Part (5)

8.3K 542 6
                                    

ထိုနေ့ည နှင်းတကယ်ကို အိပ်မပျော်ခဲ့ပါ။ ဝမ်းသာလွန်း၍ မနက်ပိုင်း ပန်ဒါမျက်လုံးဖြင့် ထလာသော သမီးဖြစ်သူကို အမေဖြစ်သူမှ လှမ်းစလေသည်။

"သမီး ဝမ်းသာလွန်းနေတာလား"

မိခင်ဖြစ်သူစကားကို နားမလည်သော နှင်းခဗျာ မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ကြည့်နေရှာသည်။
နောက်မှ သဘောပေါက်ဟန်တူသည်။ ရှက်ပြုံးလေးပြုံးကာ breakfast ဝင်စားနေလေသည်။

တစ်ပတ်အကြာ-

"ဝီ ဝီ ဝီ ဝီ"လေလေးချွန်ကာ အလှပြင်နေသော နှင်း။ ဒီနေ့သည် အန်တီ့ထံပထမဦးဆုံး အလုပ်ဝင်ရမည့်နေ့ဖြစ်သည်။

"အလုပ်ချိန်က 8နာရီဆိုတော့ လမ်းပိတ်မာနဲ့ ဘာနဲ့ 7နာရီသွားမယ်"ဟုဆိုကာ ထွက်သွားလေသည်။

Companyသို့ရောက်သော် အန်တီမရောက်သေးပေ။ နှင်းလည်း သူ့နေရာ သူစားပွဲရှင်းနေလေသည်။ ခဏအကြာ-

"ဒေါက် ဒေါက် ဒေါက်"ဒေါက်ဖိနပ်သံ ခပ်ပြင်းပြင်းနှင်းကြားလိုက်သည်။

"morning ပါboss" နှင်းမှနှုတ်ဆက်လိုက်လေသည်။

"Morning"ဟုဆိုကာ အလုပ်ခန်းထဲဝင်သွားလေသည်။

နှင်းလည်း ထိုင်ကာ ကိုယ့်အလုပ်ကိုယ်လုပ်နေလိုက်သည်။

"နှင်းရေ ကော်ဖီခါးခါးလေးတစ်ခွက်လောက်ဖျော်ခဲ့ပါလားကွယ်"အန်တီ့ဆီမှ အသံထွက်လာသည်။ နှင်းလည်း ကြားပီးသည်နှင့် ကော်ဖီသွားဖျော်လေသည်။

"ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"
နှင်းကော်ဖီခွက်ကို အန်တီ့ဘေးနားအသာချပေးလိုက်ပြီး

"ဟို boss..."

"အင်း ပြောလေ"

"ဟိုဟာ နေ့လည်2နာရီmeetingရှိပါတယ်boss"

"အာ....ဟုတ်သားပဲ မေ့နေတာ ကျေးဇူး"

နှင်းသွားလေးဖြီးကာ

"ဟုတ် ရပါတယ်boss"
ဟုဆိုကာ နှင်းအခန်းထဲက ပြန်ထွက်မည်အလုပ် အန်တီက စကားတစ်ခွန်းပြောလိုက်​လေသည်။

"တို့ကို bossလို့မခေါ်ပါနဲ့လား အန်တီလို့ပဲခေါ် "

"ဟုတ်ကဲ့ အန်တီ" နှင်းဝမ်းသာလွန်း၍
တံခါးဆီသို့ ခုန်ဆွခုန်ဆွနှင့်သွားလေသည်။ နောက်မှဒေါ်ရတနာကလည်း နှင်းအားကြည့်ကာ ခပ်ရေးရေးလေး ပြုံးလိုက်သည်။

နေ့လည်စာစားချိန်ရောက်သော်လည်း နှင်းတစ်ယောက် အလုပ်တွေပိနေလေသည်။ ပထမဦးဆုံးနေ့မှာတင် အလုပ်တွေကြိုးစားလုပ်နေတဲ့ နှင်းကို ​ဒေါ်ရတနာကျေနပ်နေလေသည်။

ရတနာလတ်ပတ်နာရီကို ကြည့်လိုက်သည်။
'နေ့လည်ထမင်းစားချိန်ရောက်နေပီကို ဒီကလေးမအလုပ်တွေဖိလုပ်​နေတယ်'ဟုစိတ်ထဲမှတွေးကာ အခန်းပြင်သို့ထွက်လာသည်။

"နှင်း သမီးနေ့လည်စာသွားစားမယ် လိုက်ခဲ့"

"ရှင်"

"ရှင်မနေနဲ့ လာထ သွားမယ်"

"ဟုတ်" (A/N)သူလား ငြင်းမာ🙂)

အန်တီက သူကားနှင့်ဆိုင်တစ်ဆိုင်ကိုဦးတည်မောင်းလေသည်။သူမပြောသည်ကတော့ တို့ကအဲ့မှာအမြဲစားနေကြတဲ့ နှင်းသိပ်ပျော်နေသည်။ သူမနဲ့အတူ ထမင်းစားရတော့မည်လေ။ တစ်လမ်းလုံး သူမကိုခိုးခိုးကြည့်နေတာနဲ့ ဆိုင်ကိုဘယ်လိုရောက်သွားမှန်းမသိလိုက်သော နှင်း။ အန်တီကားပေါ်ကဆင်းမှ ကြောင်အမ်းအမ်းနှင့်လိုက်ဆင်းလေသည်။

"ဟာ အမ လာ ထုံးစမ်းတိုင်းပဲလား"ဆိုင်ရှိ ဝန်းထမ်းကမေးလေသည်။

"ဟုတ်တယ် မောင်လေး"

"နှင်းကရော ဘာစားမာလဲ"

"အန်တီအဆင်ပြေတာသာ မှာလိုက်ပါ"

"အ့ဆို အမစားနေကျဟာပဲ နောက်တစ်ပွဲထပ် ထည့်ပေးနော်"

"ဟုတ်ကဲ့"ဆိုင်ဝန်ထမ်းကောင်လေးထွက်သွားပြီးသော် ယွကျားကြီးတစ်ယောက် နှင်းတို့ဝိုင်းမှာ လာရပ်လေသည်။

"ဟာ ရတနာပါလား"

"အော် ကိုမျိုးပဲ"သူမကပြုံးတယ်ဆိုရုံလေးသာပြုံးပြသည်။

"မတွေ့တာကြာပြီ"

"ဟုတ်တယ် ခုကိုမျိုးတစ်ယောက်ထဲလား"

"ဟုတ်တယ်"သူတို​့နှစ်ယောက်စကား​ပြောနေတာ ဘေးကနှင်းကိုရှိတယ်လို့ကို မထင်ကြပေ။ နှင်းခဗျာ ဟိုကြည့် ဒီကြည့်လုပ်နေလေသည်။ စိတ်ထဲတွင်တော့ သူ့ဘေးကဦးလေးကြီးအား ​အရေခွံခွှာပြီနေလေပြီ။

*ဆက်ရန်*

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Место, где живут истории. Откройте их для себя