Part (11)

8K 513 2
                                    

ထိုထမင်းစားဝိုင်းတွင်လည်း နှင်းနဲနဲမျှသာစားသည်။ ပြီးနောက်အခန်းထဲသို့ပြန်ဝင်သွားကာ ဒိုင်ယာရီစာအုပ်လေးအား အခေါက်ပေါင်းမရေနိုင်အောင် ပြန်ဖတ်နေသည်။ အင်း......အန်တီ..
အန်တီ ကြောင့်သမီးတော့ရူးတော့မာပဲ

မနက်မိုးလင်းသော် မိုးလင်းတာတောင်မနိုးသေးသည့်သမီးဖြစ်သူအား ဒေါ်သန္တာနိုးရသည်။

"ဟဲ့သမီး ထတော့ အလုပ်သွားရအုံးမယ်မလား"ပထမတော့ နှင်းမထချင်သေး၍ ဟိုလိမ့်ဒီလိမ့်လုပ်နေသော်လည်း အလုပ်သွားရမည်ကိုသတိရကာ ကပြာကယာကုန်းထရတော့သည်။

အလုပ်နောက်ကျနေသဖြင့် မနက်စာတောင်မစားနိုင်ပဲ companyသို့သွားရလေသည်။ အန်တီမှစည်းကမ်းတစ်ခုထုတ်ထားသည်။ထိုသည်မှာ အလုပ်နောက်ကျလျှင် လစာလျှော့မည်ဖြစ်ပြီး သူမ၏ဆူတာကိုလည်း ခံရပေမည်။ နှင်းတော့ထိုကဲ့သို့အဖြစ်မခံနိုင်ပေ။ သူမ၏အန်တီဆီမှ အမှတ်ယူရအုံးမည်မဟုတ်လား။

သို့သော် နှင်း၏ပျင်းရိနေမှုကြောင့် အလုပ်ကိုနာရီဝက်ကျော်ကာ နောက်ကျလေပြီ။

"အားးး သေလိုက်ပါတော့ နှင်းရယ် ဒီနေ့က မနက်အစောရီးmeetingရှိပါတယ်ဆိုနေ"ဟုဆိုကာ ကိုယ့်နဖူးကိုယ်ရိုက်ကာငြီးညူနေသည်။

အစည်းအဝေးခန်းရှေ့မှာ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်လုပ်နေပြီး ခနအကြာ "ဒီတိုင်းနေလို့​တော့ ပိုအဆူခံရလိမ့်မယ်"ဟုတွေးကာ အစည်းအဝေးခန်းထဲကိုဝင်ချသွားတော့သည်။

အခန်းထဲသို့ရောက်သည်နှင့် နှင်းကိုမကျေနပ်ကြသည့်သူများမှာ နင်အလုပ်နောက်ကျပြီခုတော့ဘာတတ်နိုင်သေးလဲဆိုသည့်မျက်လုံးများဖြင့်ကြည့်နေကြသည်။ နှင်းမှာတော့ သူတို့၏အကြည့်များနှင့် သူမ၏အကြည့်များအား မကြည့်နိုင်၍ခေါင်းကိုသာငုံ့ထားတော့သည်။ ရုတ်တရတ်-

"အဟမ်း  ဟိုတစ်ခါထုတ်ထားတဲ့ အလုပ်နောက်ကျရင် လစာထဲကဖြတ်မည်ဆိုတဲ့စည်းကမ်းကိုဒီနေ့ကစပြီးဖြတ်သိမ်းတယ်" အန်တီ....ဟုတ်ပါသည်... နှင်းအံသြစွာဖြင့် အန်တီ့အားမော့ကြည့်လိုက်သည်။

အန်တီသည်နှင်းအားကြည့်ကာ ပါးချိုင့်ကလေးပေါ်အောင်ပြုံးပြနေသည်။
နှင်းကိုမကျေနပ်တဲ့လူတွေကတော့ မျက်ထောင့်နီကြီးများဖြင့်စိုက်ကြည့်နေလေရဲ့။

အစည်းအဝေးပြီးသွားသော် အန်တီမှနှင်းအား ခေါ်လေသည်။

"နှင်းရေ ခဏလာအုံး"

"ဟုတ်ကဲ့"

"ပြောပါဦး ဒီနေ့အလုပ်နောက်ကျရတဲ့အကြောင်းအရင်း"

"ဟိုလေ သမီးညကနောက်ကျမှအိပ်မိလို့ အဲ့တာ မနက်ကျတော့ နောက်ကျမှနိုးတာမို့လို့ပါ အန်တီ"

"အော် အဲ့တာဆို ညကဘာလုပ်နေလို့လဲ" ဟင် အန်တီ့အကြောင်းရေးထားတဲ့ဒိုင်ယာရီစာအုပ်ကိုဖတ်နေတာလို့ပဲပြောရင်လဲ အဆင်​ကမ​ပြေပြန်။နောက်ဆုံးတော့

"ညကဖုန်းကြည့်တာများသွားလို့ပါအန်တီ"အန်တီ့အား နောက်ထပ်အလိမ်အညာစကားထပ်သုံးလိုက်ရပြန်သည်။ တောင်းပန်ပါတယ်အန်တီရယ်။စိတ်ထဲမှသာကြိတ်ပြီးတောင်းပန်နေသည်။

"အော် နောက်ဆိုစောစောအိပ်နော် "

"ဟုတ်"

"ခုရော ဘာစားပြီးပြီလဲ"

"ဘာမှမစားရသေးဘူးလေ အန်တီ"

"ဟင် နေ့လည်​တောင်ရောက်နေပြီကို မဟုတ်မှလွဲရော နောက်ကျနေပြီဆိုပြီး ဘာမှစားမလာတာမဟုတ်လား"လက်ပတ်နာရီကိုငုံ့ကြည့်ကာ ပြောနေသောအန်တီ။

"ဟီး ဟုတ်"

"ထင်သားပဲ အဲ့တာဆို တစ်ခုခုသွားစားရအောင် အန်တီလည်း ဗိုက်ဆာနေပြီ"

"ဟုတ် အန်တီ"ဟုဆိုကာ နှစ်ယောက်သား စားသောက်ဆိုင်လေးတစ်ဆိုင်သို့ထွက်ခဲ့လေသည်။ (A/N-အမှန်တော့လေ နှင်းကအစားပုတ်ကလေးပါ အဟီး 😋)

*ဆက်ရန်*

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now