Part (21)

7.3K 491 44
                                    

နှင်း အန်တီ့အားအမြန်ဆုံးလက်ထပ်ချင်သည်။ ဘာလို့ဆိုတော့ သူမအား ကျွန်မရင်ခွင်ထဲမှ စွဲထုတ်ခံရမှာကို ကျွန်မအလွန်ကြောက်နေမိသည်။ ကျွန်မအန်တီ့အား သိပ်ချစ်ပါသည်။ သူမအတွက်ဆို ကျွန်မ အသက်ပင်ပေးရပေးရ ဘာမှဆို ပေးဆပ်နိုင်ပါသည်။ ကျွန်မအကြောက်ဆုံးအရာတွေကိုတောင် အန်တီသာပါလျှင် ထိုအရာတွေကိုလည်း ကျွန်မရင်ဆိုင်နိုင်သည်။ အန်တီသာကျွန်မလက်ကိုယုံယုံကြည်ကြည်နှင့် ဆွဲထားမည်ဆိုရင်ပေါ့။

နှင်းအန်တီ့အား အဲ့လောက်ထိကို ချစ်မြတ်နိုးသည်။

လွန်ခဲ့သော နှစ်ပတ်ခန့်က

"အန်တီ"

"ရှင့်"

"သမီးကိုလေ နေ့တစ်ဝက်လောက်ခွင့်ပေးပါလားဟင်" မျက်မှန်အောက်မှ မျက်လုံးကလေးများပင့်ကာ ကြည့်လိုက်ပြီး

"ဘာလုပ်ဖို့တုန်း"

"သမီးသူငယ်ချင်းတွေနဲ့ အပြင်ခနလေးသွားချင်လို့"မျက်နှာငယ်လေးဖြင့် ပြောလာသော နှင်း။

"အော် ဒါကြောင့် ဒီကနေ့ခွင့်ယူတဲ့သူတွေရှိနေတာကို"ဟုဆိုကာ မျက်မှန်ကလေးအားချွတ်လိုက်ပြီး နှင်းအားစေ့စေ့ကြည့်လိုက်သည်။ နှင်းမှာတော့ သူမအကြည့်များအား မကြည့်ရဲသဖြင့် ခေါင်းလေးငုံ့ထားသည်။

"အင်း အ့ဆို မြန်မြန်ပြန်လာမှာလား"နှင်းမေးစေ့လေးအား သူမလက်သွယ်သွယ်ကလေးများဖြင့် မော့စေကာပြောလိုက်သည်။

"စိတ်ချပါ အန်တီ နှင်းမြန်မြန်လေးပြန်လာခဲ့မယ်"

"ကောင်းပြီလေ"ဟုဆိုကာ သူမအလုပ်ခုံ၌ပြန်ထိုင်ပြီးအလုပ်ဆက်လုပ်နေလေရဲ့။ သို့ပေမဲ့ နှင်းကတော့ သူမအလုပ်အားသူမဆက်လုပ်ရမည်မလား။

"ပြွတ်"

ဒါကတော့ နှင်းအန်တီနှင့်ခဏမခွဲခင်တိုင်း နှင်းလုပ်နေကျ အလုပ်ပင်။

"သွားတော့ နောက်ကျနေမယ်"

"ဟုတ်"ဟုဆိုကာ တံခါးအပြင်သို့ထွက်သွားလေသည်။ အခန်းထဲကျန်ခဲ့သော အန်တီမှာလည်း ဒီကလေးမကိုသာ အချစ်ပိုနေမိသောကြောင့် ကျေနပ်ပြုံး ပြုံးနေခဲ့သည်။

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now