Part (26)

7K 462 38
                                    

နှင်းညကမိုးအေးအေးနှင့် အိပ်လိုက်တာ မနက်နောက်ကျမှနိုးလေသည်။ နှင်းနိုးတော့ အန်တီမရှိတော့။ အလုပ်သွားပြီထင်ပါရဲ့။ နှင်းလည်း အန်တီပြင်ပေးခဲ့တဲ့ မနက်စာစားကာ ရုံးသို့သွားလေသည်။

ရုံးရောက်သော်

"ဟဲ့ ကမရယ် နင်ဘာလို့နောက်ကျနေတာလဲ"ဟု ရုံး၀င်၀င်ချင်းမေးလာသော ရတီ။

"ငါညကမိုးက‌လည်း အေးတာနဲ့ အိပ်လို့ကောင်းပြီး ဆက်အိပ်လိုက်တာ အာ့နဲ့အိပ်ပျော်သွားတာ ဟိဟိ" သွားဖြီးကာပြောလိုက်သော နှင်း။

"အေး နင်အိပ်တာအရေးမကြီးဘူး ခုနအန်တီသောင်းကျန်းနေတာ နင်မသိဘူးမလား"

"ဟမ် ဘာဖြစ်တာလဲ"

"ငါလည်း မသိဘူး meetingခန်းထဲမှာ သောင်းကျန်းတာ‌ဟယ်"

"ဟုတ်လား ငါသွားလိုက်အုံးမယ်"ဟုဆိုကာ အန်တီရှိရာ ရုံးခန်းထဲသို့သွားလိုက်သည်။ နှင်းအခန်းထဲသို့၀င်လိုက်သည်နှင့် computerနှင့် မျက်မှန်လေးတပ်ကာ အလုပ်လုပ်နေသော အန်တီ့အားတွေ့လိုက်ရသည်။

"အော် မောင်ရောက်ပြီလား"

"ဟုတ် မနက်ကအန်တီသမီးကိုဘာလို့မနိုးတာလဲ"

"အော် ရှင်အိပ်ရေးပျက်မှာစိုးလို့ပေါ့"နှင်းအားမကြည့်ပဲ အလုပ်လုပ်ကာဖြေနေသော အန်တီ။

"အဲ့လိုတော့ မဟုတ်ပါဘူး အန်တီကအလုပ်မှာဆို bossလေ သမီးက အန်တီ့အလုပ်သမား အ့တော့ အန်တီမရောက်ခင် သမီးကရောက်နေရမှာလေ ခုကျအန်တီကအရင်ရောက်နေတော့ တခြားသူတွေက သမီးကို ဘယ်လိုထင်မလဲ ဟင့်"စူစူပုတ် ရုပ်ကလေးနှင့်ပြောလိုက်သောနှင်း။

ထိုသို့ပြောလိုက်‌သည်နှင့် အလုပ်လုပ်နေသော အန်တီ့လက်လှလှကလေးများ ရပ်သွားပြီး နှင်းအားစိုက်ကြည့်နေသည်။ ပြီးမှ နှင်းဆီ ဖြေးဖြေးချင်းလျှောက်လာပြီး နှင်းရဲ့နားနားလေးကပ်ကာ

"ကိုယ်ကဒီcompanyရဲ့ bossလေ မေ့နေတာလား ဒါပေမဲ့ သမီးနဲ့ဆိုရင်တော့ သမီးက အန်တီ့ရဲ့bossပေါ့" ပြုံးပြုံးလေးပြောကာ သူနေရာသူပြန်ထိုင်ပြီး အလုပ်လုပ်နေသည်။ အခုန်မြန်နေသော ရင်ဘက်ကလေးအား ဖိကာ

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Tempat cerita menjadi hidup. Temukan sekarang