Part (6)

8.2K 536 1
                                    

စားစရာတွေရောက်လာသော်လည်း သူတို့နှစ်ယောက်စကားပြောတာမပြီးသေးချေ။ နှင်းလည်း သူတို့နှစ်ယောက်အားကြည့်မနေတော့ပဲ စားစရာရှိတာသာ စားနေတော့သည်။

"အ့ဆို ကျွန်တော်ပြန်တော့မယ် ကိစ္စလေးတွေနဲနဲရှိသေးလို့"

"အင်း" အန်တီကခပ်အေးအေးဖြေလေသည်။ ထိုလူပြန်သွားမှ အန်တီကနှင်းအား သတိရလေသည်ထင်ပါရဲ့။

"အော် နှင်းက ကုန်တောင်သွားပြီပဲ"

"ဟုတ်ကဲ့" နှင်းဖြေသာဖြေလိုက်ရသည်။စိတ်ထဲမှတော့ 'အန်တီက သမီးကိုခုမှလာသတိရပီးတော့'လို့ပြောချင်ပေမဲ့လည်း အပြင်မှာတော့ 'ဟုတ်ကဲ့'တစ်လုံးသာပြောလေသည်။

"အ့ဆို ပြန်ကြမယ်လေ 2နာရီmeetingရှိသေးတယ်"

"အန်တီ မစားတော့ဘူးလား"

"အင်း မဆာတော့လို့" အပြောင်းအလဲမြန်တဲ့အန်တီပါလား မှာတုန်းကမှာပြီး စားလည်း မစားဘူး နှင်းအန်တီ့ကို နားလည်ရခက်နေလေသည်။

Companyပြန်ရောက်သော်-

"နှင်းရေ အန်တီ့ကို ကော်ဖီခါးခါးလေး  တစ်ခွက်လောက် ထပ်ဖျော်ခဲ့ပေးဦး"

'အမ်....ခုနကဘာမှလည်းမစားရသေးဘူး အဲ့တာကိုကော်ဖီကသောက်ဦးမယ်တဲ့ ဟင်း ခက်ပါလား အန်တီရယ်'နှင်းကော်ဖီဖျော်ပေးလိုက်ပြီး အန်တီ့အား

"အန်တီ ကော်ဖီတွေ လျော့သောက်ပါလား"နှင်း မဝံ့မရဲပြောလိုက်သည်။

"ဘာလို့လဲ"အန်တီမှတွေဝေသော အကြည့်ဖြင့် ပြန်မေးလေသည်။

"အန်တီ ကျန်းမာရေးထိခိုက်မာစိုးလို့ပါ ကော်ဖီက ပုံမှန်သောက်တိုင်း မကောင်းဘူးတဲ့"ခေါင်းလေးငုံကာ ဖြေလေသည်။

"ဟုတ်ပါပီ နောက်ဆို လျော့ပါ့မယ်"ခပ်ပြုံးပြုံးလေးဖြင့် ဖြေနေသော အန်တီ။

ထိုအပြုံးလေးအား နှင်းစွဲလမ်းနေခဲ့တာ မဟုတ်လား။ရင်ထဲမာ သံစုံတီးဝိုင်းတီးနေသလားပင် အောက့်မေ့ရလေသည်။

"ဟု ဟုတ်ကဲ့ အန်တီ"ဟု ရင်ခုန်လွန်း၍ အထစ်ထစ်အငေါ့ငါ့ဖြင့် ဖြေကာ အခန်းပြင်သို့ အလျင်အမြန်ထွက်သွားလေသည်။အပြင်ရောက်မှ ကိုယ့်ရင်ဘက်ကိုဖိကာ သဘောကျစွာပြုံးလိုက်သည်။

အခန်းထဲ ကျန်ခဲ့သော အန်တီမှာလည်း ပြုံးလျက်ကျန်ခဲ့လေသည်။

"အား ပင်ပန်းလိုက်တာ ညောင်းနေတာပဲ"ဟုဆိုပီး အိမ်ပြန်ရောက်ရောက်ရောက်ချင်း ကုတင်ပေါ်သို့ ပစ်လှဲလိုက်လေသည်။

"သမီးရေ ရေချိုးပီးရင် အောက်ကိုဆင်းခဲ့နော် ထမင်းစားရအောင်လို့" အောက်မှမိခင်ဖြစ်သူကလှမ်းအော်လေသည်။

"ဟုတ် သမီးလာခဲ့မယ်"ဟုပြောသော်လည်း ခနလောက်မှေးလိုက်သေးသည်။ ခနအကြာမှထကာ ရေချိုးလေသည်။

"Wowww သမီးအကြိုက်တွေကြီးပါပဲလား မေမေရ"

"ဟုတ်ပ့ ဟုတ်ပ့ သမီးလေးအကြိုက်ချည်းပဲ ချက်ထားတာပါတော်"

"ဟီး အ့ကြောင့် ချစ်နေရတာ အာဘွား" နှင်းသည် လိုချင်တာရတဲ့ကလေးသဖွယ် သူမအမေကို ချွဲနေလေသည်။
ထမင်းကိုလည်း အားရပါးရစားပီး အိမ်ပေါ်သို့ပြန်တက်သွားလေသည်။

"ဟယ် သီရိမ ငါ့ဆီဖုန်းတွေခေါ်ထားတာ များလှည်ချည်လား"ဖုန်းကိုကြည့်ပီး အံ့ဩစွာပြောနေသော နှင်း။

"ဟလို "

"အော် အေး ခုမှပဲဆက်တော့တယ်"

"Sryဟာ ငါsilentလုပ်မိသွားလို့"

"ထားပါ နင်bossဆီမှ အလုပ်ရသွားတယ်ဆို"

"အေးလေ ငါဒီနေ့မှ အန်တီ့ဆီအလုပ်စဝင်တာ အ့ဘာဖြစ်တုန်း"

"အော် ဘာမှမဖြစ်ပါဖူး ငါကဒီတိုင်းမေးကြည့်တာပါ နင်လည်း ပင်ပန်းနေမာပဲ နားတော့လေ အ့ဆိုရင်လည်းဒါပဲလေနော့်"သူဟာသူပြောကာ ဖုန်းချသွားသော သီရိ။

"ဘာလဲဟ" ခနအကြာ နှင်းလည်း အိပ်ချင်လာသည်နှင့် အိပ်ပစ်လိုက်သည်။

*ဆက်ရန်*

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now