Part (16)

8.2K 516 5
                                    

နှင်းလည်း သတိရလာပြီမို့ နောက်နေ့ပင် ဆေးရုံဆင်းလေသည်။

"ဟဲ့ နှင်းရေ နှင်း"အိမ်ထဲသို့ အော်ကြီးဟစ်ကျယ်ဝင်လာသော နှင်း၏သူငယ်ချင်းတစ်သိုက်။

"အေး ငါဒီမှာ"ပြောရင်း အိမ်ပေါ်ကပြေးဆင်းလာသည်။

"ဟဲ့ မယ်မင်းကြီးမရယ် အသာလုပ်ပါ တစ်ခုခုဖြစ်ရင် နင့်အန်တီက စိတ်ပူနေအုံးမယ်"ပြုံးစိစိနှင့်ပြောလာသော ရတီ။

"အေးပါ"

"နင်မသိလို့နော် နင်ပျောက်သွားတုန်းကဆိုရင် bossက ကနာမငြိမ်ဖြစ်နေတာ ဟိုလျှောက်ဒီလျှောက်နဲ့"(နွေဦး)

"အေးဆို bossအဲ့လိုဖြစ်တာ ငါတစ်ခါမှမတွေ့ဖူးဘူး"(သူရ)

"အေးဟယ် ဒါနဲ့ နင်အခုသက်သာရဲ့လား အန်တီနဲ့နင့်အခြေအနေကရော"(နွေဦး)

"ဖြည်းဖြည်းမေးပါ ငါပြောပြပါ့မယ်"ဟုဆိုကာအကြောင်းစုံရှင်းပြလေသည်။

"အဲ့ကောင်ကဘယ်သူတုန်း"(သူရ)

"အော် ငါလဲဘယ်လိုလုပ်သိမတုန်း"(နှင်း)

"ဘာပဲဖြစ်ဖြစ် ငါတောင် အဲ့လူကိုကျေးဇူးတင်သွားတယ်"(သီရိ)

"ဟယ် ဘာလို့တုန်း"(နှင်း)

"မိနှင်းရယ် သူကြောင့်ပဲ နင့်အန်တီဆီက အဖြေရတာလေဟယ်"(သီရိ) ကျန်တဲ့သူများကလည်း ခေါင်းတငြိမ်ငြိမ့်ဖြင့် ထောက်ခံနေပုံ။

"အေးပါဟယ်"ခေါင်းတရမ်းရမ်းဖြင့်ပြောသောနှင်း။

နှင်းသူငယ်ချင်းများ ပြန်သွားပြီးနောက် အန်တီ့ဆီမှ ဖုန်းလာလေသည်။
"ဟယ်လို အန်တီ"

"ဟယ်လို ကလေး အဆင်ပြေရဲ့လား"

"ဟုတ် ပြေပါတယ် အန်တီရဲ့"

"ဟုတ်ပါပြီကွယ် အန်တီကစိတ်ပူလို့ပါ"

"ဟုတ်ကဲ့ပါ အန်တီရဲ့ နှင်းဘာမှမဖြစ်တော့ပါဘူးနော်"

"ဟွန့်  ဒီကလေးကို အန်တီ့အောက်ကတောင် အပျောက်ခံချင်တာမဟုတ်ဘူး"

"ဟုတ်ပါပီ အန်တီရယ် မနက်ဖြန်ကစပြီး အန်တီ့နားထဲတစ်ဖဝါးမှမခွာပါဘူးရှင့်"

"ပြီးရော ဒါပဲနော် ရေချိုးရအုံးမယ်"

"ဟုတ်ပါပြီရှင့်"ဟုဆိုကာ ချစ်ရသူဆီမှ ဖုန်းလေးချလိုက်သည်။

အရမ်းချစ်ရပါတယ် အန်တီ။ အန်တီ့အား အသက်နှင့်တမျှ အရမ်းကိုချစ်ပါတယ်။

နှင်းလည်းအဆင်ပြေနေပြီမို့ ဒီနေ့ရုံးဆင်းလေသည်။ အန်တီကတော့ နားနေဖို့ပြောသော်လည်း နှင်းကတေည့ ချစ်ရသူဘေးမှာ အလုပ်လုပ်ရတာကိုပိုပြီိးပျော်ရွင်သည်မလား။

"နှင်းရေ ခန"အန်တီမှနှင်းအားခေါ်လိုက်သည်။

"ဟုတ် အန်တီ ဘာခိုင်းမလို့လဲ"

"ဒီနားတိုးခဲ့ ပြောပြမယ်"သူမခုံနားကိုပုတ်ပြလေသည်။နှင်းလည်း ခေါင်းငုံကာ အန်တီ့နားလေးအား ကပ်သွားသည်။

"ရွတ်"

"ဟာ အန်တီ"

"ခုနအိပ်ငိုက်နေတာတွေ့လို့ အပြစ်ပေးတာ သွားတော့" နှင်းမှာတော့ သွားကြီဒဖြီးကာ

"အော် အဲ့တာဆိုရင် အပြစ်ပေးအောင်လို့ ခနခနအမှားလုပ်မှထင်တယ်"

"ဟွန့် လုပ်ရဲရင်လုပ်ကြည့်လိုက်လေ"မျက်စောင်းလေးထိုးကာ ပြောလိုက်သော အန်တီ။

"လုပ်တော့ဘူး လုပ်တော့ဘူး"သွားလေးဖြီးကာပြောလာသော နှင်း။ဒီလိုလေးကိုပဲ ကျွန်မအချစ်ပိုရသည်မလား။

"ပြီးရော ခနနေကျရင် ဝယ်စရာလေးတွေရှိလို့ လိုက်ခဲ့မလား"

"လိုက်ခဲ့မာပေါ့ အန်တီဘယ်သွားသွားသမီးကတကောက်ကောက်လိုက်မာ"

"ဟုတ်ပါပီတဲ့ရှင်"

*ဆက်ရန်*

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now