စားသောက်ဆိုင်တစ်ခုမှာ ကားရပ်လိုက်သည်။
"သမီိးဘာစားမလဲ"
"အန်တီအဆင်ပြေသလိုမှာပါ"
"Ok မောင်လေးဝက်သားကလွဲရင် ကျန်တာအကုန်ချပေးပါ"
"ဟုတ်ကဲ့"
"အန်တီက ဝက်သားမစားဘူးလား"
"အင်း အီလို့လေ"
"ဟုတ်"ထိို့နောက်နှင်းမျက်လုံးအမှောင်ကျသွားသည်။ပြီးမှသိလိုက်တာက သူမအားတစ်စုံတစ်ယောက်ကမျက်လုံးကိုလက်ဖြင့် ပိတ်ထားခြင်းသာ။
"ဘယ်သူလဲ"ဟုဆိုကာ ထိုလက်အားအတင်းဖယ်နေလေသည်။ရှေ့မှာထိုင်နေသော အန်တီမှာတော့ ထိုအချိန်ကစပြီး မျက်မှောင်ကြီးကြုတ်ထားတော့သည်။
"ဟာ ဝေယံ"ဝေယံဆိုသူသည် နှင်းတို့အုပ်စုနဲ့တူတူငယ်သူငယ်ချင်း။လွန်ခဲ့တဲ့၅နှစ်လောက်ကမှ အမေရိကသို့ပညာတော်သင်သွားခဲ့၍ နှင်းတို့နှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။
"နင် ဘယ်တုန်းက ပြန်ရောက်တာတုန်း"
"တစ်ပတ်လောက်တော့ကြာပြီဟ"ဟုဆိုကာ ရှေ့မှခုံကိုဆွဲပီး ဝင်ထိုင်လေသည်။
"အော် ဒါနဲ့သူကငါ့ရဲ့အလုပ်ရှင် အန်တီဒေါ်ရတနာမြင့်တဲ့"
"တွေ့ရတာဝမ်းသာပါတယ်အန်တီ ကျွန်တော်ကနှင်းရဲ့သူငယ်ချင်းဝေယံမင်းခန့်ပါ"ပြုံးပြုံးလေးဖြင့်နှုတ်ဆက်နေလေသည်။
အန်တီမှာတော့ ပြုံးတောင်မပြုံး ခေါင်းသာငြိမ့်ပြလေသည်။နှင်းတို့သူငယ်ချင်းနှစ်ယောက်လည်း မတွေ့တာကြာပြီမို့ စကားတွေဖောင်ဖွဲ့ကာပြောနသည်။ထမင်းစားလိုက် စကားပြောလိုက်နှင့်ပေါ့။
တစ်နာရီကြာသော်
"အဟမ်း"အန်တီ့ဆီမှအသံထွက်လာသည်။ထိုအချိန်မှနှင်းလက်ပတ်နာရီကိုကြည့်လိုက်မိသည်။စကားထိုင်ပြောနေတာ တစ်နာရီတောင်ကြာသွားပါလား။
"ဟဲ့ အဲ့တာဆိုငါလည်းသွားအုံးမယ်နောက်ကျမှအေးဆေးတွေ့တာပေါ့"ဝေယံမှအလိုက်တသိပြောလိုက်သည်။
"အေးအေး see you"
"see you"
ဝေယံပြန်သွားပြီးအန်တီမှနှင်းအားစကားတစ်လုံးမှမပြောပေ။ထိုသို့တစ်ပတ်ကြာသည်အထိ အလုပ်ကိစ္စမှလွဲ၍အန်တီမှနှင်းအား စကားလုံးဝမပြောပေ။နှင်းလည်း ကြာတော့မနေနိုင်တော့။ကိုယ်ချစ်ရတဲ့သူကကိုယ့်ကိုစိမ်းကားနေသည်ကို နှင်းတော့မနေနိုင်။လက်မှတ်ထိုးရန် ဖိုင်သွားပေးသည့်အခါ နှင်းသတိလေးမွေးကာမေးလိုက်သည်။"အန်တီ"
"အင်း"
"အန်တီ သမီးကိုဘာလို့စိမ်းကားနေတာလဲ"လက်မှတ်ထိုးနေသည့်အန်တီ့လက်များရပ်တန့်သွားပြီး ခေါင်းလေးမော့ကြည့်လာသည်။
"ဘာကိုပြောတာလဲ"
"ဟိုတစ်ခါနေ့လည်စာတူတူစားပြီးပြန်ကတည်းက အန်တီသမီးကိုအလုပ်ကိစ္စကလွဲရင်သမီးကိုမရင်လိုစကားမပြောတော့ဘူး အဲ့တာဘာလို့လဲ"
"မသိဘူး"ဒီတစ်ခါတော့ နှင်းမျက်လုံးကိုတည့်တည့်ကြည့်ကာဆိုလာသည်။
"အန်တီသမီးကိုဝေယံနဲ့သဝန်တိုနေတာလား"
"မင်းနဲ့တို့ကဘာမို့လို့သဝန်တိုရမာလဲ"မျက်လုံးကို နှင်းထံမှလွဲလိုက်လေသည်။
"ဒါဆိုသမီးကိုစိတ်ဆိုးနေတာလား"နှင်းလည်း အန်တီဘာဖြစ်နေမှန်းမသိမချင်းဆက်မေးနေသည်။
"မဆိုးဘူး"
"အဲ့တာဆို ဘာလို့လဲ သမီးကအန်တီစကားမပြောရင်မနေနိုင်ရင်သိရဲ့သားနဲ့ကွာ"ချွဲသံလေးနဲ့ပြောနေသော နှင်း။
"နောက်ဆိုရင်လေ အန်တီမကြိုက်တာသမီးမလုပ်တော့ဖူးလေ အဲ့တာကြောင့်စိတ်ဆိုးနေရင်လည်း စိတ်ဆိုးပြေပါတော့နော်" ကလေးသဖွယ် ဒေါ်ရတနာမြင့်အား ကပ်ချွဲနေသော နှင်း။
"မင်းကိုတို့မှစိတ်မဆိုးတာ"
"ဟာ အန်တီကလည်း အန်တီမမြင်ဘူးလား မမြင်ချင်ယောင်ဆောင်နေတာလား"
"ဟင်ဘာကိုလဲ"
"သမီး အန်တီ့ကိုချစ်နေတာကိုလေ!!!!"
*ဆက်ရန်*
ကျွန်မလည်း အဲ့လိုချွဲချင်လို့ အန်တီတစ်ယောက်လောက်🤒🤒🤒
YOU ARE READING
အန်တီ့အား သိပ်ချစ်ပါသည် (Complete)
Romanceအန်တီ့ကို ချစ်ခဲ့တာ ဘာဂုဏ်ပကာသနမှမပါပါဘူး အန်တီကအန်တီမို့လို့ချစ်ခဲ့တာပါ။ အန်တီသာပြန်ချစ်မယ်ဆိုရင် မိုးနတ်မင်းကိုတောင် ပြန်အန်တုနိုင်ပါတယ် အန်တီ။