"အဲ...အဲ့တာက ဟို...ဟို သမီးသူငယ်ချင်းတစ်ယောက်ကပြော...ပြောတာကို သူတို့ပြန်ပြောပြနေတာပါ အန်တီ"မဟုတ်လဲ အဟုတ်လုပ်ပြောလိုက်သည်။မရှိတဲ့သူငယ်ချင်းနောက်တစ်ယောက်ကို ဆွဲထည့်ကာ ပြောထဲ့လိုက်သည်။ ဒါပေမဲ့ နှင်းကိုယ့်ကိုကိုယ်သာသိသည် မဟုတ်လား။
"ဟုတ်လို့လား"အန်တီမှနှင်းအား မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
"ဟုတ်ပါတယ်"နှင်းခေါင်းကြီးငုံကာဖြေနေလေသည်။ဘေးကသူငယ်ချင်းနှစ်ယောက်ကတော့ အရယ်မရပ်သေးပေ။
"ထားပါတော့ အန်တီမနက်စာမစားရသေးလို့ သွားစားမလို့ တခါတည်းလိုက်မလား"
"ဟုတ်"(နှင်း)
"အဟမ်း အဲ့တာဆိုသမီးတို့လည်း ခွင့်ပြုပါအုံး bossသွားစရာလေးတွေရှိသေးလို့"ပြုံးစိစိမျက်နှာဖြင့် ပြောနေသော သီရိ။
"အေးကွယ် ဂရုစိုက်သွားကြအုံး"
"ဟုတ်"ဟုပြောကာ ချာကနဲလှည့်ထွက်သွားကြသည်။
"လာလေ သွားမယ်"နှင်းအားပြောပြီးရှေ့မှ ခပ်သုတ်သုတ်ထွက်သွားလေသည်။
"ဟုတ်"နှင်းလည်း အန်တီ့အားနောက်မှအမှီလိုက်ရတော့သည်။ အန်တီနှင့်အတူမနက်စာစားကာ အိမ်သို့ပြန်လာခဲ့သည်။
အခန်းထဲရောက်သည်နှင့် ဘုရားပေါ်ကအဖြစ်အပျက်အား မျက်လုံးထဲပြန်မြင်ယောင်လာသည်။ပြီးမှအားရပါးရ ပြုံးလာလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခြေအနေကြီးမှာတော့ သူမအန်တီကိုမသိစေချင်သေးဘူးလေ။ အော်.....မိနှင်းရယ် ညည်းဘဝလည်း မလွယ်ပါ့လားနော်သူမရဲ့ တစ်ဦးတည်းသော ဒိုင်ယာရီစာအုပ်ကလေးကိုဖွင့်ကာ အန်တီ့အကြောင်းထိုင်ရေးနေမိသည်။ သူမ မသိလိုက်ခင်ပဲ အချိန်ကညမိုးချုပ်နေလေပြီ။ နှင်းထိုစာအုပ်လေးကို ကျေနပ်စွာကြည့်ကာ အမည်တစ်ခုပေးလိုက်သည်။ထိုနာမည်ကား "ကျွန်မ၏မူပိုင်ရှင် အန်တီ"
စာအုပ်လေးအားပိတ်ကာ ရေချိုးခန်းထဲကိုဝင်ပြီးရေချိုးနေလိုက်သည်။မဟုတ်ရင် သူမအမေလာကာ ဆူတော့မည်ဖြစ်သည်။ ရေချိုးပြီး ထမင်းစားရန်အောက်ထပ်သို့ဆင်းသွားလေသည်။
"ဟော် သမီးလေးတောင် ဆင်းလာပြီပဲ"
နှင်းအဖေမှပြောလေသည်။"ဟီး ဟုတ်"
"ခုန ဖေဖေထမင်းစားဖို့ သမီးကိုလာခေါ်သေးတယ် "
"အာ ...ဟုတ်လား သမီးရေချိုးနေချိန်မို့လို့ထင်တယ်"အမှန်တော့ သူမအန်တီအကြောင်းအား စိတ်နှစ်ပြီးရေးနေတာမို့ မသိလိုက်ခြင်းပင်။
"အော်...ဟုတ်ပါပီ နောက်မှာ သမီးအမေကိုသွားကူလိုက်အုံး"
"ဟုတ်"ထွက်သွားသောသမီးဖြစ်သူအား အဖေဖြစ်သူမှကြည့်ကာ ခေါင်းတရမ်းရမ်းဖြင့်။
"မေမေ သမီးဘာကူပေးရမလဲ"
"ပြီးပါပြီ သမီးရဲ့ သမီးအဖေ့ကိုသွားခေါ်တော့ စားလို့ရပီလို့"
"ဟုတ် မေမေ"
*ဆက်ရန်*
YOU ARE READING
အန်တီ့အား သိပ်ချစ်ပါသည် (Complete)
Romanceအန်တီ့ကို ချစ်ခဲ့တာ ဘာဂုဏ်ပကာသနမှမပါပါဘူး အန်တီကအန်တီမို့လို့ချစ်ခဲ့တာပါ။ အန်တီသာပြန်ချစ်မယ်ဆိုရင် မိုးနတ်မင်းကိုတောင် ပြန်အန်တုနိုင်ပါတယ် အန်တီ။