Part (30)

7.7K 473 70
                                    

"မေမေ"

"အင်း ပြောလေ သမီးရဲ့"

"ဟိုလေ သမီးကိုလေ"

"အင်း ဘာဖြစ်လဲ"

"အန်တီနဲ့ နောက်တစ်ပတ်ကျရင် လက်ထပ်ပေးပါလားဟင်"

"ဟင် နောက်တစ်ပတ်"ဟုစကား‌ပြန်ကောက်သော သူမအဖေ။

"မမြန်လွန်းဘူးလား သမီးရဲ့" ဟုသူမအမေမှပြောလေသည်။

"နောက်တောင်ကျနေတာ မေမေရဲ့ လုပ်ပါ သမီးကိုသူနဲ့လက်ထပ်ပေးနော် နော်လို့" နှင်းအား မနိုင်ဘူးဟူသည့်ပုံစံဖြင့် ခေါင်းခါလိုက်ကာ

"အင်းပါ မေမေတို့ ရတနာ့မေမေနဲ့ စကားပြောကြည့်ပါ့မယ်"

"တကယ်နော်"

"တကယ်ပေါ့ အဲ့ဒါဆို မေမေတို့မနက်ဖြန်လောက်
ရတနာ့အိမ်သွားမယ်လေ ရှင်လည်းမနက်ဖြန်ရုံးပိတ်တယ်မလား"

"အဲ အင်း အင်း ပိတ်တယ်"ဟု မအီမသာမျက်နှာဖြင့် ဖြေလေသည်။
နှင်းမှာ‌တော့ ထိုညမနက်ဖြန်ဘာ၀တ်သွားရမည်။ ဘယ်လိုအလှပြင်ရမည်ဟုတွေးနေသည်။ အန်တီ့ကိုလည်း ကြိုမပြောထားပေ။ မနက်ဖြန်ကျမှ surpriseလုပ်မည်တဲ့လေ။

နှင်းမနက်ဖြန်အတွက် စိတ်ကူးယဉ်လိုက်သည်မှာ ထိုညတစ်ညလုံးနီးပါးဖြစ်သည်။ မနက်ရောက်ခါနီးမှ အိပ်ပျော်သွားလေသည်။

"သမီးရေ ထတော့လေ"ဟု အမေ့နိုးသံအားကြားလိုက်သော်လည်း နှင်းမှာတော့ မျက်လုံးပင်မဖွင့်။

"သမီး ထတော့လို့ မေမေပြောနေတယ်လေ"ဟုဆိုသော်လည်း နှင်းမှာ လှုပ်တောင်မလှုပ်။

ဒေါ်သန္တာလည်း စိတ်ထဲတစ်မျိုးဖြစ်သွားကာ သူ့သမီးဖြစ်သူ နဖူးအား စမ်းကြည့်လိုက်သည်။

"ဟာ ဖျားနေတာပဲ"ဟုဆိုကာ နှင်း၏‌အဖေအား လှမ်းခေါ်လိုက်ပြီး ဆေးရုံသို့သွားလေသည်။

နှင်းအား စမ်းသပ်ပြီးနောက်
"ဒေါက်တာ ကျွန်မသမီးလေးအခြေအနေ"

"ပြောရမှာတော့ အားနာပေမဲ့ အမသမီးမှာ မွေးရာပါ ရောဂါတွေဘာတွေရှိခဲ့ဖူးလား"

"ရှင် မရှိပါဘူး"

"အာ့ဆိုရင် စိတ်ဖိစီးမှုတွေဘာတွေရှိခဲ့လား"

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now