းတာဦးမျိုးအောင်မဟုတ်ဘူးပဲ ဟာ....ဘာတွေလဲကွာ အန်တီ အန်တီ အန်တီ့ကိုချစ်ရတာလဲမလွယ်ပါ့လားနော်" နှင်းတွေးလက်စကိုရပ်လိုက်ပြီးအောက်ထပ်ကိုဆင်းသွားသည်။
"မထက် မေမေရော"
"အော် မမကြီးဧည့်သည်တစ်ယောက်နဲ့အပြင်သွားပါတယ် မမလေး"
"ဟင် မိုးတောင်ချုပ်နေပြီကို ဘယ်သူနဲ့လေ"
"ဟို တစ်ရက်ကမမလေးနဲ့တောင်အပြင်ထွက်သွားသေးတဲ့ သူလေ မှတ်မိလား"
"အန်တီလား ဘယ်ကိစ္စရှိလို့များပါလိမ့်"
နှင်းတစ်ယောက်အမေဖြစ်သူကို ဧည့်ခန်းထဲထိုင်စောင့်နေရင်း"ဟယ်လို"
"သမီး ဖေဖေဒီညအလုပ်ကိစ္စနဲ့နယ်သွားရမှာမို့ အိမ်ပြန်မလာဖြစ်ဘူး အဲ့တာသမီးမေမေကိုလည်းပြောလိုက်အုံး"
"ဟုတ်ကဲ့ ဂရုစိုက်နော်ဖေဖေ"
"အင်းပါကွယ်" ခဏအကြာ သူမ၏အမေ အန်တီ့အား အိမ်ထဲသို့တွဲခေါ်လာသည်။
"မေမေ ဒါဘယ်လိုဖြစ်လာတာလဲ"
"နောက်မှမေး လာကူအုံး လေးလိုက်တာ"ဒေါ်သန္တာတစ်ယောက် အမူးလွန်နေသော သူငယ်ချင်းဖြစ်သူကို မနိုင်မနင်းသယ်လာရသည်။
"ဘာလို့ဒီလောက်အများကြီးသောက်လာရတာလဲ အန်တီရာ"နှင်းလည်း အန်တီ့အား နှင်းအခန်းထဲထည့်ထားလိုက်ပြီး အမေဖြစ်သူအား အမှုစစ် စစ်သလိုမေးနေတော့သည်။
"မေမေ ဒါဘယ်လိုဖြစ်လာရတာလဲ"
"သူငယ်ချင်းတစ်ယောက်ကdinnerဖိတ်လို့ရတနာနဲ့တူတူသွားတာ ဟိုရောက်တော့ ဝိုင်တွေကြီးပဲဇွတ်သောက်နေတာ တားမရစီးမရနဲ့"စိတ်ပျက်ပျက်လေသံဖြင့်ပြောနေသည်။
"ဟာ အန်တီနဲ့တော့ ခက်တော့တာပဲ"နှင်းတိုးတိုးလေးရွတ်လိုက်သော်လည်း နားပါးလှသော ဒေါ်သန္တာမှ
"သမီးကိုလည်း မေမေမေးပါဦးမယ်"
"ဟုတ်"
"သမီးနဲ့ရတနာနဲ့ကချစ်သူတွေလား"သူမအမေ၏ မေးခွန်းကြောင့်ရှက်သွေးဖြာ၍ မျက်နှာကြီးတစ်ခုလုံး နီရဲနေလေသည်။
"အင်း သမီးရယ် မေမေနားလည်ပါတယ် ဒါပေမဲ့သမီးရယ် ရတနာ့ကိုတကယ်ချစ်တယ်မလား"
"ဟုတ် သမီးအန်တီ့ကိုအသက်နှင့်တမျှချစ်ပါတယ်"
"ဟုတ်ပါပီ အာ့ဆိုသွားအိပ်တော့လေ ညည့်နက်နေပြီ"
"ဟုတ် ဒါနဲ့ ဖေဖေကဒီနေ့အလုပ်ကိစ္စကြောင့် နယ်သွားရတယ်တဲ့ ပြန်မလာဘူးတဲ့"
"အော် အင်းအင်း"နှင်းလည်း မေမေ့အားကျောပေးကာ အန်တီရှိရာ အခန်းသို့ခြေဦးလှည့်လိုက်သည်။
*ဆက်ရန်*
YOU ARE READING
အန်တီ့အား သိပ်ချစ်ပါသည် (Complete)
Romanceအန်တီ့ကို ချစ်ခဲ့တာ ဘာဂုဏ်ပကာသနမှမပါပါဘူး အန်တီကအန်တီမို့လို့ချစ်ခဲ့တာပါ။ အန်တီသာပြန်ချစ်မယ်ဆိုရင် မိုးနတ်မင်းကိုတောင် ပြန်အန်တုနိုင်ပါတယ် အန်တီ။