Part (24)

6.7K 458 15
                                    

နှင်းစိတ်တိုကာ ဆိုင်ပြင်သို့ထွက်သွားလိုက်သည်။ သူငယ်ချင်းများလည်း နောက်မှလိုက်လာကာ

"နှင်း ခနနေပါအုံးဟ"(သူရ)

"ဘာလဲ"နှင်းအသံနည်းနည်းကျယ်သွားသည်ထင်။ဘေးမှလူများမှအကြည့်များသည်နှင်းတို့ဆီမှာ။

"နင်ခုအိမ်ပြန်မာမလား"(ရတီ)

"အေး အဲ့တာဘာဖြစ်လဲ"(နှင်း)

"ငါတို့နင့်အိမ်လာခဲ့မလို့"(ရတီ) သူတို့မျက်နှာကြည့်ရတာ တစ်ခုခုပြောချင်နေပုံပေါ်သည်မို့ နှင်းလည်း ခေါင်းငြိမ့်ပြလိုက်သည်။

အိမ်ရောက်သော်

"ဟဲ့နင့်အမေရော "သူရမှမေးလိုက်သည်။

"မသိဘူးလေ အပြင်သွားတာနေမှာပေါ့"စိတ်ညစ်နေသည့်ပုံစံဖြင့် ပြောလာသော နှင်း။

"နင်အဲ့မိန်းမကိုမသိဘူးလား"(ရတီ)

"ဘယ်သိမလဲ ငါတောင်ခုမှမြင်ဖူးတဲ့ဟာကို"(နှင်း)

ကျန်တဲ့သူများ‌မှာတော့ ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်နေသည်။ ရတီမှစကားဆက်လေသည်။

"ငါအဲ့တစ်ယောက်ကို မြင်ဖူးတယ်"

"ဟမ် ဘာတုန်းကလဲ"

"ငါလွန်ခဲ့တဲ့တစ်ပတ်လောက်က bossဆီကို fileအတွဲတွေပြဖို့အလာ အဲ့တစ်ယောက်က နင်နဲ့boss နဲ့အခန်းထဲမှာ စကားပြောနေတာကို အံ့ကြိတ်ပြီးကြည့်နေတာ"

"ဘာ ဘယ်လို"

"အေး နင်ကြားတဲ့အတိုင်းပဲ"

"သူက ငါတို့companyကို၀င်ထွက်ခွင့်ရှိလို့လား သူ့ကတစ်ယောက်ယောက်ရဲ့အကူအညီနဲ့ ဒီcompanyထဲ၀င်လာတာပဲဖြစ်ရမယ်"ဟု နှင်းမှကောက်ချက်ချလိုက်သည်။

"အေး ငါလည်းအဲ့လိုပဲထင်တယ်"နွေဦးမှ၀င်ပြောသည်။

"အာ့ဆို နင်တို့ငါ့ကိုသူ့အကြောင်းစုံစမ်းပေးပါလား တောင်းဆိုပါတယ်ဟာ‌ နော်"

"အမလေး ဒေါ်နှင်းပန်းချီမိန်းမရရေး ဒို့အရေးဖြစ်နေပြီဟေ့"ဟု ရတီမှဆိုလာသည်မို့ လေးယောက်သားဟက်ဟက်ပက်ပက်ကို ရယ်ပလိုက်ကြသည်။နှင်း သူတို့လိုသူငယ်ချင်းမျိုးရထားတာ ကံကောင်းခြင်း

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now