Part (22)

7.3K 477 12
                                    

"ဟယ်လို"

"ဟုတ် အန်တီပြောလေ"

"မောင့်ကိုပြောရမှာတော့ အားနာပါတယ်"

"ဟင် ဘာဖြစ်လို့လဲ"

"ဟို အန်တီမနက်ဖြန်ကျရင် အမေရိကကိုအရေးတကြီးသွားရမာ"

"ဟင် ဘာလို့လဲ"

"အန်တီ့ဦးလေးကျန်းမာရေး အသည်းအသန် ဖြစ်လို့ ဆေးရုံတင်ထားရတယ်တဲ့"

"ဟာ ဟုတ်လား အန်တီခင်ရောပါလား"

"အင်းပေါ့ မေမေမောင်လေ မေမေပါရမှာပေါ့မောင်ရဲ့"

"အင်းပါ မောင်ရောလိုက်လို့မရဘူးလားဟင်"ပြောရင်းအသံကလေးတိုးဝင်သွားသည်။

"မောင်က အန်တီမရှိတုန်း companyကို ဦးစီးရမယ်လေ"

"အ့တာတော့ ဟုတ်ပါတယ် ဒါပေမဲ့အန်တီ့ကို လွမ်းနေရမာပေါ့"

"အဲ့ဒါဆိုရင်လည်း ညတိုင်းဖုန်းပြောမယ်လေနော့်"

"ဟုတ်"နှင်းတစ်ယောက် အန်တီ့အားမလွတ်ချင်ပေ။ ဘာကြောင့်ရယ်မသိ အန်တီ့အား စိတ်မချဖြစ်နေသည်။

"အ့ဆို မနက်ကျအန်တီ့ကိုလေဆိပ်တော့လိုက်ပို့မယ်လေနော်"

"ဟုတ်ပါပြီရှင့် အ့ဆိုအိမ်ကို8နာရီလာခဲ့လေ လေယာဉ်က9နာရီခွဲထွက်မှာမို့"

"ဟုတ်"

"ဒါပဲနော် ကျွန်မရဲ့တစ်ဦးတည်းသော ကြင်ယာတော်လေး"

"ဟုတ်ပါပြီရှင့်" နှင်းထိုညကိုတော့ ဘာမျှမတွေးတော့ပဲ အိပ်ပစ်လိုက်သည်။ မနက်ကျချစ်ရသူအား လေဆိပ်လိုက်ပို့ရမည်မလား။

နှင်းသည် မနက်မိုးလင်းရင် အမြဲတမ်းမနိုးတတ်သောကြောင့် နိုးစက်ထားထားရသည်။ သို့သော်လည်း မနိုးပါ။ နိုးစက်ပိတ်ပြီး အမြဲတမ်းပြန်အိပ်တတ်သည်။ ဒါကြောင့်မို့ဒီနေ့ နှင်းအန်တီနှင့်ဖုန်းပြောပြီးကတည်းက အိပ်လိုက်သည်။ မတော်ရသေးသည့် ယောက်ခမဆီမှ အမှတ်လည်းယူရဦးမည် မဟုတ်လား။

သို့သော် နှင်းနိုးမည်ထင်ပါသလား။
ဟင့်အင်း.......မနိုးခဲ့ပါဘူး

"အင့် ဝါးးးးးး"

"ဘယ်နှနာရီတောင်ထိုးပြီလဲကွာ" ပြောရင်းဖြင့် အခန်းထဲမှနာရီအားလှမ်းကြည့်လိုက်သည်။

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now