ဒီနေ့တော့ နှင်းရဲ့birthdayဖြစ်တဲ့အတွက် ကျွန်မလည်း မနက်ကတည်းက ပြင်ဆင်နေသည်။
"ကဲ ဦးလေးရေ သွားလို့ရပီ"ပြင်ဆင်ပြီးသွား၍ဒါရိုက်ဘာအား သွားရန်ပြောလိုက်သည်။သူမသည် ဒီနေ့အဖြူရောင်ဝမ်းဆက်ကလေးကိုဝတ်ထားသည်။ ဖြူလွင်သော သူမရဲ့အသားအရေနှင့်သိပ်ကိုလိုက်ဖက်လွန်းလှသည်။ သူမအလှသည် မြင်သူတကာငေးမောချင်စရာကောင်းလှပေသည်။
ကျွန်မ ကလေးမအိမ်ဝင်ဝင်ချင်း ကားတွေအများကြီးအားတွေ့လိုက်ရသည်။ birthday partyက လူများသားပဲဟုတွေးလိုက်မိသည်။ကျွန်မရောက်သည်ကိုတွေ့၍ လာကြိုသော ထိုကလေးမ။ ဂါဝန်အဖြူလေးကို သေသပ်စွာဝတ်ဆင်းထားသော သူမ။အို.......ချစ်စရာလေးပါလား။
"အန်တီ ဘာလို့နောက်ကျနေတာလဲ"ကျွန်မလက်အား ချိတ်ကာမေးရင်းpartyလုပ်မည့်အခန်းထဲခေါ်သွားလေသည်။
"ရှင်လေးအတွက်လည်း presentဝယ်ရသေးတယ်လေ"
"ဟာ အန်တီကလည်း သမီးကဒါတွေမလိုချင်ပါဘူး"
"အဲ့တာဆိုဘာလိုချင်တာလဲ"
"အန်တီ့ကိုလေ"
"ဟာ ဒီကလေးမ"မျက်နှာကြီးနီရဲသွားသော ဒေါ်ရတနာမြင့်။
"ဟာ ရတနာ နင်လာပြီလား" ဒေါ်သန္တာမှ ရတနာအားလှမ်းပြောလိုက်သည်။
"အေး"ဟုဆိုကာ သူမနားသွားထိုင်ကာ စကားပြောနေလိုက်သည်။
ခနအကြာ
"Happy birthday to you
Happy birthday to you
Happy birthday dear hnin
Happy birthday to you"သီချင်းဆုံးသည်နှင့် ရုတ်တရတ် မီးပျက်သွားလေသည်။
"ဟာ....ဟင်"ဆိုသည့်အသံများလည်းကိုယ်စီထွက်လာကြလေသည်။ မီးပြန်ပွင့်လာတော့ မွေးနေ့ရှင်ဖြစ်သော နှင်းမရှိတော့ပေ။ နှင်း၏သူငယ်ချင်းဖြစ်သူ သူရတို့မှာလည်း တိုင်ပတ်ထားသလိုမဟုတ်၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း တွေဝေနေပုံပင်။ကလေး....ကျွန်မရဲ့ကလေးလေး သူဘယ်မှာလဲ။ဒေါ်ရတနာမြင့်တစ်ယောက် နှင်းပျောက်သွား၍ ခေါင်းမီးတောက်အောင်ရှာနေလေသည်။ ရုတ်တရတ် birthday cakeနားက စာတစ်စောင်ကိုသူမတွေ့သွားသည်။ စာထဲမှာက
"ဒေါ်ရတနာမြင့် ခင်ဗျားကိုကျုပ်ကိုလွဲရင်ဘယ်သူမှမပိုင်စေရဘူး ဟားဟား ခုတော့ကျုပ်နဲ့အတူ တူတူပုန်းတမ်းလေးစကားလိုက်ရအောင် "'တောက်!!!!
နှင်းကိုဖမ်းသွားတဲ့သူက ဘယ်သူလဲဆိုတာ မသိပေမဲ့ ကလေးတစ်ခုခုဖြစ်ရင် ရှင်မလွယ်ဘူးမှတ်´ စာရွက်ကိုင်ထားသောလက်များပင်တုန်အောင် ရတနာစိတ်ထဲတွင်ကြုံးဝါးနေသည်။ ကျွန်မကလေးကိုအဆုံးအရှုံးမခံနိုင်ပါ။ ကျွန်မသူ့ကိုချစ်ပါသည်။ ရင်နှင့်မကချစ်ပါသည်။ အသက်ထက်ကိုပိုချစ်ပါသည်။ ကလေးမကို မတွေ့တွေ့အောင် ရှာမည်ဟုဆိုကာ ကားကို ကိုယ်တိုင်မောင်းပြီး နေရာအနှံ့ရှာနေမိသည်။"ရှင်ဘယ်သူလဲ ဘာလို့ကျွန်မကို ချုပ်ထားရတာလဲ"နှင်းမျက်လုံးကိုအားယူဖွင့်ကာ သူမကိုနောက်ကျောပေးကာ ရပ်နေသော လူနှစ်ယောက်ကို ပြောလိုက်သည်။
"ဟ ငတိမလေး နိုးလာပြီပဲ ငါတို့က မင်းကိုဖမ်းလာတယ်လေ ဟားဟား"
"ရှင်တို့ဘာလိုချင်လို့လဲ ဘာလို့ကျွန်မကို ဖမ်းရတာလဲ"
"လောလှချည်လား ဖြည်းဖြည်းပေါ့"သူတို့ထဲမှလူတစ်ယောက်ကပြောလေသည်။
"ငါကမင်းဆီက တစ်ခုခုလိုချင်တယ်ဆိုရင်ရော?"အမှောင်ထဲမှ မျက်နှာဖုံးအနက်နှင့်လူတစ်ယောက်ထွက်လာကာ နှင်းကိုကြည့်ကာပြောလေသည်။
"ရှင်ကဘာလိုချင်တာမို့လို့လဲ"
"အန်တီရတနာမြင့်ကို"
"ဘာ!"နှင်းအော်လိုက်တာ ဂိုဒေါင်တစ်ခုလုံးနှင်းအသံဟိန်းသွားသည်။
"ဟုတ်တယ် ငါလိုချင်တာ ဒေါ်ရတနာမြင့်ကို"
"ဘာလို့လဲ ဘာလို့အန်တီ့ကိုမှလဲ"
"ငါ သူမကိုချစ်တယ် သူမကိုရမယ်ဆိုရင် ငါဘာလုပ်ရလုပ်ရလုပ်နိုင်တယ်!!!"
*ဆက်ရန်*
YOU ARE READING
အန်တီ့အား သိပ်ချစ်ပါသည် (Complete)
Romanceအန်တီ့ကို ချစ်ခဲ့တာ ဘာဂုဏ်ပကာသနမှမပါပါဘူး အန်တီကအန်တီမို့လို့ချစ်ခဲ့တာပါ။ အန်တီသာပြန်ချစ်မယ်ဆိုရင် မိုးနတ်မင်းကိုတောင် ပြန်အန်တုနိုင်ပါတယ် အန်တီ။