"ငါသူ့ကိုချစ်တယ် သူမကိုရမယ်ဆိုရင် ငါဘာလုပ်ရလုပ်ရလုပ်နိုင်တယ်!!!"
"ကျွန်မက အန်တီိ့ကို မပေးနိုင်ဘူးဆိုရင်ရော"
"မင်းက သူ့ကိုပိုင်လို့လား ဟားဟား"နှင်းခေါင်းငိုက်စိုက်ကျသွားသည်။သူပြောတာဟုတ်သည်လေ။ အန်တီကိုသူမှမပိုင်သေးတာ...
ဒေါ်ရတနာမြင့်တစ်ယောက် နှင်းကိုရှာနေသည်မှာ 4နာရီပင်ကြာခဲ့လေပြီ။ နှင်း၏အရိပ်အယောင်တောင်မတွေ့ရ။
စိတ်ပျက်ပျက်ဖြင့် ကားကိုလမ်းဘေးချရပ်ကာ အိပ်ကပ်ထဲမှဆေးလိပ်ယူကာသောက်နေမိသည်။
"ကလေးရေ မင်းဘယ်မှာလဲကွာ"ဒေါ်ရတနာ၏ရင်ထဲကအပူမီးများကို ဆေးလိပ်တစ်လိပ်သောက်ကာဖြေနေရသည်။ ထို့နောက် ဆေးလိပ်သောက်ရင်း အတွေးတစ်ခုဝင်လာသည်။ထိုသည်မှာ
"ငါနှင်းရဲ့ဖုန်းနဲ့locationချိတ်ထားတာပဲ"ဟုဆိုကာ နှင်းရဲ့ locationကိုအသည်းအသန်ရှာနေသည်။နောက်ဆုံးတော့ တွေ့ပါပီ။သူမပိုင်တဲ့ ဂိုဒေါင်အဟောင်းကိုညွန်ပြနေသည်။
"ကလေးရေ ခဏစောင့်ပေးပါ အန်တီမင်းဆီကိုရောက်အောင်လာခဲ့မယ်"ဟုဆိုကာ လီဗာကုန်မောင်းတော့သည်။"ဖြောင်း ဒါကမ"ကိုချစ်တဲ့အတွက် ဖြောင်း ဒါကမ"ရဲ့ဂရုစိုက်မှုတွေကို ရတဲ့အတွက်"နှင်း နှုမ်းခမ်းစမှသွေးများပင်ထွက်နေလေသည်။
"ရှင်တို့တစ်နေ့ ဒီလိုပြန်ခံစားစေရမယ်"
"ဟာ ဟျောင့် ကားသံကြားတယ် လူလာပြီထင်တယ် ပြေးပြေး"ထိုလူသုံးယောက်လည်း နှင်းအရှေ့မှ ပျောက်ကွယ်သွားလေသည်။
"ကျွီ"(တံခါးဖွင့်သံ)
"အ..အန်တီ"နှင်းအားယူကာ ခေါ်လိုက်သည်။
"သမီး သမီးလေး"ဟုဆိုကာ နှင်းရှေ့သို့အန်တီပြေးလာသည်။သို့သော် နှင်းခဗျာ ခုနကအထိုးခံထားရတာရော ပါးရိုက်ခံထားရတဲ့အတွက် လူကခပ်ဖျော့ဖျော့သာ။
ကျွန်မနှင်းအားချည်ထားသည့်ကြိုးများဖြေပေးပြီး ကလေးငယ်မှာလုံးဝကိုမေ့လဲသွားပါတော့သည်။
"သမီး သမီးသတိထားဦးလေး"ရင်တွေကွဲရပါတယ်သမီးငယ်။ သမီးဒီလိုဖြစ်ရတာ အန်တီိ့ကြောင့်။ကိုယ့်ကိုကိုယ်သာအပြစ်တင်မိသည်။
YOU ARE READING
အန်တီ့အား သိပ်ချစ်ပါသည် (Complete)
Romanceအန်တီ့ကို ချစ်ခဲ့တာ ဘာဂုဏ်ပကာသနမှမပါပါဘူး အန်တီကအန်တီမို့လို့ချစ်ခဲ့တာပါ။ အန်တီသာပြန်ချစ်မယ်ဆိုရင် မိုးနတ်မင်းကိုတောင် ပြန်အန်တုနိုင်ပါတယ် အန်တီ။