"သမီးငယ်"
"ရှင်"အ၀တ်တွေထုတ်ရင်း သူမအားမော့ကြည့်ကာ ဖြေလိုက်သည်။
"အန်တီရေချိုးလိုက်အုံးမယ်"
"ဟုတ်"နှင်းလည်း အန်တီနေရာချပေးခဲ့တဲ့အခန်းထဲ အ၀တ်တွေထုတ်နေလိုက်သည်။
မကြာမီ နှင်းဖုန်းလေးမြည်လာ၍ ကြည့်လိုက်သည်။ နှင်း၏သူငယ်ချင်း နွေဦးပင်။
"ဟယ်လို"
"ဟယ်လို ဖေ-ိုးမရယ်"
"ကမရယ် အသာလုပ်ပါဟ"
"နင်ခုဘယ်မတုန်း"
"အန်တီ့အိမ်မှာ"
"အော် ကမ သူသာယာနေတာ"
"ဟဲဟဲ ဒါနဲ့ ငါစုံစမ်းခိုင်းထားတဲ့ကိစ္စအဆင်ပြေလား"
"အေး ဆက်စုံစမ်းတုန်း"
"အေးပါ ရရင် ငါ့ကိုချက်ချင်းအသိပေးနော်"
"အေးအေး"ထိုသို့ဆိုကာ ဖုန်းချလိုက်သည်။
အန်တီရေချိုးနေသည်မှာ ကြာနေသည်မို့ နှင်းတစ်ယောက် အန်တီ့အားစိတ်မချဖြစ်ကာ သူမအခန်းထဲသို့၀င်သွားလိုက်သည်။သူမအခန်းထဲသို့၀င်သွားသည်နှင့် ရေချိုးခန်းထဲမှ ရေသံကြားလိုက်မိသောကြောင့် အန်တီရေချိုးတာမပြီးသေးလို့ပဲဟုတွေးလိုက်မိသည်။ဒါကြောင့်မို့
"အန်တီရေ ရေချိုးနေတာကြာနေပြီနော် မြန်မြန်လုပ်"
"အွန်းပါ"ဟုဆိုလာသည်။ နှင်းလည်း သူမကုတင်နားထိုင်ကာ စောင့်နေလိုက်သည်။
ခနအကြာ
"ဂျောက်"(တံခါးဖွင့်သံညော်🥲)
"အန်တီ"ဟုတိုးတိုးလေးညည်းလိုက်မိသည်။ အန်တီရေချိုးခန်းထဲမှ တဘက်ကလေးတစ်ထည်သာ၀တ်ပြီး ရင်လျားကာ ထွက်လာသည်။ နှင်းမှာတော့ တွေတွေကြီး စိုက်ကြည့်နေမိသည်။
"ဟိတ် အဲ့လောက်ကြီးကြည့်မနေနဲ့လေကွယ်" ဟု မျက်နှာကလေးနီကာ ပြောလာသည်။ ကျွန်မရဲ့ချစ်ရသူက ရှက်သွေးဖြာနေသည်တဲ့လေ။ ထို့ကြောင့် နှင်းလည်း အန်တီ့အနားလေးကပ်ကာ နှုမ်းခမ်းလေးအား အနမ်းပေးလိုက်သည်။
"အောက်မှာစောင့်နေမယ်နော်"ဟု ပြောကာ အခန်းပြင်သို့ပြေးထွက်သွားသည်။
YOU ARE READING
အန်တီ့အား သိပ်ချစ်ပါသည် (Complete)
Romanceအန်တီ့ကို ချစ်ခဲ့တာ ဘာဂုဏ်ပကာသနမှမပါပါဘူး အန်တီကအန်တီမို့လို့ချစ်ခဲ့တာပါ။ အန်တီသာပြန်ချစ်မယ်ဆိုရင် မိုးနတ်မင်းကိုတောင် ပြန်အန်တုနိုင်ပါတယ် အန်တီ။