ထိုနေ့မှ တိုက်တိုက်ဆိုင်ဆိုင် နှင်းမှာ ကားပါမလာခဲ့ပေ။ ထို့ကြောင့် အန်တီကပင် အိမ်သို့လိုက်ပို့ပေးခဲ့ရသည်။ နှင်းအိမ်ရောက်သော်လည်း နှင်း၏မိခင်ဖြစ်သူ သူမ၏သူငယ်ချင်းနှင့် စကားထိုင်ပြောနေလေသည်။ စကားပြောနေသည်မှာ အိမ်ပြန်ဖို့ပင်မေ့လျော့လို့နေသည်။
"အေးပါ ဒါဆိုငါပြန်တော့မယ် နောက်လည်းကျနေပီမို့"
"အေး ဂရုစိုက်ပြန်နော် ရတနာ"
"အေး" သူမ ပြန်မှသာနှင်းလည်း ကိုယ့်အခန်းကိုဝင်ရတော့သည်။
အခန်းထဲရောက်သော် သက်ပြင်းချနေမိသည်။ အန်တီ့အားကျေးဇူးတင်ပါသည်။ သူမ မိခင်အားနေယက်ကျသည့်အကြောင်းအား ရှင်းပြပေးခဲ့သည်မို့။
"အို မနက်ဖြန်sundayပဲ"ပြက္ခဒိန် ကြည့်ကာ ပြောလိုက်သောနှင်း။မနက်ဖြန်တော့ လွပ်လွပ်လပ်လပ်နားမည်ဟုတွေးကာ ပျော်နေလေသည်။
ရေမိုးချိုးကာ ညစာစားပြီး အိပ်ပစ်လိုက်သည်။ နှင်းဘာကိုမျှမတွေးမိချင်။ သို့သော် အိမ်မက်ထဲ၌ သူမရောက်လာလေသည်။သူမ...ဟုတ်တယ်...သူမမှသူမအစစ်။ နှင်းကိုသူမရဲ့သွားတက်ကလေးနဲ့ပါးချိုင့်ကလေးများပေါ်အောင် ပြုံးပြနေသည်။ အဖြူရောင်ဝမ်းဆက်ကလေးကိုဝတ်ကာ နှင်းကိုပြုံးပြနေသော အန်တီ။ လှလိုက်တာ အန်တီရယ်။ ဒီအပြုံးလေးတွေနဲ့ နှင်းရဲ့နှလုံးသားကို အပိုင်ယူသွားသော အန်တီ။ အိမ်မက်ထဲမှာတောင်မှ အန်တီက အရမ်းကိုလှနေပါသည်။ကားသံကြား၍ ဒေါ်သန္တာထွက်ကြည့်ရာ သူမ၏သူငယ်ချင်းရတနာကိုတွေ့လိုက်ရသည်။
"ဟာ....ရတနာ အစောရီး ဒီကို ဘာလာလုပ်တာတုန်း"
"ငါ ဒီနေ့ဘုရားသွားမလို့ အဲ့ဒါ နှင်းကို အဖော်လာစပ်တာ"သွားလေးဖြီးကာပြောနေသော ရတနာ။
"အော် သမီးက အပေါ်မာ အိပ်နေတုန်းဟ နင်တက်သွားချင်တက်သွားလေ"
"အေးအေး" နှင်းခဗျာ အိမ်မက်ကောင်းနေလေသည်။ ယခုထိမနိုးသေးချေ။
တံခါးခေါက်သော်လည်း လာမဖွင့်သော ကလေးမကြောင့် ဒေါ်ရတနာမြင့်ကိုယ့်ဘာသာကိုယ်တံခါးဖွင့်ကာ ဝင်လာလိုက်သည်။ အိမ်မောကျနေသော နှင်းကိုအချိန်အတန်ကြာအောင် ငေးကြည့်နေမိသည်။ ခနအကြာမှ သတိပြန်ဝင်ကာ-
"သမီး ထတော့လေ အိပ်ပုတ်ကြီးမနေနဲ့"
