Part (18)

7.9K 508 4
                                    

နှင်းအခန်းထဲဝင်လာသည်နှင့် မျက်လုံးများက အန်တီ့အားရပ်ကြည့်နေခဲ့သည်မှာအချိန်အတန်ကြာခဲ့ပြီ။

"အင်း ဒီလိုကြည့်နေတာတောင် ချောနေတုန်းပဲ"တစ်ယောက်တည်းရေရွတ်လိုက်သည်။ အန်တီ့ခန္ဓာကိုယ်လေးအား ကုတင်ဘယ်ဘက်ခြမ်းကိုနည်းနည်းတိုးလိုက်ကာ နှင်းမှာတော့ ထိုနေရာလွတ်လေးမှာ အသာလေးဝင်လှဲလိုက်သည်။ပြီးမှ အန်တီ့အားဖက်ကာ အိပ်လိုက်တော့သည်။

"အား ကျွတ်ကျွတ် ခေါင်းကိုက်လိုက်တာ" မျက်လုံးပွင့်လာသည်နှင့်ခေါင်းလေးကိုပွတ်ကာ ဘေးဘက်ကိုကြည့်လိုက်သည်။

"ဗုဒ္ဓေါ သမီးငယ်က ဒီကို...."ထို့နောက်မနေ့ကညကအဖြစ်အပျက်များခေါင်းထဲ၌တရေးရေးပေါ်လာသည်။

"ဒါဆိုငါညကဒီမှာအိပ်လိုက်ရတာပေါ့"ထိုသို့ပြောပြီး နှင်းရဲ့မျက်နှာလေးကို ငေးကြည့်နေခဲ့မိသည်။

အပြစ်ကင်းစင်လိုက်တာကလေးငယ်ရယ်။ဒေါ်ရတနာတစ်ယောက်နှင်းအားငေးကြည့်နေခဲ့သည်မှာ ဘယ်လောက်ကြာခဲ့သည်မသိ။နှင်းဆီမှခေါ်သံလေးကြားမှ သတိပြန်ဝင်လာသည်။

"အန်တီ"

"ရှင်"

"ဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ လူကို"

"ချစ်ဖို့ကောင်းလို့"

"ဟင့် ပိုပြီ"မယုံသလိုလေးဖြင့် မျက်စောင်းကလေးထိုးကာပြောလာသော နှင်း။

"တော်ပြီ ထတော့ အိပ်ပုတ်ကလေး"

"ဟုတ် ပြီးရင်မနက်စာစားပြီး ရုံးတူတူသွားကြမယ်"

"အန်တီအဝတ်အစားလဲရဦးမယ်လေကွယ်"

"အာ ဟုတ်သားပဲ အာ့ဆိုလဲ မနက်စာစားပြီး အန်တီ့အိမ်ကိုသွားတာပေါ့"

"ဟုတ်ပါပြီတဲ့ရှင်" သူမတို့နှစ်ယောက် မျက်နှာလေးသစ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

"အော် နိုးလာပြီပေါ့ ရတနာ" သူငယ်ချင်းဖြစ်သူအား အားနာနေသောမျက်လုံးများဖြင့်ကြည့်ကာ

"ဟီး ငါညကနဲနဲများသွားတယ်ဟာ အားလည်းနာပါတယ်"

"ရပါတယ် မလိုပါဘူး အချင်းချင်းတွေပဲကို" ထိုစကားကိုတော့ သမီးဖြစ်သူအား တည့်တည့်ကြည့်ကာပြောလိုက်သဖြင့် နှင်းတစ်ယောက်ရှက်ရှက်ဖြင့် ခေါင်းလွဲလိုက်တော့သည်။

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now