"သမီး အန်တီ့ကိုချစ်နေတာကိုလေ!!!!"အမှန်တော့ နှင်းပါးစပ်ကလွှတ်ခနဲထွက်သွားခြင်းသာ။
"ရှင်"အန်တီ့ပါးကလေးရဲတက်သွားပြီး မျက်လွှာကလေးချကာ ခေါင်းကိုငုံထားလေသည်။
နှင်းပြောလက်စနဲ့မထူးဇာတ်ခင်းကာ"အန်တီမယုံဘူးလားဟင်"
"အန်တီတို့ကဘယ်လိုမှမဖြစ်နိုင်ပါဘူးသမီးရယ်"
"ဘာလို့မဖြစ်နိုင်ရမှာလဲ"
"သမီးကလည်း မိန်းကလေး အန်တီကလည်းမိန်းကလေး ပြီးတော့အန်တီကသမီးအမေရဲ့သူငယ်ချင်း နောက်ပီးသမီးရဲ့အလုပ်ရှင်!"အန်တီ့အသံကလေးတိမ်ဝင်သွားလေသည်။
နှင်းအန်တီ့နား မဝံ့မရဲလေးလျှောက်သွားကာ အန်တီလက်အားကိုင်လိုက်ပြီးသူမရင်ဘက်ပေါ်တင်လိုက်သည်။
"အန်တီကြားလား သမီးရင်ခုန်သံတွေကို အန်တီနဲ့တွေ့မှစခဲ့တဲ့သမီးရဲ့ဒီရင်ခုန်သံတွေ နောက်လည်း ဒီရင်ခုန်သံတွေက အန်တီ့အတွက်ပဲ"
"အချစ်နဲ့စစ်မှာမတရားတာမရှိဘူးတဲ့ အန်တီသာပြန်ချစ်မယ်ဆိုရင်မိုးနတ်မင်းကိုတောင်ပြန်အန်တုနိုင်ပါတယ် အန်တီရယ်" အန်တီမှာတော့ ရင်ခုန်လွန်း၍ နှင်းကြားသွားမည်ကိုတောင် စိတ်ပူနေခဲ့ရသည်။
"ဒါပေမဲ့ အန်တီစဉ်းစားပါရစေကွယ်"
"ဟုတ်ပါပီ အန်တီ အန်တီရဲ့အဖြေကို သမီးစောင့်နေပါ့မယ်"ဟုဆိုကာ အန်တီ့ရဲ့လက်ကလေးကိုလွတ်ပေးလိုက်သည်။
ထိို့နောက် လက်မှတ်ထိုးထားသည့်ဖိုင်တွဲကိုယူကာ အခန်းပြင်သို့ထွက်သွားလေသည်။
အန်တီမှာတော့
"ငါဘာလို့ ရင်တွေအရမ်းခုန်နေရတာလဲ ငါဒီကလေးမကိုချစ်နေပြီလား"ရင်ဘတ်ကလေးအားလက်ဖြင့်စမ်းကာ ပြောနေသည်။'ဟူး အန်တီအဖြေကငါ့ကိုဝမ်းမနည်းစေဖို့ပဲမျော်လင့်ပါတယ်'
ဒီလိုနဲ့ပဲ နှင်းတစ်ယောက် အန်တီ့ရဲ့အဖြေကိုရရန် လပေါင်းများစွာစောင့်ခဲ့ရသည်။သို့သော် နှင်းဘက်မှာအဖြေတောင်းလျှင်အန်တီမှတစ်နေရာသို့ရှောင်ရှောင်ထွက်သွားသည်။ထို့ကြောင့်နှင်းလည်းအကြပ်ရိုက်နေတော့သည်။"ငါဘယ်လိုလုပ်ရမလဲဟာ"သူငယ်ချင်းတွေထံမှအကူအညီတောင်းနေသောသူမ။
"ငါ့မှာအကြံရှိတယ်"ဟု သီရိမှဝင်ပြောလေသည်။သူငယ်ချင်းလေးယောက်ခေါင်းချင်းဆိုင်ဆွေးနွေးပြီးနောက်
"ဖြစ်ပါ့မလားဟ နင့်ဟာကြီးက"နှင်းမှပြောလေသည်။
"ဖြစ်မာပါ"ဟုစပ်ဖြီးဖြီးရုပ်ဖြင့်သီရိမှပြောလေသည်။
"ဒါဆိုငါတို့ဘယ်နေ့စမလဲ"သူရမှနှင်းအားကြည့်ကာမေးသည်။
"ငါ့birthday partyကျရင်စတာပေါ့"အမှန်တော့ နှင်းရဲ့birthdayရောက်ဖို့တစ်ပတ်မျှသာလိုတော့သည်။
"အန်တီ"
"ရှင်"
"ဟိုလေ လာမဲ့mondayကျရင် သမီးမွေ့နေ့အန်တီ အဲ့တာအန်တီလာနိုင်မလားလို့"ဟုမျက်နှာငယ်ကလေးဖြင့်ပြောနေသော နှင်း။
"လာမှာပေါ့ကွယ် ဒါဆိုအဲ့နေကျအလုပ်မဆင်းဘူးပေါ့"
"ဟုတ်"
"ဟုတ်ပါပြီ"တကယ်ဆိုရင် ကျွန်မလည်းထိုကလေးကိုမြတ်နိုးနေမိပါသည်။သို့ပေမဲ့ ကျွန်မတို့က ဘယ်လိုမှမဖြစ်နိုင်ဘူးမလား။ကျွန်မရဲ့ဂုဏ်သိက္ခာနဲ့ ကလေးရဲ့ ဂုဏ်သိက္ခာကလည်းရှိသည်လေ။ ဒါကြောင်မို့ နှင်းကအဖြေတောင်းရင် ကျွန်မတစ်ခုခုကိုအကြောင်းပြပြီးရှောင်နေခဲဲ့သည်။
သမီးရယ် သမီးကိုလေ အန်တီအရမ်းချစ်ပါသည်။ ရင်နှင့်မက ချစ်ပါသည်။ ဒါပေမဲ့ ပတ်ဝန်းကျင်က သမီးလေးကို တစ်မျိုးမြင်ကျမှာအန်တီမလိုလားဘူး။
*ဆက်ရန်*
YOU ARE READING
အန်တီ့အား သိပ်ချစ်ပါသည် (Complete)
Romanceအန်တီ့ကို ချစ်ခဲ့တာ ဘာဂုဏ်ပကာသနမှမပါပါဘူး အန်တီကအန်တီမို့လို့ချစ်ခဲ့တာပါ။ အန်တီသာပြန်ချစ်မယ်ဆိုရင် မိုးနတ်မင်းကိုတောင် ပြန်အန်တုနိုင်ပါတယ် အန်တီ။