Part (4)

8.5K 555 3
                                    

တစ်ပတ်အကြာတွင် နှင်းတစ်ယောက် အိမ်မှာနေရတာ ငြီးငွေ့လာလေပြီ။ ထို့နောက် ဒီနေ့သည် တနင်္ဂနွေနေ့ဖြစ်၍ သူမသူငယ်ချင်းများဆီ ဖုန်းဆက်လိုက်လေသည်။

"ဟယ်လို"(နှင်း)

"အေး ပြော"(သီရိ)

"နင်ဘာလုပ်နေတုန်း"(နှင်း)

"ဇာတ်ကားကြည့်နေတာ ဟေး"(သီရိ)

"အော် ငါကတော့ တစ်ပတ်လုံး ဇာတ်ကားတွေပဲထိုင်ကြည့်နေတာ ပျင်းလာပီ"

"အေး ပျင်းရင် ငါတို့ကုမ္ပဏီမှာ အလုပ်လာလျှောက်လိုက်"(သီရိ)

"လူခေါ်လို့လား"(နှင်း)

"အေးလေ"(သီရိ)

"ဘယ်လိုနေရာလဲ"(နှင်း)

"Bossရဲ့အတွင်းရေးမှူး"(သီရိ)

"အော် အေး မိုက်တယ်"(နှင်း)

"ဒါပဲ ဒါပဲ ငါအကြည့်ပျက်တယ်"(သီရိ)
ဟုဆိုကာ ဖုန်းချသွားလေသည်။ သေချာသည်မာတော့ နှင်းတစ်ယောက် မနက်ဖြန် အလုပ်သွားလျှောက်ပေတော့မည်။(A/N-အန်တီရှိတာကို🤭)

နောက်နေ့မနက်တွင် နှင်းမြန်မာဝတ်စုံအဖြူရောင်လေးကို ဝတ်ကာ interviewဖြေရန်ပြင်ဆင်နေလေသည်။ အန်တီနှင့်တွေ့ရတော့မာမို့ ပို၍စိတ်လှုပ်ရှားနေသည်။ပြင်ဆင်ပြီး၍ ကားလေးမောင်းကာထွက်သွားလေသည်။

"မနှင်းပန်းချီ ဝင်လို့ရပါပီနော်"

"ဟုတ်ကဲ့"လက်တောင်တုန်နေရှာလေသည်။

"အော် သမီးကိုး"(ရတနာ)

"ဟုတ်"(နှင်း)

"သမီးတို့ အဖေcompanyမှာ လုပ်လည်း ရရဲ့သားနဲ့ကို"

"အာ....အဲ့တာက သမီးကဖေဖေ့companyကို စိတ်မဝင်စားဖူးလေ"(နှင်း)

"ဒါမဲ့ နောက်ကျရင် သမီးကcompanyကိုဦးစီးရမာလေ"(ရတနာ)

"ဟုတ်ပါတယ် သမီးက အန်တီ့ဆီက အလုပ်လည်းလေ့လာရင်း အတွေ့အကြုံလေးယူရင်းပေါ့"(နှင်း)

(A/N-အဲ့လိုမဟုတ်တာ သာသာအသိဆုံး🥲)

"ကောင်းပါပီ နောက်တစ်ပတ်ဆို မင်းအလုပ်ဆင်းလို့ရပြီ"အန်တီမှ ပြုံးလျက်ဖြေလေသည်။

"ဟုတ် ကျေးဇူးပါ အန်တီ" ပါးစပ်ကြီးနားရွက်တစ်ချိတ်မတက် သွားဖြီးပြနေသော နှင်း။

ထိုနေ့အိမ်ပြန်လမ်းသည် နှင်းတစ်ယောက်အတွက် သာယာနေပေတော့မည်။

ညစာစားပွဲတွင်

"သမီး"

"ရှင် အဖေ"

"ဒီနေ့ရတနာတို့companyကို အလုပ်သွားလျှောက်တယ်ဆို"

"ဟုတ်"

"ဘာလို့လဲ သမီးရဲ့ သမီးအဖေcompanyမာလုပ်လို့ရရဲ့သားနဲ့"သူမအမေမှဝင်ပြောလေသည်။

"ဟုတ် သမီးသိပါတယ် ဒါမဲ့ သမီးမှ မလုပ်ချင်တာ"

"အင်းပါ သမီးသဘော သမီးသဘော"

"ဒါမဲ့ သမီး နောက်ကျရင် ဒီcompanyကိုသမီးပဲဦးစီးရမာနော်"သူမ၏အဖေဦးကိုဦးမှပြောလေသည်။

"ဟုတ်ကဲ့"အမှန်တော့ နှင်းသည်အလုပ်လုပ်ရမာ အင်မတန်ပျင်းသောကောင်မလေးပင်။ ဒါပေမဲ့ သူ့အန်တီနဲ့တူတူလုပ်ရမည်ဆိုသောကြောင့် အလုပ်သွားလျှောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဟူး နောက်တစ်ပတ်တောင် စောင့်ရအုံးမယ်ကွာ ဖြစ်နိုင်ရင် မနက်ဖြန်တောင်သွားချင်တာ ဟီး'သူ့အတွေးနှင့်သူတော့ဟုတ်နေသည်။

*ဆက်ရန်*

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now