Part (32) End

16.4K 668 50
                                    

10နှစ်ခန့်ကြာသော်

"သမီးရေ မြန်မြန်လုပ်လေ ကျောင်းနောက်ကျတော့မယ် သမီးရဲ့"ဟုပြောနေသော ဒေါ်ရတနာမြင့်။

"ပြီးပါပြီ မေမေရဲ့"ဟု ပြောကာ အိမ်ပေါ်မှပြေးဆင်းလာသော ၈နှစ်အရွယ်ကလေးမလေးတစ်ယောက်။

"သမီးရယ် မပြေးနဲ့လေကွယ် ရှပ်ပြာရှပ်ပြာနဲ့"

"ဟီး အဲ့ဒါတော့မာမီတူတာ"

"ကဲပါ လာ ကားပေါ်တက် သွားရအောင်" ဟုတ်ပါသည်။ ကျွန်မနဲ့ နှင်းလက်ထပ်ထားတာ ၁၀နှစ်ခန့်ရှိခဲ့ပြီ။ မကြာမှီပင် သူမက ကျွန်မကို အလုပ်မှနားခိုင်း၍ company အလုပ်များအား လက်လွဲယူကာ သူမပင် ဦးစီးနေလေရဲ့။ ကျွန်မတို့မှာ နှင်းရတနာဆိုတော့ သမီးလေးတစ်ယောက် ရှိနေပြီလေ။ နှင်းမှ 'အန်တီကလေးယူရအောင်ကွာ"ဟုပြောနေတာမို့ ကလေးယူခဲ့ခြင်းသာ။

"ဟာ မာမီ ပြန်လာပြီ"

"လာပါအုံး သမီးလေးရဲ့"ဟုဆိုကာ ကလေးအား အချစ်ပိုနေသော သူမအား မီးဖိုခန်းထဲမှ လှမ်းကြည့်ကာ ပြုံးလိုက်မိသည်။

"မိန်းမရေ သမီးမေမေရော"

"မေမေ မီးဖိုခန်းထဲမှာ ဟင်းချက်နေတယ်"

"ဟာ အန်တီကတော့လေ"ဟုဆိုကာ ထိုင်နေရာမှ ချက်ချင်းထလိုက်ကာ သူမဆီသို့သွားလိုက်သည်။

ပြီးမှ နောက်က‌နေ ခါးလေးအားဖက်ကာ
"လွမ်းနေတာ အန်တီ"

"အမလေး လွှတ်ပါအုံးကွယ် ဒီမှာဟင်းချက်နေတာကို"

"မနွယ်ကိုလုပ်ခိုင်းလိုက်လေ မိန်းမရဲ့နော်"

"တော်ပါ ပြီးရင် ရှင်ကဟိုဟာမစားဘူးလေ ဒီဟာမစားဘူးလေနဲ့ကို"

"အဲ့ဒါတော့....."

"ကဲပါ ရေသွားချိုး ပြီးရင်ထမင်းစားဖို့ ဆင်းလာခဲ့"

"ဟုတ်ကဲ့ပါရှင်"ဟုဆိုကာ ချစ်ရသူပါးလေးအား လျှပ်တပြတ်နမ်းလိုက်ပြီး ကိုယ့်အခန်းကိုယ် ပြေးလိုက်သည်။ ကျန်ခဲ့သောအန်တီမှာတော့ ပြုံးပြုံးကြီးကျန်ခဲ့လေရဲ့။

"သမီးလေး စာလိုက်နိုင်ရဲ့လား"

"ဟုတ် မာမီ"

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now