Part (31)

8.5K 497 40
                                    

"ဘာ!!!"ဟု ကျယ်လောင်စွာ ထအောက်လိုက်သော ရတီ။

"ဟယ် ဖြေး‌ဖြေးအော်ပါဟယ် နင်လုပ်မှငါသေမာ သိလား"ဟု ရီသံစွတ်ကာပြောလိုက်သော နှင်း။

"နင်ကဘာလို့အဲ့လိုဖြစ်ရမာလဲ မ‌ဖြစ်နိုင်ဘူးနော် ဟျောင့်"ဟုဆိုကာ မျက်ရည်ကျလာသော သူရ။

"နင်တို့ကလည်းဟာ အဲ့လိုကြီးလုပ်မနေပါနဲ့"

"နင်အန်တီသိပြီးပြီလား"

"ဟင့်အင်း ငါမပြောရသေးဘူး"

"ငါမနက်ဖြန်အန်တီ့ကိုပြောမလို့"ဟု ဆိုလာသောနှင်း။ သူမအား သနားသောမျက်လုံးများဖြင့် ကြည့်နေကြသော သူမသူငယ်ချင်းသုံးယောက်။

သူမသူငယ်ချင်းသုံးယောက်လည်း ထိုနေ့တစ်နေကုန် သူမအိမ်မှာနေကာ သူမနှင့်အဖော်ပြုပြီး ဟာသလေးများပြောခဲ့ကြသည်။ နှင်းဒီလိုသူငယ်ချင်းများအား နောက်ထပ် ရှာ‌လို့မတွေ့နိုင်‌တော့ပါ။

ညရောက်သော်
"ဟယ်လို အန်တီ"

"ဟယ်လို သမီးငယ်"

"ဟုတ် အန်တီမနက်ဖြန်အားလားဟင်"

"မနက်ဖြန် မနက်ဖြန် အားပါတယ် သမီးရဲ့"

"ဟုတ် အာ့ဆို နှင်းတို့မနက်ဖြန် လျှောက်လည်ကြမယ်လေ"

"ကောင်းပါပြီ သမီးလေး သဘောပါရှင်"

"ဟုတ် အန်တီဘယ်အချိန်လာခဲ့မလဲဟင်"

"အမ်းး 9နာရီလောက် လာခဲ့မယ်လေ"

"ဟုတ် အဲ့ဒါဆို မနက်ဖြန်ကျတွေ့မယ်နော် good nightပါ အန်တီ"

"Good nightပါသမီးငယ်" ထိုသို့ဆိုကာ နှင်းဖုန်းချလိုက်သည်။ နှင်းလည်းမနေ့က အတွေးနယ်လွန်၍အိပ်မပျော်ခဲ့သည်မို့ ထိုညတော့ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပစ်လိုက်သည်။

မနက်ရောက်သော်
"ဟယ် ရတနာ နင်ငါ့ဆီလာတာလား"

"ဆိုပါတော့ သမီးလေးက ဒီနေ့လျှောက်လည်ချင်တယ်ဆိုလို့ ငါလာတာ"ဟု ဆိုလိုက်သည်နှင့် နှင်းအ‌မေမျက်နှာ ပျက်သွားသည်။

"ရတနာ ငါနင့်ကိုပြောစရာရှိတယ် နင်စိတ်အေးအေးထားပြီး နားထောင်နော်"

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now