Part (29)

7.7K 511 42
                                    

"ကဲ အန်တီသွားတော့မယ်"စာချုပ်ချုပ်ရန် သွားဖို့ပြောနေခြင်းပင်။

"ဟုတ် အန်တီ ဖိုက်တင်းနော်"ဟု ပြုံးပြုံးလေးပြောလာသော ကလေးငယ် ပါးလေးအား နမ်းလိုက်ပြီး ကျွန်မထွက်လာခဲ့သည်။

ဆိုင်သို့ရောက်သော်
"မင်္ဂလာပါ မရတနာ"

"မင်္ဂလာပါ"

"ကျွန်တော်က TIU companyရဲ့ CEOလင်းခန့်ပါ"

"ကျွန်မက.."

"မရတနာမြင့်မဟုတ်လား"

"ဟုတ်ကဲ့"

"အလုပ်ကိစ္စမပြောခင် ကျွန်မရှင့်ကိုမေးစရာရှိတယ်"ဟု သူပါးစပ်မဟခင် ကျွန်မအရင်ပြောလိုက်သည်။

"ဟုတ်ကဲ့ မေးပါ"

"နှင်းပန်းချီဆိုတဲ့ ကောင်မလေးကိုသိလား"ဟု မေးလိုက်သည်။ ထိုလူမှာအံ့ဩပုံမပေါ်။

"မသိပါဘူး သူကဘယ်သူများလဲဗျ"ဟုရွဲ့ရွဲ့ပြုံးပြုံးကာ ပြောလာသည်။

"ရှင်သိပါတယ် အမ်းးးး နောက်တစ်နည်းနဲ့ပြောရမယ်ဆိုရင် ရှင်ဖမ်းသွားခဲ့တဲ့ကောင်မလေးဆိုရင်ရော"

"ဟားဟား မရတနာကဟာသအရမ်းပြောတတ်တာပဲဗျ ကျွန်တော်ဘယ်ကောင်မလေးကိုမှမဖမ်းဖူးဘူးဗျ"ဟု ရယ်ကာပြောနေသည်။

"မှန်မှန်ပြောနော် ကျွန်မအားလုံးသိတယ်"ကျွန်မထိုသို့ဆိုလိုက်တော့မှ ကျွန်မအား စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး

"ဟုတ်တယ် နှင်းပန်းချီဆိုတဲ့တစ်ယောက်ကို ငါဖမ်းခဲ့တာ အဲ့တော့ဘာဖြစ်လဲ"

"ရှင်မိုက်ရိုင်းလှချည်လား ခုစာချုပ်ချုပ်မဲ့ကိစ္စဆိုတဲ့ဟာကရော သွေးရိုးသားရိုးဟုတ်ရဲ့လား"

"အဟက် ခုချိန်လောက်ဆို ငါ့လူတွေက မင်းရဲ့companyက ငွေတွေကိုယူပြီးနေလောက်ပြီ ဟားဟား"

"ရှင် တော်တော်ယုတ်မာတာပဲ"

"ဟားဟား နှင်းပန်းချီကိုပြန်ပေးဆွဲပြီး အဲ့ကထဲက ခုလိုလုပ်မို့ပဲ မအောင်မြင်ခဲ့လို့"

"နောက်ပြီးတော့ ရှင်နဲ့ဆုနန္ဒာကဘာလဲ"

"ဟက် သူကငါ့ရဲ့ချစ်သူ"

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Opowieści tętniące życiem. Odkryj je teraz