အန်တီ့ကားလေးသည် နှင်းတို့အိမ်မှ တဖြည်းဖြည်းထွက်ခွာလာခဲ့သည်။ အန်တီသည် ယနေ့driverကို နားရက်ပေးထားလေသည်။ နှင်းမှာတော့ အန်တီမျက်နှာကို စေ့စေ့မကြည့်ရဲ၍ အန်တီ့ဘေးခုံမှာ ဝင်မထိုင်။နောက်ခုံသို့သွားထိုင်လေသည်။ ထိုအခါ အန်တီမှ-
"ရှင်က ကျွန်မကို driverဖြစ်စေချင်နေတာပေါ့"ဟု နောက်ကြည့်မှန်မှ မျက်စောင်းလေးထိုးကာ ပြောနေလေရဲ့။ နှင်းလည်း မနေသာဘဲ ရှေ့ခုံသို့ပြန်ထိုင်ရသည်။ (A/N-အစထဲက ထိုင်ချင်နာကို လာမူနေတယ်😒)
တစ်လမ်းလုံး တိတ်ဆိတ်နေသော သူတို့နှစ်ယောက်။ နှင်းမှပဲတိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်တော့သည်။
"အန်တီ"
"ရှင့်"
"ဟိုလေ မနက်က ကိစ္စကို သမီးတောင်းပန်ပါတယ်အန်တီ" အန်တီတစ်မျိုးထင်မှာစိုး၍ နှင်းတောင်းပန်လိုက်ခြင်းသာ။
"သမီးမရည်ရွယ်ပါဘူး"ပြောရင်းဖြင့် နှင်းခေါင်းလေးငုံ့သွားသည်။ ထိုအရာကိုသိသော ဒေါ်ရတနာမြင့်မှာလည်း ကားကိုချက်ချင်းလမ်းဘေးချရပ်လေသည်။
ထို့နောက် နှင်းဘက်ကိုလှည့်လာကာ
"ရပါတယ် သမီးရဲ့ ဘာမှမဖြစ်ပါဘူး"ဟု ပြုံးပြုံးလေးဆိုသော်လည်း နှင်းမှာခေါင်းမဖော်သေးချေ။
"ခေါင်းလေးမော့ပါဦး" အန်တီမှ နှင်း၏မေးစေ့လေးကိုကိုင်၍ ခေါင်းကိုမော့စေသည်။
"ဟောတော် ငိုနေတာလား" မျက်လုံးထဲ မျက်ရည်တွေဖြင့်ပြည့်နှက်နေသော နှင်းအား အံ့ဩစွာပြောလာသည်။
"မငိုနဲ့တော့နော်"
"အန်တီက သမီးကိုဆူမယ်ထင်ထားတာ"ငိုသံလေးနှင့်ပြောလာသောနှင်း။
"အို မဆူပါဘူး အဲ့တာကြောင့် တိတ်တော့နော်"
"ဟုတ်"မျက်ရည်တွေကို လက်ဖမိုးဖြင့် သုတ်လိုက်ကာ အန်တီ့အားပြုံးပြလိုက်လေသည်။
ထိုအခါမှ နှစ်ယောက်သားစကားလေးတပြောပြောဖြင့် ဘုရားသို့ရောက်သွားကြလေသည်။
နှင်းမှာ အန်တီ့ထက် ဘုရားရှိခိုးတာပိုမြန်တာကြောင့် နေ့နာမ်ထောင့်မှာ ရေသပ္ပာယ်ဖို့သွားရာ နှင်းသူငယ်ချင်းတို့နှင့်တည့်တည့်တိုးလေသည်။
"ဟယ် နှင်းမ"(နွေဦး)
"ဟယ် နင်တို့ဒီရောက်နေကြတာလား"(နှင်း)
"အေး ဟိုမာခနထိုင်ရအောင်"(သီရိ)
"နင်ဒီကို တစ်ယောက်တည်းလာတာလား"(နွေဦး)
"ဟင့်အင်း အန်တီနဲ့လာတာ"(နှင်း)
"အမယ် ကမ ဟုတ်လာချည်လား"(သီရိ)
"ဟီး" နှင်း၏အတွေးစတို့မှာ မနက်ကပုံရိပ်ဆီသို့ရောက်သွားလေသည်။
ပြီးမှ တစ်ယောက်တည်းပြုံးစိစိနှင့်ဖြစ်နေတော့သည်။ ထိုအခါ နွေဦးမှမနေနိုင်တော့ပဲ"ဟဲ့ ဘာတွေသဘောကျနေတာတုန်း"(နွေဦး)
"အေး ငါလည်းမေးမလို့"သံယောင်လိုက်သော သီရိ။
မနက်ကဖြစ်သွားသော ကိစ္စများကို တစ်ခုချင်းရယ်လျက်ပြန်ပြောလေသည်။
"အော် နင်ဟယ် ဖြစ်မှဖြစ်ရလေ"(သီရိ)
"တော်သေးတယ် ဟိုက နင့်ပါးမချသွားတာ"(နွေဦး)
"ဟား ဟား ဟား"(နှင်း)
"ငါလေ အန်တီ့ကိုတကယ်ချစ်မိသွားပြီလားမသိဘူးဟ"
နှင်းကိုကြည့်ကာ မေ့ငေါ့ပြနေသော နွေဦးနဲ့ သီရိ။"ဘာလဲ နင်တို့က ငါ့ကိုမယုံဘူးလား ငါတကယ်ပြောနေတာဟ"နှင်းမှ စိတ်မရှည်တဲ့အသံဖြင့်ပြောနေလေသည်။ထိုအခါ နွေဦးမှနှင်းအနားကပ်၍
"ဟဲ့ ရှေ့ပြော နောက်ကြည့်ဟဲ့" ထိုသို့ဆိုလိုက်မှ နှင်းခေါင်းလေးနောက်သို့လှည့်ကြည့်လိုက်သည်။နှင်းနောက်မှ ခါးလေးထောက်ကာ နှင်းကို ရပ်ကြည့်နေသော အန်တီ။
"အန်.....အန်တီ"
"အင်း"
"ဘယ်......ဘယ်တုန်းက ရောက်နေတာလဲဟင်"သီရိတို့မှာတော့ နှင်းအား တခွီခွီနှင့် ရီနေလေသည်။
"ငါလေ အန်တီ့ကိုတကယ်ချစ်မိသွားပြီလားမသိဘူး ဆိုကတည်းက"
*ဆက်ရန်*
YOU ARE READING
အန်တီ့အား သိပ်ချစ်ပါသည် (Complete)
Romanceအန်တီ့ကို ချစ်ခဲ့တာ ဘာဂုဏ်ပကာသနမှမပါပါဘူး အန်တီကအန်တီမို့လို့ချစ်ခဲ့တာပါ။ အန်တီသာပြန်ချစ်မယ်ဆိုရင် မိုးနတ်မင်းကိုတောင် ပြန်အန်တုနိုင်ပါတယ် အန်တီ။