နှင်းမျက်လုံးများ ဖြည်းဖြည်းချင်း ဖွင့်လာသည်။ အန်တီသည် သူမ၏ရှေ့တွင်ရောက်နေသည်ကို မျက်လုံးမှားသည်ဟု ထင်နေလေရဲ့။ မှားရင်လဲ မှားလောက်စရာ။ အိမ်မက်ထဲမှ အဖြူရောင်ဝမ်းဆက်ကလေးကို ယခုဝတ်ဆင်ထားလေသည်။ နှင်းမှာတော့ အိမ်မက်ဟုသာထင်နေဆဲ။ ရုတ်တရတ် သူမပါးလေးကို နှင်းတစ်ယောက် နမ်းလိုက်လေသည်။ နမ်းခံလိုက်ရသော အန်တီမှ ကြောင်အမ်းအမ်း ဖြစ်သွားကာ
"နှင်း"ဟု ဖြေးဖြေးချင်းခေါ်လာသည်။ ထိုအခါမှ နှင်းလည်း သတိဝင်ကာ ကိုယ့်လက်ကိုဆွဲဆိတ်ကြည့်လေသည်။
"အမလေး နာလိုက်တာ ဒါ....ဒါဆို ဒါအိမ်မက်မဟုတ်ဖူးပေါ့"ဟုဆိုပြီး ရှက်ရှက်ဖြင့် ရေချိုးခန်းထဲသို့ပြေးဝင်သွားလေသည်။ အန်တီမှာတော့ ပြုံးလျက်သာ။
"သူပဲ နမ်းပြီးသူပဲရှက်နေတယ် ဒီကလေးမတော့"ဟုဆိုကာ ရှက်နေသော နှင်းကို ထစချင်သေး၍ ရေချိုးခန်းတံခါးခေါက်လိုက်ကာ
"သမီး ရေချိုးခန်းထဲမှာနေတော့မာလား အန်တီနဲ့မလိုက်တော့ဖူးလား"ဟူ၍ ပြောလိုက်လေသည်။
"ကဲပါ မြန်မြန်လုပ် အောက်မှာစောင်နေမယ်"တဲ့။ ရင်ခုန်လွန်းနေသော ကိုယ့်ရင်ဘက်ကိုဖိကာ ခရမ်းချဉ်သီးကဲ့သို့ဖြစ်နေသော မျက်နှာကို နှင်းမှန်ထဲမှကြည့်လိုက်သည်။ 'ဟူး...ငါအန်တီ့ကိုတကယ် ချစ်မိသွားတာလား' နှင်းလည်း တွေးလက်စများကို ရပ်ကာ ရေချိုးလိုက်သည်။ ပီးမှ အောက်ထပ်သို့ မနက်စာစားရန် ဆင်းသွားလေသည်။
အောက်ရောက်သည်နှင့် ဧည့်ခန်းမှ မေမေနှင့် သူမတို့ စကားပြောနေတာကို နှင်းလှမ်းမြင်လိုက်သည်။ သူမကိုမြင်သည်နှင့် ခုနအဖြစ်အပျက်များ မျက်လုံးထဲပြန်မြင်ယောင်လာကာ ရှက်ရှက်ဖြင့် ခေါင်းကိုအတင်းငုံ့ပြီးလျှောက်လာလေသည်။"သမီး ရတနာက ဘုရားသွားမလို့ အဲ့တာသမီးကို အဖော်လာစပ်တာတဲ့ အဲ့တာသမီးလိုက်သွားပေးလိုက်ဦး"
"ဟုတ်ကဲ့ မေမေ"နှင်း မငြင်းခဲ့ပါ။ သို့သော် ကြောက်နေမိသည်မလား။ သူမ ကိုယ့်ကိုဘယ်လိုထင်သွားမလဲဟု နှင်းစိတ်ပူနေမိသည်။ အန်တီမှာတော့ ခပ်ပြုံးပြုံးသာ။
*ဆက်ရန်*
YOU ARE READING
အန်တီ့အား သိပ်ချစ်ပါသည် (Complete)
Romanceအန်တီ့ကို ချစ်ခဲ့တာ ဘာဂုဏ်ပကာသနမှမပါပါဘူး အန်တီကအန်တီမို့လို့ချစ်ခဲ့တာပါ။ အန်တီသာပြန်ချစ်မယ်ဆိုရင် မိုးနတ်မင်းကိုတောင် ပြန်အန်တုနိုင်ပါတယ် အန်တီ။