Part (27)

7.1K 497 22
                                    

နှင်းအိမ်သို့ ပြန်ရောက်သည်နှင့် အန်တီ့အားရှာကြည့်မိသည်။ နှင်းတစ်အိမ်လုံး စေ့စေ့စပ်စပ်လိုက်ရှာခဲ့သည်။ သို့ပေမဲ့ အန်တီ့အားမတွေ့ခဲ့ပါ။ နှင်းစိတ်ပူစပြု့လာသည်။ တိုင်ကတ်နာရီအား လှမ်းကြည့်လိုက်သည်။ ည8နာရီပင်ထိုးတော့မည်။ အန်တီမှာတော့ ပျောက်နေဆဲပင်။

ခနအကြာ နှင်းကားသံကြားလိုက်ရသည်။

"အန်တီ"နှုတ်မှ တိုးတိုးလေးရေရွတ်လိုက်ကာ ခြံထဲသို့ပြေးကြည့်လိုက်သည်။ အန်တီမှန်သော်လည်း အန်တီ့ဘေးကအမျိုးသမီးကိုတော့ နှင်းမသိချေ။ အန်တီမှာတော့ အရက်တွေသောက်လိုက်သည်ထင်ပါရဲ့။ ကိုယ်ခြေထောက်ကိုပင် မနိုင်တော့။ အန်တီ့ဘေးမှ ထိုအမျိုးသမီးပြောသည်က

"အန်တီက ရတနာ့သူငယ်ချင်းပါ သူညနေက အန်တီ့ရဲ့ဆိုင်ကိုလာပြီး အရက်တွေ တစ်ခွက်ပြီးတစ်ခွက် မနားတမ်းသောက်‌တာ သူက သူအရမ်းစိတ်ညစ်မှ ဒါကိုသောက်တာလေ"တဲ့။ သူမလည်း အန်တီ့အား အခန်းထဲသို့လိုက်ပို့ပေးကာ ပြန်သွားတော့သည်။

နှင်းလည်း အန်တီ့အခန်းကထွက်ကာ ကိုယ့်အခန်းထဲသို့ ၀င်လိုက်ပြီး အိပ်လိုက်သည်။(အင်း နင်တော့မကြာခင်သေတော့မှာ[အန်တီ့လက်ချက်ဖြင့်]😪)

နှင်းမနက်‌နိုးလာတော့ မနေ့ကလိုပင် အန်တီမရှိချေ။ နှင်းလည်းပြင်ဆင်ကာ မနက်စာစားရန် သွားကြည့်ရာ စားပွဲပေါ်တွင် ဘာမျှမရှိချေ။ နှင်းတစ်ယောက် ခေါင်းလေးကုတ်ကာ ဗိုက်ဆာနေသော်လည်း အလုပ်ကိုသာသွားလိုက်သည်။ အရာအားလုံးမှာ ပုံမှန်အတိုင်းပင်။ သို့သော် အန်တီနှင့် နှင်းဆက်ဆံရေးမှာပုံမှန်မဟုတ်တော့။ အန်တီမှာသူမကို လိုသည်ထက်ပိုပြီး စကားမပြောတော့ချေ။ နှင်းနှစ်ရက်လောက်ထိ အန်တီ့အခြေအနေအား ‌ကြည့်နေခဲ့သည်။ တစ်ရက်ထက်တစ်ရက်ပိုပိုဆိုးလာသည်။ နှင်းကိုရှိတယ်လို့ သိရော သိသေးရဲ့လား လို့တောင်မေးကြည့်ချင်သည်။

‌နှင်း‌မနေနိုင်တော့သည်နှင့် ညနေအန်တီ အိမ်ပြန်ရောက်သည်နှင့်

"အန်တီ"

"အင်း"

"ခုတလော ဘာလို့သမီးကို သူစိမ်းဆန်နေရတာလဲ သမီးဘာအမှားများလုပ်မိလို့လဲ အန်တီရယ်"
ထိုအခါ သူမ နှင်းကိုအတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ ပြီးမှ

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Место, где живут истории. Откройте их для себя